HomeCelebs Update NewsInternationalဒေါ်လာ(၁)သန်းခွဲကျော်နဲ့ လေလံတင်သွားမယ့် မင်းသားကြီး Sean Connery ရဲ့ James Bond ကား

ဒေါ်လာ(၁)သန်းခွဲကျော်နဲ့ လေလံတင်သွားမယ့် မင်းသားကြီး Sean Connery ရဲ့ James Bond ကား

James Bond နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Sean Connery ရဲ့ ကိုယ်ပိုင် James Bond ကားကိုတော့ ဒေါ်လာ(၁)သန်းခွဲကျော်နဲ့ မကြာခင်မှာ လေလံတင်သွားမယ်လို့ သိရပါတယ်။ မင်းသားကြီး Sean Connery ကတော့ ၁၉၆၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dr. No ရုပ်ရှင်ထဲမှာ James Bond အနေနဲ့ စတင်ပါဝင်ခဲ့ပြီး နောက်ထပ် James Bond ရုပ်ရှင်ငါးကားမှာ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ စိတ်မကောင်းစရာ ကတော့ မင်းသားကြီးဟာ အသက်(၉၀)နှစ်အရွယ် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

photo via broadarrow_auctions/instagram

ရုပ်ရှင်သမိုင်းတလျှောက်မှာတော့ James Bond ရုပ်ရှင်ကားပေါင်း (၂)ဒါဇင်ကျော် ထွက်ရှိခဲ့ပြီး James Bond နေရာမှာတော့ သရုပ်ဆောင် (၇)ယောက်က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ James Bond အဖြစ် နောက်ဆုံးသရုပ်ဆောင်ထားသူကတော့ Daniel Craig ပဲ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ No Time To Die ကတော့ သူ့ကို James Bond အနေနဲ့ နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

မင်းသားကြီး Sean Connery ကတော့ ပထမဆုံး James Bond သရုပ်ဆောင် ဖြစ်ပြီး သူ စီးခဲ့တဲ့ 1964 Aston Martin DB5 ကလည်း James Bond ပရိသတ်တွေအတွက် အထင်ကရကားတစ်စီး ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ မင်းသားကြီး Sean Connery ပိုင်ဆိုင်တဲ့ ဒီကားကို ဒေါ်လာ(၁)သန်းခွဲကျော်နဲ့ လေလံတင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လေလံတင်ပြီး ရရှိလာတဲ့ ပိုက်ဆံရဲ့ ပမာဏအများစုကိုလည်း မင်းသားကြီး Sean Connery တည်ထောင်ခဲ့တဲ့ ပရဟိတအဖွဲ့အစည်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

မင်းသားကြီး ကတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်တင် မဟုတ်ဘဲ ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ မင်းသားကြီးဟာ သူရရှိခဲ့တဲ့ သရုပ်ဆောင်ကြေးတွေထဲက သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ယခုလည်း မင်းသားကြီးရဲ့ 1964 Aston Martin DB5 ကားကို လေလံတင်ပြီး မင်းသားကြီး တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းကိုပဲ လှူဒါန်းသွားမယ်ဆိုတဲ့ အချက်ကလည်း တကယ်ကို လေးစားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular