HomeEntertainmentFilmSeason 1 မှာတည်းက Steve ကို သတ်ပစ်ဖို့ အစီအစဉ်ရှိခဲ့တဲ့ Stranger Things ဇာတ်လမ်းတွဲ

Season 1 မှာတည်းက Steve ကို သတ်ပစ်ဖို့ အစီအစဉ်ရှိခဲ့တဲ့ Stranger Things ဇာတ်လမ်းတွဲ

Steve Harrington ကတော့ Stranger Things ဇာတ်လမ်းတွဲထဲက လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်နေပေမယ့်လည်း Season 1 မှာကတည်းက သူ့ကို သတ်ပစ်ဖို့ အစီအစဉ် ရှိခဲ့တယ်လို့ ဖန်တီးသူတွေဖြစ်တဲ့ Duffer Brothers က ပြောပြထားပါတယ်။ Stranger Things ဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တည်းက Netflix ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ Season 4 ရဲ့ Vol. 1 ထွက်ရှိထားပြီး Vol. 2 ကတော့ လာမယ့် ဇူလိုင်လ (၁)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ပထမဆုံး Season ထဲမှာတော့ Steve ဟာ သူများကို အနိုင်ကျင့်တတ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပြီး Jonathan Byers ကို အဓိကထား အနိုင်ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူဟာ Nancy Wheeler နဲ့လည်း တွဲနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ Steve ဟာ Nancy နဲ့ ပတ်သက်နေမှုကြောင့် Jonathan ကို Demogorgon နဲ့ တိုက်ခိုက်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် Steve ဟာ Dustin Henderson နဲ့လည်း တဖြည်းဖြည်း ရင်းနှီးသွားခဲ့ပြီး အဲဒီအချိန်က စတင်ကာ ယခုအချိန်အထိ သူတို့အဖွဲ့ရဲ့ ကလေးထိန်း ဖြစ်လာပါတော့တယ်။

photo via screenrant

Duffer Brothers ကတော့ မကြာသေးခင်ကပဲ Rotten Tomatoes နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ မူလဇာတ်ညွှန်းအရ Season 1 မှာကတည်းက Steve ကို သတ်ပစ်ဖို့ အစီအစဉ် ရှိခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။ Steve ဟာ ဘယ်အချိန်ကာလမှာ သေဆုံးမယ်ဆိုတာ မမှတ်မိကြတော့ပေမယ့် မူလတုန်းကတော့ သူ့ကိုသတ်ပစ်ဖို့ စီစဉ်ထားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် Steve တစ်ယောက် Demogorgon နဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းဟာလည်း မူလတုန်းက အဲဒီနေရာမှာ Jonathan ရဲ့အဖေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သို့သော်လည်း Joe Keery ရဲ့ သရုပ်ဆောင်မှုကြောင့် ဒီကာရိုက်တာရဲ့ အနာဂတ်ဟာ ပြောင်းလဲသွားခဲ့သလို ရှိုးရဲ့ တင်ဆက်ပုံကိုပါ ပြောင်းလဲနိုင်စွမ်းရှိခဲ့တယ်လို့ Duffer Brothers က ချီးကျူးထားပါတယ်။

photo via screenrant

“သူ ပြန်လာပြီး Demogorgon နဲ့ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းမှာ အစတုန်းက အဲဒီနေရာမှာ Jonathan ရဲ့အဖေ ဖြစ်ရမှာပါ။ ဒါပေမယ့် ဘယ်ဟာက အလုပ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဒီလိုပဲလုပ်ရင်းနဲ့ သင်ယူကြရတာပါပဲ။ သရုပ်ဆောင်က ခင်ဗျားရဲ့ ဇာတ်လမ်းတင်ဆက်ပုံကိုပါ ပြောင်းလဲပစ်လိုက်တာပေါ့။ တခြားဇာတ်ညွှန်းရေးဆရာတွေ၊ ဒါရိုက်တာတွေအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ ရှိသွားခဲ့ပါတယ်… ” လို့ Duffer Brothers က ပြောပြထားပါတယ်။

Stranger Things ပရိသတ်တစ်ယောက်အနေနဲ့ Steve ကို Season 1 မှာကတည်းက သေဆုံးသွားမယ်လို့ တွေးကြည့်ရတာဟာ အလွန်ခက်ခဲပါတယ်။ Steve ဟာ ဒီဇာတ်လမ်းတွဲကို အပြောင်းအလဲတွေများစွာ ဖြစ်စေခဲ့သူတစ်ယောက် ဖြစ်ပြီး သူနဲ့ Dustin ရဲ့ကြားက Chemistry ဟာလည်း ဒီဇာတ်လမ်းတွဲထဲက အကောင်းမွန်ဆုံးအရာတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Duffer Brothers ဟာ မူလက စီစဉ်ထားတဲ့အတိုင်း မလုပ်ဖြစ်လိုက်တာက ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်ခဲ့တယ် ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular