HomeEntertainmentFilmScream 6 ထွေလာထဲက Horror Movie Easter Egg များ

Scream 6 ထွေလာထဲက Horror Movie Easter Egg များ

Scream 6 ရဲ့ ပထမဆုံး ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Melissa Barrera ၊ Jenna Ortega ၊ Mason Gooding နဲ့ Jasmin Savoy Brown တို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ သူတို့တွေဟာ ရထားပေါ်မှာ ရောက်နေပြီး အဲဒီရထားပေါ်မှာတော့ ဟောလိုးဝင်းဝတ်စုံတွေ ဝတ်ထားတဲ့ လူတွေနဲ့ ပြည့်နှက်နေကာ Ghostface အသစ်ကလည်း အဲဒီလူတွေကြားမှာ ပါဝင်နေပါတယ်။ ဒီတစ်ခါမှာတော့ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Horror Movie Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

Ready or Not (2019)

photo via screenrant

ထွေလာစပြီး စက္ကန့်(၂၀) လောက်အကြာမှာတော့ ဂါဝန်အဖြူနဲ့ အမျိူးသမီးတစ်ယောက်ဟာ လှေကားပေါ်က ဆင်းလာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဝတ်စုံကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Ready or Not ရုပ်ရှင်ထဲက Grace ရဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Ready or Not ရုပ်ရှင်ထဲက Grace နေရာမှာ သရုပ်ဆောင်ထားတဲ့ Samara Weaving ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

Trick ‘r Treat (2007)

photo via screenrant

(၂၃)စက္ကန့်အရောက်မှာတော့ လူတစ်ယောက်ဟာ ဇွန်ဘီခေါင်းစွပ်ကို ဝတ်ဆင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒီပုံစံကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Trick ‘r Treat ထဲက Michael Dougherty ဝတ်ဆင်ထားတဲ့ပုံနဲ့ အတော်လေး ဆင်တူနေပါတယ်။

Creep (2014)

photo via screenrant

ဇွန်ဘီခေါင်းစွပ်ကို ဝတ်ဆင်ထားတဲ့ လူကို ရိုက်ပြအပြီးတော့ သမန်းဝံပုလွေခေါင်းစွပ်ကို ဝတ်ဆင်ထားတဲ့သူကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ ဒီခေါင်းစွပ်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Creep ရုပ်ရှင်ထဲက Joseph ဝတ်ဆင်ခဲ့တဲ့ ခေါင်းစွပ်နဲ့ အရောင်ချင်းရော ပုံစံချင်းပါ ဆင်တူနေပါတယ်။ Scream ရုပ်ရှင်ဟာ အမြဲလိုလို အခြား Horror ရုပ်ရှင်တွေကို Reference ပြုလုပ်လေ့ ရှိပြီး ယခုအချိန်ထိ အစဉ်အလာကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

The Babadook (2014)

photo via screenrant

ဒီထွေလာရဲ့ (၂၅)စက္ကန့်လောက်မှာတော့ အဓိကဇာတ်ကောင်တွေကို မြင်တွေ့ခဲ့ရပြီး သူတို့ရဲ့နောက်မှာတော့ The Babadook ရုပ်ရှင်ထဲက ဗီလိန်ရဲ့ပုံစံအတိုင်း ဝတ်စားထားတဲ့ လူတစ်ယောက်ကို မြင်တွေ့ခဲ့ရပါတယ်။ ယခုနှစ်အစမှာ ထွက်ရှိခဲ့တဲ့ Scream ရုပ်ရှင်ထဲမှာလည်း Jenna Ortega ရဲ့ ဇာတ်ကောင် Tara Carpenter က The Babadook က သူမရဲ့အကြိုက်ဆုံး Horror ရုပ်ရှင်ပါလို့ ပြောခဲ့ပါသေးတယ်။

Hellraiser နဲ့ Friday The 13th

photo via screenrant

Ghostface ကို စတင်မြင်ရတဲ့ အချိန်မှာတော့ အဲဒီဇာတ်ဝင်ခန်းထဲမှာ Horror Legend တွေ ဖြစ်တဲ့ Hellraiser ဇာတ်လမ်းထဲက Pinhead နဲ့ Friday The 13th ထဲက Jason တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အပေါ်မှာဖော်ပြခဲ့တဲ့ အခြားဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုလည်း Ghostface ရဲ့ ပတ်ပတ်လည်မှာ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

The Ring, The Grudge

photo via screenrant

(၃၄)စက္ကန့်လောက် အရောက်မှာတော့ Ghostface ရဲ့ အနောက်မှာ ဂျပန်ဒဏ္ဍာရီထဲက သရဲပုံစံမျိူး မြင်တွေ့ခဲ့ရပါတယ်။ များသောအားဖြင့်တော့ ဆံပင်အရှည်နဲ့ သရဲမပုံစံမျိူး ပုံဖော်လေ့ရှိပြီး The Ring ဇာတ်လမ်းထဲက Sadako ပုံစံမျိူး ဖြစ်ပါတယ်။ ဒါတွေကတော့ အသစ်ထွက်လာတဲ့ Scream 6 ရဲ့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Horror Movie Reference တွေနဲ့ Easter Egg တွေပဲ ဖြစ်ပါတယ်။ Scream 6 ကိုတော့ ၂၀၂၃ ခုနှစ် မတ်လ (၁၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular