HomeEntertainmentFilmပထမဆုံး Teaser ထွက်ရှိလာတဲ့ Sebastian Stan ရဲ့ Pam & Tommy ဇာတ်လမ်းတွဲ

ပထမဆုံး Teaser ထွက်ရှိလာတဲ့ Sebastian Stan ရဲ့ Pam & Tommy ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU မှာ winter soldier Bucky Barnes လို့ လူသိများကြတဲ့ သရုပ်ဆောင် Sebastian Stan နဲ့ မင်းသမီး Lily James တို့ သရုပ်ဆောင်ထားတဲ့ Pam & Tommy ဇာတ်လမ်းတွဲကတော့ ပထမဆုံး Teaser ထွက်ရှိလာပါတယ်။

ဇာတ်လမ်းကတော့ နာမည်ကျော် ဟဲဗီးမက်တယ်အဖွဲ့ Motley Crue ရဲ့ ဒရမ်သမားလည်းဖြစ်၊ Methods of Mayhem အဖွဲ့ရဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ Tommy Lee နဲ့ အမေရိကန်မင်းသမီး Pamela Anderson တို့ရဲ့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဆက်စ်တိပ် ပျံ့နှံ့မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo via IMDb

Tommy Lee နဲ့ Pamela Anderson တို့ဟာ သူတို့ရဲ့ ဟန်းနီးမွန်းကာလ ၁၉၉၅ ခုနှစ်မှာ အိပ်ရာပေါ်က ချစ်ကျွမ်းဝင်တဲ့အကြောင်းတွေကို ရိုက်ကူးထားတဲ့ တိပ်ခွေတစ်ခု လူထုကြားထဲမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အင်တာနက်ခေတ်ဦးကာလမှာ ကမ္ဘာနဲ့ချီပြီး ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Sebastian Stan ကတော့ Tommy Lee နေရာက သရုပ်ဆောင်ထားပြီး မင်းသမီး Lily James ကတော့ Pamela Anderson နေရာက သရုပ်ဆောင်ထားပါတယ်။ အခြားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Seth Rogen နဲ့ Nick Offerman တို့ကလည်း Tommy တို့လင်မယားနှစ်ယောက်ရဲ့ ဆက်စ်တိပ်ကို ရရှိထားသူတွေအဖြစ် သရုပ်ဆောင်ထားကြပါတယ်။

Photo via IMDb

Sebastian Stan ကိုတော့ တကယ့် မက်တယ်လ်သမားတစ်ယောက်ရဲ့ ပုံစံနဲ့ တွေ့မြင်ရမှာ ဖြစ်ပြီး ယခင် Cinderella လို ဇာတ်ကားမျိုးမှာ နုနုရွရွလေး သရုပ်ဆောင်ထားတဲ့ အင်္ဂလိပ်မင်းသမီး Lily James ကိုတော့ ဆက်ဆီကျလွန်းတဲ့ Pamela Anderson အဖြစ် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတာ မြင်တွေ့ရမှာပါ။

Teaser ထဲမှာတော့ Tommy တို့လင်မယားရဲ့ အိပ်ယာခန်းတွေကို မထင်မှတ်ဘဲ ကြည့်လိုက်ရတဲ့ လူနှစ်ယောက်နဲ့ သူတို့ရဲ့ အိပ်ယာခန်းတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာကို အံ့အားသင့်စွာ သိရှိလိုက်ရတဲ့ ကာယကံရှင် လင်မယားနှစ်ယောက်ရဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ limited series ဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ Hulu က စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

MCU မွာ winter soldier Bucky Barnes လို႔ လူသိမ်ားၾကတဲ့ သ႐ုပ္ေဆာင္ Sebastian Stan နဲ႔ မင္းသမီး Lily James တို႔ သ႐ုပ္ေဆာင္ထားတဲ့ Pam & Tommy ဇာတ္လမ္းတြဲကေတာ့ ပထမဆုံး Teaser ထြက္ရွိလာပါတယ္။

ဇာတ္လမ္းကေတာ့ နာမည္ေက်ာ္ ဟဲဗီးမက္တယ္အဖြဲ႕ Motley Crue ရဲ့ ဒရမ္သမားလည္းျဖစ္၊ Methods of Mayhem အဖြဲ႕ရဲ့ တည္ေထာင္သူလည္း ျဖစ္တဲ့ Tommy Lee နဲ႔ အေမရိကန္မင္းသမီး Pamela Anderson တို႔ရဲ့ ၁၉၉၀ ျပည့္ႏွစ္ဝန္းက်င္မွာ ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ ဆက္စ္တိပ္ ပ်ံ႕ႏွံ့မွုအေၾကာင္းကို အေျခခံ ရိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo via IMDb

Tommy Lee နဲ႔ Pamela Anderson တို႔ဟာ သူတို႔ရဲ့ ဟန္းနီးမြန္းကာလ ၁၉၉၅ ခုႏွစ္မွာ အိပ္ရာေပၚက ခ်စ္ကၽြမ္းဝင္တဲ့အေၾကာင္းေတြကို ရိုက္ကူးထားတဲ့ တိပ္ေခြတစ္ခု လူထုၾကားထဲမွာ ပ်ံ႕ႏွံ့ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ အင္တာနက္ေခတ္ဦးကာလမွာ ကမၻာနဲ႔ခ်ီၿပီး ဟိုးေလးတေက်ာ္ ျဖစ္ခဲ့တဲ့ သမိုင္းဝင္ျဖစ္ရပ္တစ္ခုလည္း ျဖစ္ပါတယ္။

Sebastian Stan ကေတာ့ Tommy Lee ေနရာက သ႐ုပ္ေဆာင္ထားၿပီး မင္းသမီး Lily James ကေတာ့ Pamela Anderson ေနရာက သ႐ုပ္ေဆာင္ထားပါတယ္။ အျခားနာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Seth Rogen နဲ႔ Nick Offerman တို႔ကလည္း Tommy တို႔လင္မယားႏွစ္ေယာက္ရဲ့ ဆက္စ္တိပ္ကို ရရွိထားသူေတြအျဖစ္ သ႐ုပ္ေဆာင္ထားၾကပါတယ္။

Photo via IMDb

Sebastian Stan ကိုေတာ့ တကယ့္ မက္တယ္လ္သမားတစ္ေယာက္ရဲ့ ပုံစံနဲ႔ ေတြ႕ျမင္ရမွာ ျဖစ္ၿပီး ယခင္ Cinderella လို ဇာတ္ကားမ်ိဳးမွာ ႏုႏုရြရြေလး သ႐ုပ္ေဆာင္ထားတဲ့ အဂၤလိပ္မင္းသမီး Lily James ကိုေတာ့ ဆက္ဆီက်လြန္းတဲ့ Pamela Anderson အျဖစ္ မမွတ္မိနိုင္ေလာက္ေအာင္ ေျပာင္းလဲထားတာ ျမင္ေတြ႕ရမွာပါ။

Teaser ထဲမွာေတာ့ Tommy တို႔လင္မယားရဲ့ အိပ္ယာခန္းေတြကို မထင္မွတ္ဘဲ ၾကည့္လိုက္ရတဲ့ လူႏွစ္ေယာက္နဲ႔ သူတို႔ရဲ့ အိပ္ယာခန္းေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ့ေနတာကို အံ့အားသင့္စြာ သိရွိလိုက္ရတဲ့ ကာယကံရွင္ လင္မယားႏွစ္ေယာက္ရဲ့ အျဖစ္အပ်က္ေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကေတာ့ limited series ျဖစ္ၿပီး လာမယ့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ Hulu က စတင္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular