HomeCelebs Update NewsInternationalTaylor Swift နဲ႔ မူပိုင္ခြင့္ျပႆနာျဖစ္အၿပီး စိတ္အေျခအေနကို ေဖာ္ျပလိုက္တဲ့ Scooter Braun

Taylor Swift နဲ႔ မူပိုင္ခြင့္ျပႆနာျဖစ္အၿပီး စိတ္အေျခအေနကို ေဖာ္ျပလိုက္တဲ့ Scooter Braun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Taylor Swift ရဲ႕ သီခ်င္းမူပိုင္ခြင့္ေတြကို ၀ယ္ယူၿပီးေနာက္ Taylor ရဲ႕ ပရိသတ္ေတြနဲ႔ ေဘးက ရပ္တည္ေပးၾကတဲ့ အဆိုေတာ္ေတြေၾကာင့္ ၾကမ္းတမ္းခက္ထန္တဲ့ ရက္သတၱပတ္ကို ျဖတ္သန္းအၿပီးမွာေတာ့ ပထမဆုံးအႀကိမ္အျဖစ္ Scooter Braun က သူ႔ရဲ႕စိတ္အေျခအေနကို ေဖာ္ျပလိုက္ပါတယ္။

Music Manager Scooter Braun က Big Machine Records ကို ဇြန္လ (၃၀)ရက္ေန႔က ေဒၚလာသန္း(၃၀၀)နဲ႔ ၀ယ္ယူၿပီးခ်ိန္ကစလို႔ Taylor ရဲ႕ ပရိသတ္ေတြ၊ မိတ္ဖက္အဆိုေတာ္ေတြရဲ႕  ျပစ္တင္ေ၀ဖန္တဲ့ စကားသံေတြကို ၾကားခဲ့ၾကရတာ တစ္ပတ္တင္းတင္း ျပည့္ခဲ့ပါၿပီ။ Taylor က Tumblr မွာ သူမရဲ႕ခံစားခ်က္ေတြ၊ ျဖစ္ရပ္ေတြကို လူထုကို ဖြင့္ခ်လိုက္ၿပီးကတည္းက ပရိသတ္ေတြဆီက ေ၀ဖန္စကားသံေတြ ဆူဆူညံညံ ၾကားခဲ့ၾကရသလို အဆိုေတာ္ေတြအေနနဲ႔လည္း ဟိုဘက္ဒီဘက္ ဘက္ကြဲတာေတြ ျဖစ္ခဲ့ၾကပါတယ္။ သို႔ေပမယ့္လည္း ဒါေတြအားလုံးနဲ႔ ပတ္သက္လို႔ ကာယကံရွင္ Scooter Braun ဟာ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုတာမ်ိဳးေတာ့ လုံး၀မလုပ္ခဲ့ေသးပါဘူး။

https://www.instagram.com/p/By3C5Irjvw0/

ဒီလိုနဲ႔ ဇူလိုင္လ(၄)ရက္ေန႔မွာ က်ေရာက္တဲ့ အေမရိကန္ႏိုင္ငံရဲ႕ လြတ္လပ္ေရးေန႔မွာေတာ့ သူ႔ရဲ႕ client တစ္ေယာက္ျဖစ္တဲ့ Ariana Grande အတြက္ ၀မ္းသာဂုဏ္ယူေၾကာင္းေျပာထားတဲ့ ပို႔စ္တစ္ခုကို Instagram မွာ တင္လိုက္ရင္း လက္ရိွ သူ႔ရဲ႕စိတ္အေျခအေနကို ပထမဆုံးအႀကိမ္ ေဖာ္ျပလိုက္ပါတယ္။ Ariana Grande ရဲ႕ “Thank You, Next” အယ္လ္ဘမ္က 2019 ခုႏွစ္ရဲ႕ RIAA ဆုရ ထိပ္ဆုံးအယ္လ္ဘမ္ ျဖစ္ေနတဲ့အေပၚ ဂုဏ္ယူေၾကာင္း ေျပာထားတဲ့ပို႔စ္ေအာက္မွာေတာ့ Taylor ရဲ႕ ပရိသတ္ေတြက ၀ိုင္းၿပီးဆြမ္းႀကီးေလာင္းထားၾကပါတယ္။

https://www.instagram.com/p/Bzf2hCLHfqN/

“ခင္ဗ်ားႀကီး အခ်ိန္ၾကာၾကာ ဒီလိုေနႏိုင္မွာ မဟုတ္ပါဘူး” …. “Scooter Braun, Go to hell, bye” … စတဲ့ ေ၀ဖန္ျပစ္တင္သံေတြဟာ comment မွာ ပုံေနပါတယ္။ comment တစ္ခုမွာေတာ့ “F**K YOU” လို႔ ဆဲေရးထားတဲ့ လူတစ္ေယာက္ကို Scotter က “Bless You” ဆိုၿပီး reply ျပန္ထားတာကို ေတြ႕ရပါတယ္။

Photo: hollywoodlife

“troll ေတြကို လ်စ္လ်ဴရႈထားလိုက္ပါ။ ခင္ဗ်ားကို ခ်စ္ခင္ေနေသးတဲ့လူေတြ ရိွတယ္ဆိုတာလည္း သတိရလိုက္ပါ” ဆိုၿပီး Scooter ကို အားေပးတဲ့ ပရိသတ္တစ္ေယာက္က ေရးထားရာမွာေတာ့ “I’m good, Thanks” ဆိုၿပီး reply ျပန္ထားတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ပို႔စ္ေတြေအာက္မွာ Taylor ရဲ႕ ပရိသတ္ေတြက ေဒါသတႀကီး ျပစ္တင္ေ၀ဖန္တာေတြ ခံေနရၿပီး ဂီတေလာကထဲမွာလည္း အခ်ိဳ႕ေသာ အဆိုေတာ္ေတြရဲ႕ ေ၀ဖန္မႈေတြကို ခံေနရေပမယ့္ Scooter ရဲ႕ပုံစံကေတာ့ တစ္စုံတစ္ရာ တုန္လႈပ္ထိတ္လန္႔ေနပုံ မရိွဘဲ စိတ္ေအးလက္ေအးနဲ႔ ေနၿမဲအတိုင္း ေနေနတယ္လို႔ ယူဆရပါတယ္။

https://www.instagram.com/p/BzMIq5fHN3M/

Scooter Braun ဟာ ဂီတေလာကက နာမည္ႀကီး ဂီတမန္ေနဂ်ာ တစ္ျဖစ္လည္း talent manager တစ္ေယာက္ျဖစ္ၿပီး အဆိုေတာ္ေပါင္းမ်ားစြာကို နာမည္ႀကီးေအာင္ျမင္လာေအာင္ ကူညီေပးေနသူတစ္ေယာက္ ျဖစ္ပါတယ္။ Justin Bieber ရဲ႕ မန္ေနဂ်ာအျဖစ္ ကာလၾကာရွည္စြာ လုပ္ကိုင္ေနသူျဖစ္ၿပီး Arian Grande ၊ Demi Lovato ၊ Kanye West တို႔အျပင္ The Black Eyed Peas ၊ Carly Rae Jepsen စတဲ့ အဆိုေတာ္ေတြရဲ႕ မန္ေနဂ်ာအျဖစ္လည္း လုပ္ကိုင္ခဲ့ဖူးပါတယ္။ လက္ရိွအခ်ိန္အထိ သူ႔ရဲ႕ၾကြယ္၀ခ်မ္းသာမႈဟာ အေမရိကန္ေဒၚလာ သန္း(၄၀၀)မွာ ရိွေနၿပီး Taylor ရဲ႕ Music Catalog ကို ၀ယ္ယူသြားတဲ့အတြက္ ေရွ႕ေလွ်ာက္မွာ ဒီထက္ပိုမ်ားလာဖို႔ပဲ ရိွေနတယ္လို႔ Business Insider က ေဖာ္ျပထားပါတယ္။

Xei

Ref: hollywoodlife, insider

(Unicode Version)

Taylor Swift ရဲ့ သီချင်းမူပိုင်ခွင့်တွေကို ဝယ်ယူပြီးနောက် Taylor ရဲ့ ပရိသတ်တွေနဲ့ ဘေးက ရပ်တည်ပေးကြတဲ့ အဆိုတော်တွေကြောင့် ကြမ်းတမ်းခက်ထန်တဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းအပြီးမှာတော့ ပထမဆုံးအကြိမ်အဖြစ် Scooter Braun က သူ့ရဲ့စိတ်အခြေအနေကို ဖော်ပြလိုက်ပါတယ်။

Music Manager Scooter Braun က Big Machine Records ကို ဇွန်လ (၃၀)ရက်နေ့က ဒေါ်လာသန်း(၃၀၀)နဲ့ ဝယ်ယူပြီးချိန်ကစလို့ Taylor ရဲ့ ပရိသတ်တွေ၊ မိတ်ဖက်အဆိုတော်တွေရဲ့  ပြစ်တင်ဝေဖန်တဲ့ စကားသံတွေကို ကြားခဲ့ကြရတာ တစ်ပတ်တင်းတင်း ပြည့်ခဲ့ပါပြီ။ Taylor က Tumblr မှာ သူမရဲ့ခံစားချက်တွေ၊ ဖြစ်ရပ်တွေကို လူထုကို ဖွင့်ချလိုက်ပြီးကတည်းက ပရိသတ်တွေဆီက ဝေဖန်စကားသံတွေ ဆူဆူညံညံ ကြားခဲ့ကြရသလို အဆိုတော်တွေအနေနဲ့လည်း ဟိုဘက်ဒီဘက် ဘက်ကွဲတာတွေ ဖြစ်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ဒါတွေအားလုံးနဲ့ ပတ်သက်လို့ ကာယကံရှင် Scooter Braun ဟာ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမျိုးတော့ လုံးဝမလုပ်ခဲ့သေးပါဘူး။

https://www.instagram.com/p/By3C5Irjvw0/

ဒီလိုနဲ့ ဇူလိုင်လ(၄)ရက်နေ့မှာ ကျရောက်တဲ့ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာတော့ သူ့ရဲ့ client တစ်ယောက်ဖြစ်တဲ့ Ariana Grande အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောထားတဲ့ ပို့စ်တစ်ခုကို Instagram မှာ တင်လိုက်ရင်း လက်ရှိ သူ့ရဲ့စိတ်အခြေအနေကို ပထမဆုံးအကြိမ် ဖော်ပြလိုက်ပါတယ်။ Ariana Grande ရဲ့ “Thank You, Next” အယ်လ်ဘမ်က 2019 ခုနှစ်ရဲ့ RIAA ဆုရ ထိပ်ဆုံးအယ်လ်ဘမ် ဖြစ်နေတဲ့အပေါ် ဂုဏ်ယူကြောင်း ပြောထားတဲ့ပို့စ်အောက်မှာတော့ Taylor ရဲ့ ပရိသတ်တွေက ဝိုင်းပြီးဆွမ်းကြီးလောင်းထားကြပါတယ်။

https://www.instagram.com/p/Bzf2hCLHfqN/

“ခင်ဗျားကြီး အချိန်ကြာကြာ ဒီလိုနေနိုင်မှာ မဟုတ်ပါဘူး” …. “Scooter Braun, Go to hell, bye” … စတဲ့ ဝေဖန်ပြစ်တင်သံတွေဟာ comment မှာ ပုံနေပါတယ်။ comment တစ်ခုမှာတော့ “F**K YOU” လို့ ဆဲရေးထားတဲ့ လူတစ်ယောက်ကို Scotter က “Bless You” ဆိုပြီး reply ပြန်ထားတာကို တွေ့ရပါတယ်။

Photo: hollywoodlife

“troll တွေကို လျစ်လျူရှုထားလိုက်ပါ။ ခင်ဗျားကို ချစ်ခင်နေသေးတဲ့လူတွေ ရှိတယ်ဆိုတာလည်း သတိရလိုက်ပါ” ဆိုပြီး Scooter ကို အားပေးတဲ့ ပရိသတ်တစ်ယောက်က ရေးထားရာမှာတော့ “I’m good, Thanks” ဆိုပြီး reply ပြန်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ပို့စ်တွေအောက်မှာ Taylor ရဲ့ ပရိသတ်တွေက ဒေါသတကြီး ပြစ်တင်ဝေဖန်တာတွေ ခံနေရပြီး ဂီတလောကထဲမှာလည်း အချို့သော အဆိုတော်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပေမယ့် Scooter ရဲ့ပုံစံကတော့ တစ်စုံတစ်ရာ တုန်လှုပ်ထိတ်လန့်နေပုံ မရှိဘဲ စိတ်အေးလက်အေးနဲ့ နေမြဲအတိုင်း နေနေတယ်လို့ ယူဆရပါတယ်။

https://www.instagram.com/p/BzMIq5fHN3M/

Scooter Braun ဟာ ဂီတလောကက နာမည်ကြီး ဂီတမန်နေဂျာ တစ်ဖြစ်လည်း talent manager တစ်ယောက်ဖြစ်ပြီး အဆိုတော်ပေါင်းများစွာကို နာမည်ကြီးအောင်မြင်လာအောင် ကူညီပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ Justin Bieber ရဲ့ မန်နေဂျာအဖြစ် ကာလကြာရှည်စွာ လုပ်ကိုင်နေသူဖြစ်ပြီး Arian Grande ၊ Demi Lovato ၊ Kanye West တို့အပြင် The Black Eyed Peas ၊ Carly Rae Jepsen စတဲ့ အဆိုတော်တွေရဲ့ မန်နေဂျာအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်အထိ သူ့ရဲ့ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ သန်း(၄၀၀)မှာ ရှိနေပြီး Taylor ရဲ့ Music Catalog ကို ဝယ်ယူသွားတဲ့အတွက် ရှေ့လျှောက်မှာ ဒီထက်ပိုများလာဖို့ပဲ ရှိနေတယ်လို့ Business Insider က ဖော်ပြထားပါတယ်။

Xei

Ref: hollywoodlife, insider

 

RELATED ARTICLES

Most Popular