HomeCelebs Update NewsInternationalစိတ်အတက်အကျမြန်ရောဂါ ခံစားနေရကြောင်း Miley Cyrus ဆီမှာ ရင်ဖွင့်လိုက်တဲ့ Selena

စိတ်အတက်အကျမြန်ရောဂါ ခံစားနေရကြောင်း Miley Cyrus ဆီမှာ ရင်ဖွင့်လိုက်တဲ့ Selena

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Selena Gomez ဟာ bipolar လို့ခေါ်တဲ့ စိတ်အတက်အကျမြန်ရောဂါ ခံစားနေရကြောင်းကို အဆိုတော် Miley Cyrus နဲ့ မိနစ်နှစ်ဆယ်စာ စကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။

Selena ဟာ Miley ရဲ့ Instagram က Chat Show တစ်ခုဖြစ်တဲ့ Bright Minded Series စကားဝိုင်းမှာ မိနစ်နှစ်ဆယ်ခန့် စကားပြောဆိုဆွေးနွေးနေရာကနေ သူမ ခံစားနေရတဲ့ရောဂါအကြောင်းကို အခုလို ရင်ဖွင့်ပြောပြလိုက်တာ ဖြစ်ပါတယ်။ Selena ဟာ မကြာသေးခင်ကပဲ စိတ်ရောဂါကုဆေးရုံတစ်ရုံကို သွားရောက်ဆွေးနွေးခဲ့ပြီး အဲ့ဒီ့နောက်မှာ သူမဆီမှာ bipolar လို့ခေါ်တဲ့ စိတ်အတက်အကျမြန်ရောဂါ လက္ခဏာတွေရှိနေကြောင်း သိလိုက်ရတာဖြစ်တယ်လို့ ပြောပြခဲ့တာပါ။ သူမရဲ့ စိတ်အခြေအနေကို ပိုပြီးအတွင်းကျကျ သိနားလည်လိုက်ရတဲ့အတွက် ထိတ်လန့်မှုတွေ လျော့ပါးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: selenagomez/ Instagram

“ပိုပြီးအတွင်းကျကျ သိလိုက်ရတော့ ကျွန်မအတွက် တကယ်အကူအညီဖြစ်သွားတယ်။ သိသွားပြီးတာနဲ့ ဒါကြီးကို ကြောက်မနေတော့ဘူး …” လို့ Sel က ဆိုပါတယ်။ သူမဟာ lupus ရောဂါကြောင့် ကျောက်ကပ်ပျက်စီးခဲ့ပြီး ၂၀၁၇ခုနှစ်မှာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ခံယူခဲ့ရသူ ဖြစ်ပါတယ်။ Sel ကတော့ အဲ့ဒီ့အချိန်မှာ ကျောက်ကပ်တစ်ခုတည်းကို အစားထိုးလဲလှယ်ရုံနဲ့ မဟုတ်ဘဲ အလုံးစုံကျန်းမာရေးကိုပါ ကုသမှုယူဖို့ လိုအပ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

bipolar ဆိုတာကတော့ စိတ်ရောဂါတစ်မျိုးဖြစ်ပြီး အလွယ်ပြောရရင်တော့ စိတ်အတက်အကျမြန်တဲ့ ရောဂါ ဖြစ်ပါတယ်။ bipolar ရောဂါခံစားရသူတွေဟာ အလွန်အမင်း စိတ်ပျော်ရွှင်တာ၊ ဒါမှမဟုတ် အလွန်အမင်း ဝမ်းနည်းစိတ်ဓာတ်ကျတာမျိုးကို ခံစားရတတ်ပါတယ်။ တစ်ချို့လူတွေမှာ စိတ်ပျော်မြူးတာနဲ့ စိတ်ဓာတ်ကျတာကို တစ်လှည့်စီ ခံစားရတတ်ပြီး တစ်ချို့မှာတော့ တစ်မျိုးတည်းကိုသာ ခံစားရတတ်တာလည်း ရှိပါတယ်။ ဒီရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ရောဂါခံစားရသူရဲ့ စားသောက်ပုံ၊ တွေးခေါ်နေထိုင်ပုံ၊ ခွန်အားပြည့်ဝမှု အခြေအနေတွေဟာလည်း ပြောင်းလဲနေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနာသိပြီဖြစ်လို့ Sel တစ်ယောက်လည်း ဆေးဝါးကုသမှုတွေ ခံယူပြီး မြန်မြန်သက်သာ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Selena Gomez ဟာ bipolar လို႔ေခၚတဲ့ စိတ္အတက္အက်ျမန္ေရာဂါ ခံစားေနရေၾကာင္းကို အဆိုေတာ္ Miley Cyrus နဲ႔ မိနစ္ႏွစ္ဆယ္စာ စကားဝိုင္းမွာ ေျပာၾကားလိုက္ပါတယ္။

Selena ဟာ Miley ရဲ႕ Instagram က Chat Show တစ္ခုျဖစ္တဲ့ Bright Minded Series စကားဝိုင္းမွာ မိနစ္ႏွစ္ဆယ္ခန႔္ စကားေျပာဆိုေဆြးေႏြးေနရာကေန သူမ ခံစားေနရတဲ့ေရာဂါအေၾကာင္းကို အခုလို ရင္ဖြင့္ေျပာျပလိုက္တာ ျဖစ္ပါတယ္။ Selena ဟာ မၾကာေသးခင္ကပဲ စိတ္ေရာဂါကုေဆး႐ုံတစ္႐ုံကို သြားေရာက္ေဆြးေႏြးခဲ့ၿပီး အဲ့ဒီ့ေနာက္မွာ သူမဆီမွာ bipolar လို႔ေခၚတဲ့ စိတ္အတက္အက်ျမန္ေရာဂါ လကၡဏာေတြရွိေနေၾကာင္း သိလိုက္ရတာျဖစ္တယ္လို႔ ေျပာျပခဲ့တာပါ။ သူမရဲ႕ စိတ္အေျခအေနကို ပိုၿပီးအတြင္းက်က် သိနားလည္လိုက္ရတဲ့အတြက္ ထိတ္လန႔္မႈေတြ ေလ်ာ့ပါးသြားခဲ့တယ္လို႔လည္း ဆိုပါတယ္။

Photo: selenagomez/ Instagram

“ပိုၿပီးအတြင္းက်က် သိလိုက္ရေတာ့ ကြၽန္မအတြက္ တကယ္အကူအညီျဖစ္သြားတယ္။ သိသြားၿပီးတာနဲ႔ ဒါႀကီးကို ေၾကာက္မေနေတာ့ဘူး …” လို႔ Sel က ဆိုပါတယ္။ သူမဟာ lupus ေရာဂါေၾကာင့္ ေက်ာက္ကပ္ပ်က္စီးခဲ့ၿပီး ၂၀၁၇ခုႏွစ္မွာ ေက်ာက္ကပ္အစားထိုး ခြဲစိတ္ကုသမႈကို ခံယူခဲ့ရသူ ျဖစ္ပါတယ္။ Sel ကေတာ့ အဲ့ဒီ့အခ်ိန္မွာ ေက်ာက္ကပ္တစ္ခုတည္းကို အစားထိုးလဲလွယ္႐ုံနဲ႔ မဟုတ္ဘဲ အလုံးစုံက်န္းမာေရးကိုပါ ကုသမႈယူဖို႔ လိုအပ္ခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။

bipolar ဆိုတာကေတာ့ စိတ္ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အလြယ္ေျပာရရင္ေတာ့ စိတ္အတက္အက်ျမန္တဲ့ ေရာဂါ ျဖစ္ပါတယ္။ bipolar ေရာဂါခံစားရသူေတြဟာ အလြန္အမင္း စိတ္ေပ်ာ္႐ႊင္တာ၊ ဒါမွမဟုတ္ အလြန္အမင္း ဝမ္းနည္းစိတ္ဓာတ္က်တာမ်ိဳးကို ခံစားရတတ္ပါတယ္။ တစ္ခ်ိဳ႕လူေတြမွာ စိတ္ေပ်ာ္ျမဴးတာနဲ႔ စိတ္ဓာတ္က်တာကို တစ္လွည့္စီ ခံစားရတတ္ၿပီး တစ္ခ်ိဳ႕မွာေတာ့ တစ္မ်ိဳးတည္းကိုသာ ခံစားရတတ္တာလည္း ရွိပါတယ္။ ဒီေရာဂါရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ေရာဂါခံစားရသူရဲ႕ စားေသာက္ပုံ၊ ေတြးေခၚေနထိုင္ပုံ၊ ခြန္အားျပည့္ဝမႈ အေျခအေနေတြဟာလည္း ေျပာင္းလဲေနတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အနာသိၿပီျဖစ္လို႔ Sel တစ္ေယာက္လည္း ေဆးဝါးကုသမႈေတြ ခံယူၿပီး ျမန္ျမန္သက္သာ ေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

LaNina

 

RELATED ARTICLES

Most Popular