HomeCelebs Update NewsInternationalLose You To Love Meကို JB ကိုနားေထာင္ေစခ်င္ေၾကာင္း ဆိုလာတဲ့ Selena Gomez

Lose You To Love Meကို JB ကိုနားေထာင္ေစခ်င္ေၾကာင္း ဆိုလာတဲ့ Selena Gomez

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Selena Gomez ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သီချင်းအသစ်စက်စက်နှစ်ပုဒ်ကို ထုတ်လုပ်ထားပါတယ်။ “Lose You To Love Me” နဲ့ “Look At Her Now” လို့ အမည်ရတဲ့ သီချင်းနှစ်ပုဒ်ဟာ နှစ်ပေါင်းများစွာ ပြတ်လိုက်၊တွဲလိုက်နဲ့ ချစ်လာတဲ့ Justin Bieber နဲ့ အချစ်ရေးကို အခြေခံပြီး ရေးသားထားတာပါ။ Selena ကတော့ ဒီသီချင်းတွေကို JB ကို နားထောင်စေချင်တယ်လို့ ဆိုလာပါတယ်။

ဒီအကြောင်းကို အောက်တိုဘာလ(၂၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Zach Sang Show နဲ့ အင်တာဗျူးမှာ Selena ကိုယ်တိုင်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မမှာ ဘယ်တုန်းကမှ ယုတ်ယုတ်မာမာ ဖြစ်စေချင်တဲ့စိတ် မရှိခဲ့ပါဘူး။ ကျွန်မဆိုလိုချင်တာတွေက နည်းနည်း ဘုဆတ်ဆတ် နိုင်ချင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မ တကယ် ခံစားခဲ့ရတဲ့ ခံစားချက်အစစ်အမှန်တွေကိုပဲ အမြဲပြောပြလေ့ ရှိခဲ့တာပါ။ ပြီးတော့ ဒီကိစ္စတွေကို ကျွန်မ ဘယ်သူ့ကိုမှ မပြောပြရသေးဘူးလို့ ခံစားရလို့ အနုပညာနဲ့ ပုံဖော်လိုက်တဲ့ သဘောပါပဲ” လို့ ဆိုပါတယ်။

Photo: selenagomez/ Instagram

Selena ရဲ့ Lose You To Love Me ထဲက စာသားတွေဟာ သူမနဲ့ JB တို့ ဖြတ်သန်းခဲ့ကြတဲ့ ချစ်ခရီးလမ်းမှာ သူမ ခံစားခဲ့ရတဲ့ ဒဏ်ရာအနာတရတွေကို ပြန်လည်ပုံဖော်ထားတာပါ။ “you replaced us in two months like it was easy” ဆိုတာဟာ JB တစ်ယောက် ၂၀၁၈ခုနှစ် မတ်လမှာ Selena နဲ့ ပြတ်ပြီး ဇွန်လမှာ Hailey Baldwin နဲ့ တွဲနေတဲ့ အချိန်နဲ့ ကွက်တိကျနေပါတယ်။

JB ဟာ Hailey နဲ့ ပြန်တွဲပြီးနောက်မှာတော့ အရာရာဟာ မြန်မြန်ဆန်ဆန်ပဲ ဖြစ်ပျက်သွားခဲ့ပါတယ်။ နှစ်ယောက်သား စေ့စပ်သွားကြပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ တရားဝင် လက်ထပ်သွားခဲ့ကြပါတယ်။ အဖြစ်အပျက်တွေဟာ မြန်ဆန်ခဲ့ပေမယ့် JB တို့ ဇနီးမောင်နှံကတော့ ချစ်ချစ်ခင်ခင်ပဲ ရှိနေကြပြီး ပြီးခဲ့တဲ့လကပဲ South Carolina မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ကြပါသေးတယ်။

Photo: selenagomez/ Instagram

ဒီသီချင်းတွေဟာ ဘယ်သူနားထောင်ဖို့ ရည်ရွယ်လည်းဆိုတာနဲ့ JB ကိုရော နားထောင်စေချင်လားဆိုတဲ့ မေးခွန်းကိုတော့ “‘ဒါပေါ့။ သူ့ကို နားထောင်စေချင်တာပေါ့။ ယေဘူယျအားဖြင့် ပြောရရင်တော့ အရေးကြီးဆုံးက တစ်ကမ္ဘာလုံးကို နားထောင်စေချင်တာ။ ဒီသီချင်းကို ကြားမယ်ဆိုရင် သူတို့ခံစားချက်တွေနဲ့ တိုက်ဆိုင်ခံစားစေချင်တယ်။ ပြီးတော့ ဒီလိုခံစားရတာဟာ သူတို့တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိစေချင်တယ်။ အပြင်လက်တွေ့ဘဝမှာ လူတိုင်း ဒီလိုခံစားချက်မျိုးကို ခံစားကြရတာပါပဲ။ အဲ့ဒီ့အချိန်မှာ အလဲလဲအပြိုပြိုတွေ ဖြစ်သွားလေ့ရှိကြတယ်” လို့ ဆိုထားပါတယ်။

သီချင်းသစ်နှစ်ပုဒ်မှာ Lose You To Love Me ဟာ နာကျင်စေခဲ့အကြောင်းတွေကို ရင်ဖွင့်ထားပြီး အေးအေးဆေးဆေးပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်ဆိုပြီး နှုတ်ဆက်ထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ Look At Her Now ကတော့ ဘယ်လိုပဲ အလဲလဲ အပြိုပြို ဖြစ်ခဲ့ပါစေ၊ ဒဏ်ရာဒဏ်ချက်တွေကို ကိုယ့်ရဲ့ခွန်အားအဖြစ် ပြောင်းလဲအသုံးချပြီး အရင်ကထက် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေဖို့ ခွန်အားပေးထားတဲ့ အဓိပ္ပာယ်ပါ။

အခုအချိန်အထိတော့ ဒီသီချင်းတွေနဲ့ ပတ်သက်ပြီး Justin Bieber ဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးပါဘူး။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Selena Gomez ဟာ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ သီခ်င္းအသစ္စက္စက္ႏွစ္ပုဒ္ကို ထုတ္လုပ္ထားပါတယ္။ “Lose You To Love Me” နဲ႔ “Look At Her Now” လို႔ အမည္ရတဲ့ သီခ်င္းႏွစ္ပုဒ္ဟာ ႏွစ္ေပါင္းမ်ားစြာ ျပတ္လိုက္၊တဲြလိုက္နဲ႔ ခ်စ္လာတဲ့ Justin Bieber နဲ႔ အခ်စ္ေရးကို အေျခခံၿပီး ေရးသားထားတာပါ။ Selena ကေတာ့ ဒီသီခ်င္းေတြကို JB ကို နားေထာင္ေစခ်င္တယ္လို႔ ဆိုလာပါတယ္။

ဒီအေၾကာင္းကို ေအာက္တိုဘာလ(၂၅)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Zach Sang Show နဲ႔ အင္တာဗ်ဴးမွာ Selena ကိုယ္တိုင္က ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ “ကၽြန္မမွာ ဘယ္တုန္းကမွ ယုတ္ယုတ္မာမာ ျဖစ္ေစခ်င္တဲ့စိတ္ မရိွခဲ့ပါဘူး။ ကၽြန္မဆိုလိုခ်င္တာေတြက နည္းနည္း ဘုဆတ္ဆတ္ ႏိုင္ခ်င္ႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္မ တကယ္ ခံစားခဲ့ရတဲ့ ခံစားခ်က္အစစ္အမွန္ေတြကိုပဲ အၿမဲေျပာျပေလ့ ရိွခဲ့တာပါ။ ၿပီးေတာ့ ဒီကိစၥေတြကို ကၽြန္မ ဘယ္သူ႔ကိုမွ မေျပာျပရေသးဘူးလို႔ ခံစားရလို႔ အႏုပညာနဲ႔ ပုံေဖာ္လိုက္တဲ့ သေဘာပါပဲ” လို႔ ဆိုပါတယ္။

Photo: selenagomez/ Instagram

Selena ရဲ႕ Lose You To Love Me ထဲက စာသားေတြဟာ သူမနဲ႔ JB တို႔ ျဖတ္သန္းခဲ့ၾကတဲ့ ခ်စ္ခရီးလမ္းမွာ သူမ ခံစားခဲ့ရတဲ့ ဒဏ္ရာအနာတရေတြကို ျပန္လည္ပုံေဖာ္ထားတာပါ။ “you replaced us in two months like it was easy” ဆိုတာဟာ JB တစ္ေယာက္ ၂၀၁၈ခုႏွစ္ မတ္လမွာ Selena နဲ႔ ျပတ္ၿပီး ဇြန္လမွာ Hailey Baldwin နဲ႔ တြဲေနတဲ့ အခ်ိန္နဲ႔ ကြက္တိက်ေနပါတယ္။

JB ဟာ Hailey နဲ႔ ျပန္တြဲၿပီးေနာက္မွာေတာ့ အရာရာဟာ ျမန္ျမန္ဆန္ဆန္ပဲ ျဖစ္ပ်က္သြားခဲ့ပါတယ္။ ႏွစ္ေယာက္သား ေစ့စပ္သြားၾကၿပီး ၂၀၁၈ခုႏွစ္ စက္တင္ဘာလမွာ တရား၀င္ လက္ထပ္သြားခဲ့ၾကပါတယ္။ အျဖစ္အပ်က္ေတြဟာ ျမန္ဆန္ခဲ့ေပမယ့္ JB တို႔ ဇနီးေမာင္ႏွံကေတာ့ ခ်စ္ခ်စ္ခင္ခင္ပဲ ရိွေနၾကၿပီး ၿပီးခဲ့တဲ့လကပဲ South Carolina မွာ မဂၤလာဧည့္ခံပြဲ က်င္းပခဲ့ၾကပါေသးတယ္။

Photo: selenagomez/ Instagram

ဒီသီခ်င္းေတြဟာ ဘယ္သူနားေထာင္ဖို႔ ရည္ရြယ္လည္းဆိုတာနဲ႔ JB ကိုေရာ နားေထာင္ေစခ်င္လားဆိုတဲ့ ေမးခြန္းကိုေတာ့ “‘ဒါေပါ့။ သူ႔ကို နားေထာင္ေစခ်င္တာေပါ့။ ေယဘူယ်အားျဖင့္ ေျပာရရင္ေတာ့ အေရးႀကီးဆုံးက တစ္ကမာၻလုံးကို နားေထာင္ေစခ်င္တာ။ ဒီသီခ်င္းကို ၾကားမယ္ဆိုရင္ သူတို႔ခံစားခ်က္ေတြနဲ႔ တိုက္ဆိုင္ခံစားေစခ်င္တယ္။ ၿပီးေတာ့ ဒီလိုခံစားရတာဟာ သူတို႔တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာကို သိေစခ်င္တယ္။ အျပင္လက္ေတြ႕ဘ၀မွာ လူတိုင္း ဒီလိုခံစားခ်က္မ်ိဳးကို ခံစားၾကရတာပါပဲ။ အဲ့ဒီ့အခ်ိန္မွာ အလဲလဲအၿပိဳၿပိဳေတြ ျဖစ္သြားေလ့ရိွၾကတယ္” လို႔ ဆိုထားပါတယ္။

သီခ်င္းသစ္ႏွစ္ပုဒ္မွာ Lose You To Love Me ဟာ နာက်င္ေစခဲ့အေၾကာင္းေတြကို ရင္ဖြင့္ထားၿပီး ေအးေအးေဆးေဆးပဲ ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကမယ္ဆိုၿပီး ႏႈတ္ဆက္ထားတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။ Look At Her Now ကေတာ့ ဘယ္လိုပဲ အလဲလဲ အၿပိဳၿပိဳ ျဖစ္ခဲ့ပါေစ၊ ဒဏ္ရာဒဏ္ခ်က္ေတြကို ကိုယ့္ရဲ႕ခြန္အားအျဖစ္ ေျပာင္းလဲအသုံးခ်ၿပီး အရင္ကထက္ ပိုေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္လာေစဖို႔ ခြန္အားေပးထားတဲ့ အဓိပၸာယ္ပါ။

အခုအခ်ိန္အထိေတာ့ ဒီသီခ်င္းေတြနဲ႔ ပတ္သက္ၿပီး Justin Bieber ဘက္က တစ္စုံတစ္ရာ တုံ႔ျပန္တာ မရိွေသးပါဘူး။

LaNina

Ref: hollywoodlife

 

RELATED ARTICLES

Most Popular