HomeEntertainmentFilmBlack Widow လိုပဲ တခြား MCU ဇာတ်ကောင်တွေရဲ့ Sequel ရုပ်ရှင်တွေ ထွက်လာဖို့ရှိနေ

Black Widow လိုပဲ တခြား MCU ဇာတ်ကောင်တွေရဲ့ Sequel ရုပ်ရှင်တွေ ထွက်လာဖို့ရှိနေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ကတော့ Black Widow လိုပဲ တခြား MCU ဇာတ်ကောင်တွေရဲ့ sequel တွေ ထပ်မံ ထွက်ရှိလာဦးမယ်လို့ ပြောလိုက်ပါတယ်။

Black Widow ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Cate Shortland က ရိုက်ကူးထားပြီး Scarlett Johansson က Natasha Romanoff အနေနဲ့ ပါဝင်ထားပါတယ်။ မူလတုန်းကတော့ ဒီရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ရုံတင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် နှောင့်နှေးမှုတွေ ဖြစ်ခဲ့ပြီး ရုံတင်ရက်တွေ ရွှေ့ခဲ့ရပါတယ်။ အခုချိန်မှာတော့ ပရိသတ်တွေအနေနဲ့ အများကြီး စောင့်စရာမလိုတော့ဘဲ ဂျူလိုင်လ (၇)ရက်နေ့ဆိုရင် ရုံတင်တော့မှာ ဖြစ်ပါတယ်။

photo via screenrant

Black Widow လိုမျိူး MCU ထဲက တခြားဇာတ်ကောင်တွေရဲ့ sequel တွေ ထွက်လာဖို့ ရှိသေးတယ်လို့ Marvel ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige က‌ မကြာသေးခင်ကပဲ ပြောပြသွားတာ ဖြစ်ပါတယ်။ Kevin ဟာ SlashFilm သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ဒီအကြောင်းတွေကို အရိပ်အမြွက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ဒီရုပ်ရှင်နဲ့ ဒီဇာတ်လမ်းက Natasha တစ်ယောက်တည်းအတွက် သီးသန့် ဖန်တီးထားတာပါ။ ဒါပေမယ့်လည်း MCU ရဲ့ အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ်တွေကို ပုံဖော်တာကတော့ တခြားဇာတ်ကောင်တွေအားလုံးနဲ့လည်း သက်ဆိုင်ပါတယ် … “

photo via screenrant

Kevin ပြောသွားတဲ့ စကားအရ Black Widow ရုပ်ရှင်ဟာ Natasha အတွက် သီးသန့် ဖန်တီးထားတဲ့ ရုပ်ရှင်ဖြစ်သလို တခြားဇာတ်ကောင်တွေရဲ့ အလားတူ ရုပ်ရှင်တွေကိုလည်း မြင်တွေ့ရဦးမယ်လို့ ယူဆနိုင်ပါတယ်။ ဒီစကားအရဆိုရင် လောလောဆယ်မှာ ထွက်ရှိထားသမျှ MCU ရုပ်ရှင်တွေထဲမှာ မမြင်ခဲ့ရသေးတဲ့ ဇာတ်ကောင်တွေရဲ့ အတိတ်ဇာတ်လမ်းတွေကိုပါ ထပ်မံဖန်တီးသွားဦးမယ်လို့ မျှော်လင့်စရာ ရှိပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel စတူဒီယိုရဲ႕ ဥကၠဌျဖစ္သူ Kevin Feige ကေတာ့ Black Widow လိုပဲ တျခား MCU ဇာတ္ေကာင္ေတြရဲ႕ sequel ေတြ ထပ္မံ ထြက္ရွိလာဦးမယ္လို႔ ေျပာလိုက္ပါတယ္။

Black Widow ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Cate Shortland က ႐ိုက္ကူးထားၿပီး Scarlett Johansson က Natasha Romanoff အေနနဲ႔ ပါဝင္ထားပါတယ္။ မူလတုန္းကေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္ကတည္းက ႐ုံတင္ဖို႔ စီစဥ္ခဲ့တာ ျဖစ္ေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ျဖစ္ခဲ့ၿပီး ႐ုံတင္ရက္ေတြ ေ႐ႊ႕ခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ ပရိသတ္ေတြအေနနဲ႔ အမ်ားႀကီး ေစာင့္စရာမလိုေတာ့ဘဲ ဂ်ဴလိုင္လ (၇)ရက္ေန႔ဆိုရင္ ႐ုံတင္ေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

Black Widow လိုမ်ိဴး MCU ထဲက တျခားဇာတ္ေကာင္ေတြရဲ႕ sequel ေတြ ထြက္လာဖို႔ ရွိေသးတယ္လို႔ Marvel ရဲ႕ ဥကၠဌျဖစ္သူ Kevin Feige က‌ မၾကာေသးခင္ကပဲ ေျပာျပသြားတာ ျဖစ္ပါတယ္။ Kevin ဟာ SlashFilm သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာ ဒီအေၾကာင္းေတြကို အရိပ္အႁမြက္ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

“ဒီ႐ုပ္ရွင္နဲ႔ ဒီဇာတ္လမ္းက Natasha တစ္ေယာက္တည္းအတြက္ သီးသန႔္ ဖန္တီးထားတာပါ။ ဒါေပမယ့္လည္း MCU ရဲ႕ အတိတ္၊ ပစၥပၸဳန္နဲ႔ အနာဂတ္ေတြကို ပုံေဖာ္တာကေတာ့ တျခားဇာတ္ေကာင္ေတြအားလုံးနဲ႔လည္း သက္ဆိုင္ပါတယ္ … “

photo via screenrant

Kevin ေျပာသြားတဲ့ စကားအရ Black Widow ႐ုပ္ရွင္ဟာ Natasha အတြက္ သီးသန႔္ ဖန္တီးထားတဲ့ ႐ုပ္ရွင္ျဖစ္သလို တျခားဇာတ္ေကာင္ေတြရဲ႕ အလားတူ ႐ုပ္ရွင္ေတြကိုလည္း ျမင္ေတြ႕ရဦးမယ္လို႔ ယူဆႏိုင္ပါတယ္။ ဒီစကားအရဆိုရင္ ေလာေလာဆယ္မွာ ထြက္ရွိထားသမွ် MCU ႐ုပ္ရွင္ေတြထဲမွာ မျမင္ခဲ့ရေသးတဲ့ ဇာတ္ေကာင္ေတြရဲ႕ အတိတ္ဇာတ္လမ္းေတြကိုပါ ထပ္မံဖန္တီးသြားဦးမယ္လို႔ ေမွ်ာ္လင့္စရာ ရွိပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular