HomeCelebs Update NewsInternationalသရုပ်ဆောင်များစွာက Disney ကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်နေ

သရုပ်ဆောင်များစွာက Disney ကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Scarlett Johansson ရဲ့ တရားစွဲတဲ့သတင်း ထွက်လာပြီး နောက်မှာတော့ Disney ရဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်များစွာကလည်း Disney ကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မင်းသမီး Scarlett Johansson ကတော့ Black Widow ရုပ်ရှင်ကို Disney+ နဲ့ ရုပ်ရှင်ရုံတွေမှာ တစ်ချိန်တည်း ပြသခဲ့တာကြောင့် တရားစွဲခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိူး တစ်ချိန်တည်းမှာ ပြသခဲ့တာကြောင့် သူမအနေနဲ့ ပိုက်ဆံတွေ ဆုံးရှုံးခဲ့သလို Disney က ဒီရုပ်ရှင်ကို အသုံးပြုပြီး သူတို့ရဲ့ streaming service ကို ကြည့်ရှုသူများလာအောင် ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

Photo via IMDb

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Scarlett Johansson ရဲ့ သတင်း ထွက်ပေါ်လာပြီးနောက်မှာ Disney နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ကြတဲ့ သရုပ်ဆောင်များစွာကလည်း Disney ကို တရားစွဲဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။ အခုလိုမျိူး Scarlett Johansson ရဲ့ သတင်း ထွက်ပေါ်လာတဲ့အချိန်မှာတော့ တခြားသရုပ်ဆောင်တွေကလည်း သူမဘက်ကနေ ရပ်တည်ပေးခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကိုလည်း ဘယ်လိုဖြေရှင်းရမလည်းဆိုတာ စဉ်းစားနေကြကြောင်း ဆိုလာကြပါတယ်။

Warner Bros. ဟာ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေအားလုံးကို ရုပ်ရှင်ရုံနဲ့ HBO Max မှာ တစ်ချိန်တည်း ပြသသွားမယ်လို့ ကြေညာလိုက်ချိန်မှာတော့ ဟောလိဝုဒ်လောကကြီးဟာ တုန်လှုပ်သွားခဲ့ပါတယ်။ Warner Bros. ရဲ့ ဒီဆုံးဖြတ်ချက်ကို သဘောမတူတဲ့အကြောင်း သရုပ်ဆောင်များစွာနဲ့ ဒါရိုက်တာတွေက ထုတ်ပြောခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Warner Bros. ဟာ သရုပ်ဆောင်တွေနဲ့ စာချုပ်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး Will Smith နဲ့ Gal Gadot တို့အပါအဝင် တခြားသရုပ်ဆောင်များစွာကို နစ်နာကြေးအနေနဲ့ စုစုပေါင်း ဒေါ်လာသန်း(၂၅၀)ခန့် ပေးလျော်ခဲ့ရပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Disney ကတော့ စာချုပ်နဲ့ ပတ်သက်ပြီး Warner Bros. လို ပြင်ဆင်မှုတွေ မပြုလုပ်ခဲ့တာကြောင့် အခုလို ပြဿနာတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Scarlett Johansson နဲ့ Disney တို့ရဲ့ အမှုဟာ အဆုံးမသတ်သေးတာကြောင့် ဘယ်လိုတွေ ဆက်ဖြစ်လာမလည်းဆိုတာ မသိရသေးပါဘူး။

ဒါ့အပြင် Cruella ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Emma Stone ကလည်း Disney ကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ သိပ်မကြာခင်မှာတော့ Scarlett Johansson တစ်ယောက်တည်း မဟုတ်တော့ဘဲ သရုပ်ဆောင်များစွာက Disney ကို တရားစွဲတော့မယ်လို့ ယူဆနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Scarlett Johansson ရဲ႕ တရားစြဲတဲ့သတင္း ထြက္လာၿပီး ေနာက္မွာေတာ့ Disney ရဲ႕ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္မ်ားစြာကလည္း Disney ကို တရားစြဲဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

မင္းသမီး Scarlett Johansson ကေတာ့ Black Widow ႐ုပ္ရွင္ကို Disney+ နဲ႔ ႐ုပ္ရွင္႐ုံေတြမွာ တစ္ခ်ိန္တည္း ျပသခဲ့တာေၾကာင့္ တရားစြဲခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဴး တစ္ခ်ိန္တည္းမွာ ျပသခဲ့တာေၾကာင့္ သူမအေနနဲ႔ ပိုက္ဆံေတြ ဆုံးရႈံးခဲ့သလို Disney က ဒီ႐ုပ္ရွင္ကို အသုံးျပဳၿပီး သူတို႔ရဲ႕ streaming service ကို ၾကည့္ရႈသူမ်ားလာေအာင္ ျပဳလုပ္ခဲ့တယ္လို႔ ဆိုထားပါတယ္။

Photo via IMDb

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Scarlett Johansson ရဲ႕ သတင္း ထြက္ေပၚလာၿပီးေနာက္မွာ Disney နဲ႔ အလုပ္အတူ တြဲလုပ္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္မ်ားစြာကလည္း Disney ကို တရားစြဲဖို႔ စဥ္းစားေနၾကတယ္လို႔ သိရပါတယ္။ အခုလိုမ်ိဴး Scarlett Johansson ရဲ႕ သတင္း ထြက္ေပၚလာတဲ့အခ်ိန္မွာေတာ့ တျခားသ႐ုပ္ေဆာင္ေတြကလည္း သူမဘက္ကေန ရပ္တည္ေပးခဲ့ၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္ျပႆနာေတြကိုလည္း ဘယ္လိုေျဖရွင္းရမလည္းဆိုတာ စဥ္းစားေနၾကေၾကာင္း ဆိုလာၾကပါတယ္။

Warner Bros. ဟာ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိလာမယ့္ ႐ုပ္ရွင္ေတြအားလုံးကို ႐ုပ္ရွင္႐ုံနဲ႔ HBO Max မွာ တစ္ခ်ိန္တည္း ျပသသြားမယ္လို႔ ေၾကညာလိုက္ခ်ိန္မွာေတာ့ ေဟာလိဝုဒ္ေလာကႀကီးဟာ တုန္လႈပ္သြားခဲ့ပါတယ္။ Warner Bros. ရဲ႕ ဒီဆုံးျဖတ္ခ်က္ကို သေဘာမတူတဲ့အေၾကာင္း သ႐ုပ္ေဆာင္မ်ားစြာနဲ႔ ဒါ႐ိုက္တာေတြက ထုတ္ေျပာခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Warner Bros. ဟာ သ႐ုပ္ေဆာင္ေတြနဲ႔ စာခ်ဳပ္ေတြကို ျပန္လည္ျပင္ဆင္ခဲ့ၿပီး Will Smith နဲ႔ Gal Gadot တို႔အပါအဝင္ တျခားသ႐ုပ္ေဆာင္မ်ားစြာကို နစ္နာေၾကးအေနနဲ႔ စုစုေပါင္း ေဒၚလာသန္း(၂၅၀)ခန႔္ ေပးေလ်ာ္ခဲ့ရပါတယ္။

photo via screenrant

ဒါေပမယ့္လည္း Disney ကေတာ့ စာခ်ဳပ္နဲ႔ ပတ္သက္ၿပီး Warner Bros. လို ျပင္ဆင္မႈေတြ မျပဳလုပ္ခဲ့တာေၾကာင့္ အခုလို ျပႆနာေတြ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Scarlett Johansson နဲ႔ Disney တို႔ရဲ႕ အမႈဟာ အဆုံးမသတ္ေသးတာေၾကာင့္ ဘယ္လိုေတြ ဆက္ျဖစ္လာမလည္းဆိုတာ မသိရေသးပါဘူး။

ဒါ့အျပင္ Cruella ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့ Emma Stone ကလည္း Disney ကို တရားစြဲဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ သိပ္မၾကာခင္မွာေတာ့ Scarlett Johansson တစ္ေယာက္တည္း မဟုတ္ေတာ့ဘဲ သ႐ုပ္ေဆာင္မ်ားစြာက Disney ကို တရားစြဲေတာ့မယ္လို႔ ယူဆႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular