HomeEntertainmentFilmSci-Fi horror ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း(၇)ကား 

Sci-Fi horror ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း(၇)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်အမျိုးအစားတွေထဲမှာ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေနဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားတွေဟာ လူကြိုက်များတဲ့ ရုပ်ရှင်အမျိုးအစားတွေထဲမှာ ပါဝင်ပါတယ်။ ရုပ်ရှင်ကြည့်မယ်ဆိုတာနဲ့ Sci-Fi ဖြစ်မှ၊ horror မှဆိုတဲ့ ပရိသတ်များအတွက် Sci-Fi နဲ့ horror ကို ရောထားတဲ့ အကောင်းဆုံးဇာတ်ကား(၇)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(7) Under The Skin
photo via screenrant

Under The Skin ဟာ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.3) ရရှိထားပါတယ်။ သရုပ်ဆောင်အနေနဲ့ နာမည်ကျော် မင်းသမီးချော Scarlett Johansson က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ စကော့တလန်နိုင်ငံရဲ့ မြို့လေးတစ်မြို့က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတွေကို ဖြားယောင်းသွေးဆောင်ပြီး သူမရဲ့ထောင်ချောက်ထဲကို ရောက်လာအောင် ပြုစားနေတဲ့ ဇာတ်လမ်းမျိုးပါ။ အဖြစ်အပျက်တစ်ခုချင်းစီကနေ တဖြည်းဖြည်းနဲ့ အဲ့ဒီကောင်မလေးက ဘယ်သူလည်းဆိုတာကို ရိုက်ပြသွားမှာ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး‌ရေးလိုက်ရင် ဇာတ်လမ်းက ကြည့်ရတာ အရသာပျက်သွားမှာ ဆိုးတာကြောင့် ဒီလောက်ပဲ ရေးလိုက်ပါတယ်။

(6) Attack The Block
photo via screenrant

Attack The Block ဟာ ၂၀၁၁ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဂြိုဟ်သားတွေက ကမ္ဘာပေါ်ကို ကျူးကျော်လာတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကို ဆယ်ကျော်သက်အရွယ် တစ်အုပ်စုက ရင်ဆိုင်တဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ box-office ဝင်ငွေမှာ အောင်ပွဲမခံနိုင်ခဲ့ပေမယ့် ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ ဇာတ်ကားဖြစ်လို့ ကြည့်ရတာ တန်မှာပါ။

(5) Annihilation
photo via screenrant

Annihilation ဟာ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ Sci-Fi ဇာတ်ကားတစ်ခုဖြစ်လို့ အတွေးတွေ ဆင့်ပွားရမယ့်ဇာတ်ကားဖြစ်သလို horror ရုပ်ရှင်တစ်ခုလို ထိတ်လန့်ခြောက်ခြားရတဲ့ ခံစားချက်ကို ပေးစွမ်းမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ the Shimmer လို့ခေါ်တဲ့ ဆပ်ပြာပူဖောင်းလို စက်လုံးကြီးတစ်ခုဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာပြီး ကမ္ဘာမြေရဲ့နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်လာတာပါ။ အဲ့ဒီ့အရာကြီးကို လေ့လာဖို့အတွက် ပညာရှင်တွေ၊ သတ္တိ၊ဗျတ္တိနဲ့ ပြည့်စုံတဲ့ တိုက်ခိုက်ရေးသမားတွေက Shimmer ထဲကို ဝင်ပြီး လေ့လာကြပေမယ့် အသက်ရှင်လျက် ပြန်ထွက်လာတာဆိုလို့ လူတစ်ယောက်သာ ရှိပါတယ်။ ဒီလိုနဲ့ ပညာရှင်အမျိုးသမီးတစ်စုက ဒီထဲကိုဝင်ပြီး လေ့လာဖို့ ကြိုးစားတဲ့အခါ သာမန်လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတာတွေကို တွေ့ကြုံလာရပါတော့တယ်။

(4) Colverfield
photo via imdb

ဒီကားကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.0) ရရှိထားပါတယ်။ ဒီကားထဲက ဇာတ်ကောင်တွေဟာ အစမှာတော့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်က အလုပ်ကိစ္စနဲ့ ဂျပန်ကို သွားရမှာကြောင့် နှုတ်ဆက်တဲ့ ပါတီပွဲ ကျင်းပပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ သူတို့နေတဲ့ နယူးယော့ခ်မြို့ကို ကြီးမားတဲ့ အကောင်ကြီးတစ်ကောင်က တိုက်ခိုက်လာတာကို ကြုံလိုက်ရတဲ့အချိန်မှာတော့ ပျော်စရာတွေကနေ ဝမ်းနည်းစရာတွေ ဖြစ်လာခဲ့ပြီး အသက်ရှင်သန်ဖို့အတွက် ကြိုးစားကြရပါတော့တယ်။

(3) The Terminator
photo via imdb

The Terminator ဟာ ၁၉၈၄ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်မှာ စက်ရုပ်တွေကို တော်လှန်တိုက်ခိုက်မယ့် ခေါင်းဆောင်တစ်ယောက်ရဲ့အမေဖြစ်လာမယ့် Sarah Connor ဆိုတဲ့ မိန်းကလေးကို သတ်ဖို့အတွက် ၂၀၂၉ခုနှစ်ကနေ စက်ရုပ်တစ်ရုပ်ကို စေလွှတ်လိုက်ရာက စပါတယ်။ တစ်ချိန်မှာ ကမ္ဘာကို လွှမ်းမိုးသွားမယ့် စက်ရုပ်တွေကို အနိုင်မပေးနိုင်တဲ့ လက်ကျန်လူသားတွေဘက်ကလည်း အဲ့ဒီ့စက်ရုပ်ရဲ့ရန်ကနေ Sarah Connor ကို ကာကွယ်ဖို့ စစ်သားတစ်ယောက်ကို ထပ်မံစေလွှတ်လိုက်တဲ့အခါမှာတော့ လူသားနဲ့ စက်ရုပ်ကြားက တိုက်ပွဲကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(2) The Thing
photo via screenrant

ဒီကားကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ Sci-Fi ၊ horror အရော ရုပ်ရှင်တွေထဲမှာ ဟောင်းပေမယ့် လက်ရာကောင်းတစ်ခုလို့ ပြောနိုင်တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သုတေသနပညာရှင်တွေဟာ အန္တာတိကတိုက်မှာ သုတေသနတွေ ပြုလုပ်နေတဲ့အချိန်မှာ ထူးဆန်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ သူတို့ရှာတွေ့ခဲ့တဲ့ အရာဟာ ဂြိုဟ်သားတစ်ကောင် ဖြစ်နေပြီးတော့ အဲ့ဒီဂြိုဟ်သားဟာ ပုံစံအမျိုးမျိုးပြောင်းလို့ရနေတာကြောင့် သူတို့အဖွဲ့တစ်ဖွဲ့လုံးဟာ ကံဆိုးမိုးမှောင်ကျပါတော့တယ်။

(1) Alien
photo via screenrant

Alien ဇာတ်ကားဟာ ၁၉၇၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဒီကားကတော့ Sci-Fi horror ကြိုက်သူတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ဇာတ်ကားလို့ ညွှန်းချင်ပါတယ်။ ဇာတ်လမ်းမှာ ဝုန်းဒိုင်းဆိုပြီး ကြောက်စရာတွေ လာမှာမဟုတ်ဘဲ ကာရိုက်တာတစ်ခုချင်းစီရဲ့ သဘောသဘာဝကို သေသေချာချာ ပျိုးထားပြီးတော့မှ ကျောတစိမ့်စိမ့်ဖြစ်လာအောင် ရိုက်ပြထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အာကာသယာဉ်ပျံပေါ်က အဖွဲ့သားတွေဟာ ဂြိုဟ်တစ်ခုဆီကနေ အချက်ပြမှုကို လက်ခံရရှိခဲ့တာကြောင့် သွားပြီးစုံစမ်းကြပါတယ်။ ဒီလိုနဲ့ ဂြိုဟ်ပေါ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ဟာ ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သူတို့ယာဉ်ပေါ်ကိုပါ ကျူးကျော်လာတဲ့အခါမှာတော့ ဆက်ဖြစ်လာမယ့်အရာတွေကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရတော့မှာပါ။

ဒါကတော့ သိပ္ပံစိတ်ကူးယဉ်အကြောင်းအရာတွေနဲ့ ထိတ်လန့်စရာ ခံစားချက်တွေကို ကြိုက်နှစ်သက်သူတွေအတွက် Sci-Fi horror ဇာတ်ကားကောင်း(၇)ကား ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြား Sci-Fi horror တွေရှိရင်လည်း မျှဝေပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

႐ုပ္ရွင္အမ်ိဳးအစားေတြထဲမွာ သိပၸံစိတ္ကူးယဥ္ဇာတ္ကားေတြနဲ႔ ထိတ္လန႔္သည္းဖို ဇာတ္ကားေတြဟာ လူႀကိဳက္မ်ားတဲ့ ႐ုပ္ရွင္အမ်ိဳးအစားေတြထဲမွာ ပါဝင္ပါတယ္။ ႐ုပ္ရွင္ၾကည့္မယ္ဆိုတာနဲ႔ Sci-Fi ျဖစ္မွ၊ horror မွဆိုတဲ့ ပရိသတ္မ်ားအတြက္ Sci-Fi နဲ႔ horror ကို ေရာထားတဲ့ အေကာင္းဆုံးဇာတ္ကား(၇)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) Under The Skin
photo via screenrant

Under The Skin ဟာ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.3) ရရွိထားပါတယ္။ သ႐ုပ္ေဆာင္အေနနဲ႔ နာမည္ေက်ာ္ မင္းသမီးေခ်ာ Scarlett Johansson က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ စေကာ့တလန္ႏိုင္ငံရဲ႕ ၿမိဳ႕ေလးတစ္ၿမိဳ႕က ထူးဆန္းတဲ့ မိန္းကေလးတစ္ေယာက္ဟာ ေယာက္်ားေတြကို ျဖားေယာင္းေသြးေဆာင္ၿပီး သူမရဲ႕ေထာင္ေခ်ာက္ထဲကို ေရာက္လာေအာင္ ျပဳစားေနတဲ့ ဇာတ္လမ္းမ်ိဳးပါ။ အျဖစ္အပ်က္တစ္ခုခ်င္းစီကေန တျဖည္းျဖည္းနဲ႔ အဲ့ဒီေကာင္မေလးက ဘယ္သူလည္းဆိုတာကို ႐ိုက္ျပသြားမွာ ျဖစ္ပါတယ္။ ဒီ့ထက္ပိုၿပီး‌ေရးလိုက္ရင္ ဇာတ္လမ္းက ၾကည့္ရတာ အရသာပ်က္သြားမွာ ဆိုးတာေၾကာင့္ ဒီေလာက္ပဲ ေရးလိုက္ပါတယ္။

(6) Attack The Block
photo via screenrant

Attack The Block ဟာ ၂၀၁၁ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၿဂိဳဟ္သားေတြက ကမာၻေပၚကို က်ဴးေက်ာ္လာတဲ့အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ၿဂိဳဟ္သားေတြရဲ႕ က်ဴးေက်ာ္မႈကို ဆယ္ေက်ာ္သက္အ႐ြယ္ တစ္အုပ္စုက ရင္ဆိုင္တဲ့ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ box-office ဝင္ေငြမွာ ေအာင္ပြဲမခံႏိုင္ခဲ့ေပမယ့္ ႐ုပ္ရွင္ေဝဖန္သူေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိထားတဲ့ ဇာတ္ကားျဖစ္လို႔ ၾကည့္ရတာ တန္မွာပါ။

(5) Annihilation
photo via screenrant

Annihilation ဟာ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ Sci-Fi ဇာတ္ကားတစ္ခုျဖစ္လို႔ အေတြးေတြ ဆင့္ပြားရမယ့္ဇာတ္ကားျဖစ္သလို horror ႐ုပ္ရွင္တစ္ခုလို ထိတ္လန႔္ေျခာက္ျခားရတဲ့ ခံစားခ်က္ကို ေပးစြမ္းမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ the Shimmer လို႔ေခၚတဲ့ ဆပ္ျပာပူေဖာင္းလို စက္လုံးႀကီးတစ္ခုဟာ တျဖည္းျဖည္းနဲ႔ ႀကီးမားက်ယ္ျပန႔္လာၿပီး ကမာၻေျမရဲ႕နယ္ေျမေတြကို က်ဴးေက်ာ္သိမ္းပိုက္လာတာပါ။ အဲ့ဒီ့အရာႀကီးကို ေလ့လာဖို႔အတြက္ ပညာရွင္ေတြ၊ သတၱိ၊ဗ်တၱိနဲ႔ ျပည့္စုံတဲ့ တိုက္ခိုက္ေရးသမားေတြက Shimmer ထဲကို ဝင္ၿပီး ေလ့လာၾကေပမယ့္ အသက္ရွင္လ်က္ ျပန္ထြက္လာတာဆိုလို႔ လူတစ္ေယာက္သာ ရွိပါတယ္။ ဒီလိုနဲ႔ ပညာရွင္အမ်ိဳးသမီးတစ္စုက ဒီထဲကိုဝင္ၿပီး ေလ့လာဖို႔ ႀကိဳးစားတဲ့အခါ သာမန္လူတစ္ေယာက္ရဲ႕ဘဝမွာ တစ္ခါမွ မျမင္ဖူးတာေတြကို ေတြ႕ႀကဳံလာရပါေတာ့တယ္။

(4) Cloverfield
photo via imdb

ဒီကားကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.0) ရရွိထားပါတယ္။ ဒီကားထဲက ဇာတ္ေကာင္ေတြဟာ အစမွာေတာ့ သူတို႔ရဲ႕သူငယ္ခ်င္းတစ္ေယာက္က အလုပ္ကိစၥနဲ႔ ဂ်ပန္ကို သြားရမွာေၾကာင့္ ႏႈတ္ဆက္တဲ့ ပါတီပြဲ က်င္းပၿပီး ေပ်ာ္႐ႊင္ေနၾကပါတယ္။ ဒါေပမယ့္ မထင္မွတ္ဘဲ သူတို႔ေနတဲ့ နယူးေယာ့ခ္ၿမိဳ႕ကို ႀကီးမားတဲ့ အေကာင္ႀကီးတစ္ေကာင္က တိုက္ခိုက္လာတာကို ႀကဳံလိုက္ရတဲ့အခ်ိန္မွာေတာ့ ေပ်ာ္စရာေတြကေန ဝမ္းနည္းစရာေတြ ျဖစ္လာခဲ့ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႀကိဳးစားၾကရပါေတာ့တယ္။

(3) The Terminator
photo via imdb

The Terminator ဟာ ၁၉၈၄ခုႏွစ္မွာ ထြက္ရွိထားတာျဖစ္ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္မွာ စက္႐ုပ္ေတြကို ေတာ္လွန္တိုက္ခိုက္မယ့္ ေခါင္းေဆာင္တစ္ေယာက္ရဲ႕အေမျဖစ္လာမယ့္ Sarah Connor ဆိုတဲ့ မိန္းကေလးကို သတ္ဖို႔အတြက္ ၂၀၂၉ခုႏွစ္ကေန စက္႐ုပ္တစ္႐ုပ္ကို ေစလႊတ္လိုက္ရာက စပါတယ္။ တစ္ခ်ိန္မွာ ကမာၻကို လႊမ္းမိုးသြားမယ့္ စက္႐ုပ္ေတြကို အႏိုင္မေပးႏိုင္တဲ့ လက္က်န္လူသားေတြဘက္ကလည္း အဲ့ဒီ့စက္႐ုပ္ရဲ႕ရန္ကေန Sarah Connor ကို ကာကြယ္ဖို႔ စစ္သားတစ္ေယာက္ကို ထပ္မံေစလႊတ္လိုက္တဲ့အခါမွာေတာ့ လူသားနဲ႔ စက္႐ုပ္ၾကားက တိုက္ပြဲကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(2) The Thing
photo via screenrant

ဒီကားကေတာ့ ၁၉၈၂ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ Sci-Fi ၊ horror အေရာ ႐ုပ္ရွင္ေတြထဲမွာ ေဟာင္းေပမယ့္ လက္ရာေကာင္းတစ္ခုလို႔ ေျပာႏိုင္တဲ့ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ သုေတသနပညာရွင္ေတြဟာ အႏၲာတိကတိုက္မွာ သုေတသနေတြ ျပဳလုပ္ေနတဲ့အခ်ိန္မွာ ထူးဆန္းတဲ့ အရာတစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။ သူတို႔ရွာေတြ႕ခဲ့တဲ့ အရာဟာ ၿဂိဳဟ္သားတစ္ေကာင္ ျဖစ္ေနၿပီးေတာ့ အဲ့ဒီၿဂိဳဟ္သားဟာ ပုံစံအမ်ိဳးမ်ိဳးေျပာင္းလို႔ရေနတာေၾကာင့္ သူတို႔အဖြဲ႕တစ္ဖြဲ႕လုံးဟာ ကံဆိုးမိုးေမွာင္က်ပါေတာ့တယ္။

(1) Alien
photo via screenrant

Alien ဇာတ္ကားဟာ ၁၉၇၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဒီကားကေတာ့ Sci-Fi horror ႀကိဳက္သူတိုင္း မျဖစ္မေန ၾကည့္သင့္တဲ့ဇာတ္ကားလို႔ ၫႊန္းခ်င္ပါတယ္။ ဇာတ္လမ္းမွာ ဝုန္းဒိုင္းဆိုၿပီး ေၾကာက္စရာေတြ လာမွာမဟုတ္ဘဲ ကာ႐ိုက္တာတစ္ခုခ်င္းစီရဲ႕ သေဘာသဘာဝကို ေသေသခ်ာခ်ာ ပ်ိဳးထားၿပီးေတာ့မွ ေက်ာတစိမ့္စိမ့္ျဖစ္လာေအာင္ ႐ိုက္ျပထားတဲ့ဇာတ္ကား ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ အာကာသယာဥ္ပ်ံေပၚက အဖြဲ႕သားေတြဟာ ၿဂိဳဟ္တစ္ခုဆီကေန အခ်က္ျပမႈကို လက္ခံရရွိခဲ့တာေၾကာင့္ သြားၿပီးစုံစမ္းၾကပါတယ္။ ဒီလိုနဲ႔ ၿဂိဳဟ္ေပၚကိုေရာက္တဲ့အခ်ိန္မွာေတာ့ သူတို႔ဟာ ၿဂိဳဟ္သားေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရၿပီး သူတို႔ယာဥ္ေပၚကိုပါ က်ဴးေက်ာ္လာတဲ့အခါမွာေတာ့ ဆက္ျဖစ္လာမယ့္အရာေတြကို စိတ္လႈပ္ရွားစြာ ၾကည့္ရႈရေတာ့မွာပါ။

ဒါကေတာ့ သိပၸံစိတ္ကူးယဥ္အေၾကာင္းအရာေတြနဲ႔ ထိတ္လန႔္စရာ ခံစားခ်က္ေတြကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ Sci-Fi horror ဇာတ္ကားေကာင္း(၇)ကား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခား Sci-Fi horror ေတြရွိရင္လည္း မွ်ေဝေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular