HomeCelebs Update NewsInternationalအသက်(၈၂)နှစ်မှာ ကွယ်လွန်သွားတဲ့ Scooby-Doo ရဲ့တွဲဖက်ဖန်တီးသူ Ken Spears

အသက်(၈၂)နှစ်မှာ ကွယ်လွန်သွားတဲ့ Scooby-Doo ရဲ့တွဲဖက်ဖန်တီးသူ Ken Spears

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူအများစု ကြိုက်နှစ်သက်ကြတဲ့ Scooby-Doo animated series ရဲ့ တွဲဖက်ဖန်တီးသူ Ken Spears ဟာ အသက် (၈၂)နှစ်အရွယ်မှာ သူငယ်ပြန်ရောဂါနဲ့ သက်ကြီးရောဂါတို့ကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

Ken ရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး သားဖြစ်သူ Kevin က Variety သတင်းဌာနကို အခုလို ပြောပြထားပါတယ်။ “Ken ရဲ့ တီထွင်ဖန်တီးမှုတွေ၊ သူ့ရဲ့ ဇာတ်လမ်းဖန်တီးမှုတေွ၊ မိသားစုအပေါ်မှာ သစ္စာရှိမှုတွေနဲ့ အလုပ်ကြိုးစားမှုတွေနဲ့အတူ သူ့ကိုအမြဲတမ်း သတိရနေမှာပါ …”

photo via screenrant

“Ken ဟာ သူ့မိသားစုအတွက် လေးစားစရာ လူတစ်ယောက် ဖြစ်ခဲ့ရုံတင် မဟုတ်ဘဲ Scooby-Doo ရဲ့ တွဲဖက်ဖန်တီးသူ တစ်ယောက်အနေနဲ့လည်း လူတွေအများကြီးကို ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့နိုင်ပါတယ်။ Ken ဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့အတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့တွေရဲ့ နှလုံးသားတွေထဲမှာ ဆက်လက်ရှင်သွားမှာပါ … ” လို့လည်း သားဖြစ်သူက ပြောထားပါတယ်။

နာမည်အပြည့်အစုံကတော့ Charles Kenneth Spears ဖြစ်ပြီး ၁၉၃၈ခုနှစ် မတ်လ (၁၂)ရက်နေ့ Los Angeles မြို့မှာ မွေးဖွားခဲ့ပါတယ်။ မူလက Ken ဟာ Hanna-Barbara ထုတ်လုပ်ရေးမှာ sound editor အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းကို စတင်ခဲ့ပါတယ်။ ၁၉၅၉ခုနှစ်မှာတော့ မိတ်ဆွေဖြစ်သူ Joe Ruby နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက် ပူးပေါင်းကာ Scooby-Doo Where Are You? ၊ Dynomutt ၊ Dog Wonder နဲ့ Jabberjaw တို့လို animated movie တွေကို ပူးပေါင်း ဖန်တီးခဲ့ကြပါတယ်။

Photo via IMDb

ဒါ့အပြင် သူတို့နှစ်ယောက်ဟာ animated movie တွေနဲ့ Live Action စီးရီးများစွာရဲ့ ဇာတ်လမ်းတွေကို နှစ်ပေါင်းများစွာ ဖန်တီးခဲ့ကြပါတယ်။ Ken နဲ့ Ruby တို့ မိတ်ဆွေနှစ်ဦးဟာ CBS ရုပ်သံလိုင်းမှာလည်း နှစ်ပေါင်းအတော်ကြာအောင် ဇာတ်လမ်းတွေ ဖန်တီးခဲ့ကြပါသေးတယ်။ အဲ့ဒီရုပ်သံလိုင်းမှာ အလုပ်လုပ်ပြီးနောက်မှာတော့ သူတို့ရဲ့ကိုယ်ပိုင်စတူဒီယိုဖြစ်တဲ့ Ruby-Spears Production ကို တည်ထောင်နိုင်ခဲ့ပါတယ်။ Scooby-Doo ဟာ ၁၉၆၉ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလာခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ Scooby-Doo ရဲ့ ဖန်တီးသူတွေဖြစ်တဲ့ Ken နဲ့ Ruby တို့ နှစ်ယောက်စလုံးဟာ ကွယ်လွန်သွားခဲ့ပြီဆိုတာပါပဲ။ Ken Spears ကတော့ အသက် (၈၂)နှစ်အရွယ်မှာ ကွယ်လွန်သွားတာ ဖြစ်ပြီးတော့ Ruby ကလည်း ယခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့မှာ အသက်(၈၇)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

လူအမ်ားစု ႀကိဳက္ႏွစ္သက္ၾကတဲ့ Scooby-Doo animated series ရဲ႕ တြဲဖက္ဖန္တီးသူ Ken Spears ဟာ အသက္ (၈၂)ႏွစ္အ႐ြယ္မွာ သူငယ္ျပန္ေရာဂါနဲ႔ သက္ႀကီးေရာဂါတို႔ေၾကာင့္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

Ken ရဲ႕ ကြယ္လြန္မႈနဲ႔ ပတ္သက္ၿပီး သားျဖစ္သူ Kevin က Variety သတင္းဌာနကို အခုလို ေျပာျပထားပါတယ္။ “Ken ရဲ႕ တီထြင္ဖန္တီးမႈေတြ၊ သူ႔ရဲ႕ ဇာတ္လမ္းဖန္တီးမႈေတြ၊ မိသားစုအေပၚမွာ သစၥာရွိမႈေတြနဲ႔ အလုပ္ႀကိဳးစားမႈေတြနဲ႔အတူ သူ႔ကိုအၿမဲတမ္း သတိရေနမွာပါ …”

photo via screenrant

“Ken ဟာ သူ႔မိသားစုအတြက္ ေလးစားစရာ လူတစ္ေယာက္ ျဖစ္ခဲ့႐ုံတင္ မဟုတ္ဘဲ Scooby-Doo ရဲ႕ တြဲဖက္ဖန္တီးသူ တစ္ေယာက္အေနနဲ႔လည္း လူေတြအမ်ားႀကီးကို ေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးခဲ့ႏိုင္ပါတယ္။ Ken ဟာ သူ႔ရဲ႕ဘဝတစ္ေလွ်ာက္လုံးမွာ ကြၽန္ေတာ္တို႔အတြက္ စံျပပုဂၢိဳလ္ျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ေတြရဲ႕ ႏွလုံးသားေတြထဲမွာ ဆက္လက္ရွင္သြားမွာပါ … ” လို႔လည္း သားျဖစ္သူက ေျပာထားပါတယ္။

နာမည္အျပည့္အစုံကေတာ့ Charles Kenneth Spears ျဖစ္ၿပီး ၁၉၃၈ခုႏွစ္ မတ္လ (၁၂)ရက္ေန႔ Los Angeles ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ မူလက Ken ဟာ Hanna-Barbara ထုတ္လုပ္ေရးမွာ sound editor အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းကို စတင္ခဲ့ပါတယ္။ ၁၉၅၉ခုႏွစ္မွာေတာ့ မိတ္ေဆြျဖစ္သူ Joe Ruby နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ ပူးေပါင္းကာ Scooby-Doo Where Are You? ၊ Dynomutt ၊ Dog Wonder နဲ႔ Jabberjaw တို႔လို animated movie ေတြကို ပူးေပါင္း ဖန္တီးခဲ့ၾကပါတယ္။

Photo via IMDb

ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ animated movie ေတြနဲ႔ Live Action စီးရီးမ်ားစြာရဲ႕ ဇာတ္လမ္းေတြကို ႏွစ္ေပါင္းမ်ားစြာ ဖန္တီးခဲ့ၾကပါတယ္။ Ken နဲ႔ Ruby တို႔ မိတ္ေဆြႏွစ္ဦးဟာ CBS ႐ုပ္သံလိုင္းမွာလည္း ႏွစ္ေပါင္းအေတာ္ၾကာေအာင္ ဇာတ္လမ္းေတြ ဖန္တီးခဲ့ၾကပါေသးတယ္။ အဲ့ဒီ႐ုပ္သံလိုင္းမွာ အလုပ္လုပ္ၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕ကိုယ္ပိုင္စတူဒီယိုျဖစ္တဲ့ Ruby-Spears Production ကို တည္ေထာင္ႏိုင္ခဲ့ပါတယ္။ Scooby-Doo ဟာ ၁၉၆၉ ခုႏွစ္မွာ စတင္ထုတ္လႊင့္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ကမာၻတစ္ဝွမ္းမွာ ေက်ာ္ၾကားလာခဲ့ပါတယ္။

စိတ္မေကာင္းစရာကေတာ့ Scooby-Doo ရဲ႕ ဖန္တီးသူေတြျဖစ္တဲ့ Ken နဲ႔ Ruby တို႔ ႏွစ္ေယာက္စလုံးဟာ ကြယ္လြန္သြားခဲ့ၿပီဆိုတာပါပဲ။ Ken Spears ကေတာ့ အသက္ (၈၂)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားတာ ျဖစ္ၿပီးေတာ့ Ruby ကလည္း ယခုႏွစ္ ဩဂုတ္လ (၂၆)ရက္ေန႔မွာ အသက္(၈၇)ႏွစ္အ႐ြယ္နဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular