HomeEntertainmentFilmSecrets of Dumbledore လို့ ခေါင်းစဉ်ပေးထားတဲ့ Fantastic Beasts 3

Secrets of Dumbledore လို့ ခေါင်းစဉ်ပေးထားတဲ့ Fantastic Beasts 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fantastic Beasts Franchise ရဲ့ တတိယမြောက် ရုပ်ရှင်ရဲ့ ခေါင်းစဉ်ကိုတော့ Secrets of Dumbledore လို့ ပေးထားတယ်လို့ Warner Bros. က ကြေညာခဲ့ပါတယ်။ အခုချိန်မှာတော့ Harry Potter ဇာတ်လမ်းဟာ ပြီးဆုံးသွားပြီဖြစ်ပြီ Prequel အနေနဲ့ Fantastic Beasts ဆက်လက်ထွက်ရှိလာပါတယ်။ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Fantastic Beasts and Where to Find Them ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Fantastic Beasts: The Crimes of Grindelwald ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ တတိယမြောက်ရုပ်ရှင်ကတော့ ထုံးစံအတိုင်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ထွက်ရှိလာမှာပါ။

photo via screenrant

Fantastic Beasts 3 ကတော့ ၂၀၁၈ တုန်းက ရုပ်ရှင်ရဲ့ အဆက်ကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Franchise ဟာ Grindelwald နဲ့ Dumbledore တို့ရဲ့ နာမည်ကြီးတဲ့ တိုက်ပွဲအကြောင်းကို ဖန်တီးဖို့ ဦးတည်နေတာကြောင့် Fantastic Beasts 3 ထဲမှာတော့ သူတို့နှစ်ယောက် တိုက်ခိုက်တာကို မြင်ရတော့မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Fantastic Beasts 3 ထဲမှာတော့ Gindelwald နေရာမှာ Mads Mikkelsen က ပါဝင်သရုပ်ဆောင်သွားမှာပါ။

Warner Bros. ဟာ ဒီရုပ်ရှင်ရဲ့ ခေါင်းစဉ်ကို ကြေညာခဲ့သလို ရုပ်ရှင်ရဲ့ လိုဂိုကိုပါ ဖော်ပြခဲ့ပါတယ်။ သေချာကြည့်လိုက်ရင် ဒီလိုဂိုထဲက အင်္ဂလိပ်စာလုံး D ရဲ့အထဲမှာ Wand ပုံစံလေးကို မြင်တွေ့ရပါတယ်။ ပရိသတ်တွေအတွက် အချိန်အကြာကြီး စောင့်မျှော်နေရတဲ့ ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၅) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

photo via screenrant

Fantastic Beasts Franchise ထဲမှာတော့ Newt Scamander ဟာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်နေတာ ဖြစ်ပေမယ့်လည်း Fantastic Beasts 3 ကတော့ ခေါင်းစဉ်အတိုင်းပဲ Dumbledore ရဲ့ အကြောင်းကို အဓိကဖော်ပြသွားမှာပါ။ အပေါ်မှာဖော်ပြထားသလို  Dumbledore နဲ့ Grindelwald တို့ရဲ့ တိုက်ပွဲဟာလည်း တဖြည်းဖြည်းနီးကပ်လာပြီး Fantastic Beasts 3 ကတော့ အဲ့ဒီတိုက်ပွဲကို ပုံဖော်သွားမယ်လို့ ယူဆရပါတယ်။ ဒီရုပ်ရှင်က ဘယ်လိုအံ့ဩစရာတွေ ယူဆောင်လာပေးမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Fantastic Beasts Franchise ရဲ႕ တတိယေျမာက္ ႐ုပ္ရွင္ရဲ႕ ေခါင္းစဥ္ကိုေတာ့ Secrets of Dumbledore လို႔ ေပးထားတယ္လို႔ Warner Bros. က ေၾကညာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Harry Potter ဇာတ္လမ္းဟာ ၿပီးဆုံးသြားၿပီျဖစ္ၿပီ Prequel အေနနဲ႔ Fantastic Beasts ဆက္လက္ထြက္ရွိလာပါတယ္။ ပထမဆုံး႐ုပ္ရွင္ျဖစ္တဲ့ Fantastic Beasts and Where to Find Them ဟာ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး Fantastic Beasts: The Crimes of Grindelwald ဟာ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။ တတိယေျမာက္႐ုပ္ရွင္ကေတာ့ ထုံးစံအတိုင္း ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြမ်ားစြာျဖစ္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွ ထြက္ရွိလာမွာပါ။

photo via screenrant

Fantastic Beasts 3 ကေတာ့ ၂၀၁၈ တုန္းက ႐ုပ္ရွင္ရဲ႕ အဆက္ကို ဆက္လက္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ Franchise ဟာ Grindelwald နဲ႔ Dumbledore တို႔ရဲ႕ နာမည္ႀကီးတဲ့ တိုက္ပြဲအေၾကာင္းကို ဖန္တီးဖို႔ ဦးတည္ေနတာေၾကာင့္ Fantastic Beasts 3 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ တိုက္ခိုက္တာကို ျမင္ရေတာ့မယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Fantastic Beasts 3 ထဲမွာေတာ့ Gindelwald ေနရာမွာ Mads Mikkelsen က ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ။

Warner Bros. ဟာ ဒီ႐ုပ္ရွင္ရဲ႕ ေခါင္းစဥ္ကို ေၾကညာခဲ့သလို ႐ုပ္ရွင္ရဲ႕ လိုဂိုကိုပါ ေဖာ္ျပခဲ့ပါတယ္။ ေသခ်ာၾကည့္လိုက္ရင္ ဒီလိုဂိုထဲက အဂၤလိပ္စာလုံး D ရဲ႕အထဲမွာ Wand ပုံစံေလးကို ျမင္ေတြ႕ရပါတယ္။ ပရိသတ္ေတြအတြက္ အခ်ိန္အၾကာႀကီး ေစာင့္ေမွ်ာ္ေနရတဲ့ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ ဧၿပီလ (၁၅) ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

photo via screenrant

Fantastic Beasts Franchise ထဲမွာေတာ့ Newt Scamander ဟာ အဓိကဇာတ္ေကာင္အေနနဲ႔ ပါဝင္ေနတာ ျဖစ္ေပမယ့္လည္း Fantastic Beasts 3 ကေတာ့ ေခါင္းစဥ္အတိုင္းပဲ Dumbledore ရဲ႕ အေၾကာင္းကို အဓိကေဖာ္ျပသြားမွာပါ။ အေပၚမွာေဖာ္ျပထားသလို  Dumbledore နဲ႔ Grindelwald တို႔ရဲ႕ တိုက္ပြဲဟာလည္း တျဖည္းျဖည္းနီးကပ္လာၿပီး Fantastic Beasts 3 ကေတာ့ အဲ့ဒီတိုက္ပြဲကို ပုံေဖာ္သြားမယ္လို႔ ယူဆရပါတယ္။ ဒီ႐ုပ္ရွင္က ဘယ္လိုအံ့ဩစရာေတြ ယူေဆာင္လာေပးမလည္း ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular