HomeCharacterShadow-Spider အဖြစ်နဲ့ တယ်လီပို့ လုပ်နိုင်ခဲ့တဲ့ Miles Morales

Shadow-Spider အဖြစ်နဲ့ တယ်လီပို့ လုပ်နိုင်ခဲ့တဲ့ Miles Morales

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Miles Morales ဟာ အသက်ငယ်ငယ်ပဲ ရှိသေးပေမယ့်လည်း Marvel ရဲ့ လူကြိုက်အများဆုံး ဇာတ်ကောင်တွေထဲကတစ်ယောက် ဖြစ်လာပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spider-Man: Into the Spider-Verse ထဲမှာလည်း သူဟာ အဓိက ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့ပြီး နိုဝင်ဘာလထဲမှာလည်း သူ့ရဲ့ဂိမ်းတစ်ခု ထွက်လာဖို့ ရှိပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာလည်း သူနဲ့ပတ်သက်ပြီး တော်တော်လေး မိုက်တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးပါသေးတယ်။ အဲ့ဒီထဲက တစ်ခုကတော့ သူဟာ Shadow-Spider အဖြစ် ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။

အဲ့ဒီအဖြစ်အပျက်ကတော့ Champions ဆိုတဲ့ ကောမစ်စီးရီးထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Man-Thing ဟာ Nova နဲ့ Wasp တို့ကို တယ်လီပို့လုပ်ကာ တစ်နေရာကို ခေါ်ဆောင်သွားပါတယ်။ အဲ့ဒါကြောင့် Miles အပါအဝင် တစ်ခြား Champions အဖွဲ့ဝင်တွေဟာ သူတို့နှစ်ယောက်ကို လိုက်လံရှာဖွေကြပါတယ်။ နောက်ဆုံးမှာတော့ Miles တို့ဟာ သူတို့နှစ်ယောက် ရှိနေတဲ့နေရာကို ရောက်သွားပြီး အဲ့ဒီနေရာမှာရှိတဲ့ အရာအားလုံးဟာ အမြဲတမ်းပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခု ဖြစ်နေပါတော့တယ်။

photo via screenrant

အဲ့ဒီနေရာဟာ သူတို့ရောက်သွားတဲ့အချိန်မှာတော့ အလယ်ခေတ်ပုံစံမျိူး ဖြစ်နေပါတယ်။ အဲ့ဒါကြောင့်ပဲ Champions အဖွဲ့ဝင်တွေဟာ မှတ်ဉာဏ်တွေလည်း ပျောက်ဆုံးသွားသလို အလယ်ခေတ်က ပုံစံမျိူးတွေ ပြောင်းလဲသွားခဲ့ပါတယ်။ ဥပမာ – Totally Awesome Hulk ဖြစ်တဲ့ Amadeus Cho ကတော့ orc မျိူးနွယ် ပန်းပဲသမား ဖြစ်သွားပါတယ်။ Ironheart ဖြစ်တဲ့ Riri တစ်ယောက်တည်းပဲ အရင်က မှတ်ဉာဏ်တွေကို မှတ်မိနေပေမယ့် သူမကိုယ်တိုင်ကလည်း အလယ်ခေတ်တုန်းက paladin ဖြစ်သွားခဲ့ပါတယ်။

Miles ကတော့ အန္တရာယ်များလွန်းပြီး ဓားတိုတွေကို ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်တဲ့ Shadow-Spider အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် သူဟာ တယ်လီပို့ လုပ်နိုင်တဲ့ မှော်ဝတ်ရုံတစ်ခုကိုပါ ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့မှတ်ဉာဏ်တွေပါ ပျောက်သွားတာကြောင့် Miles ဟာ အမြဲတမ်း တစ်ယောက်တည်း နေထိုင်ခဲ့ရတယ်လို့ သူ့ကိုယ်သူ ယုံကြည်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ တစ်ခြား Champions အဖွဲ့ဝင်တွေနဲ့ မပူးပေါင်းချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ တစ်ခြားသူတွေနဲ့ ပူးပေါင်းခဲ့ပြီး မှော်ဝတ်ရုံရဲ့အစွမ်းနဲ့ သူ့ရဲ့အဖွဲ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

photo via screenrant

နောက်ဆုံးမှာတော့ Riri ဟာ Champions အဖွဲ့ဝင်တွေအားလုံးကို စုစည်းနိုင်ခဲ့ပြီး Nova နဲ့ Wasp တို့ကိုပါ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း Nova နဲ့ Wasp တို့ဟာလည်း အဲ့ဒီကမ္ဘာမှာ ရှိနေတဲ့ မကောင်းဆိုးဝါးတွေကြောင့် အရင်လိုမဟုတ်ဘဲ ပျက်စီးနေပါတယ်။ အဲ့ဒီနောက်မှာတော့ Viv Vision ရဲ့ အကူအညီကြောင့် Nova နဲ့ Wasp တို့ အပါအဝင် တစ်ခြား Champions အဖွဲ့ဝင်တွေပါ သူတို့ရဲ့ မှတ်ဉာဏ်ကို ပြန်ပြီးမှတ်မိသွားကြပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့တွေ အားလုံးဟာ အိမ်ပြန်ဖို့အတွက် စီစဉ်ကြပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ Riri ဟာ Miles ကို အဆင်ပြေ၊မပြေ သိရအောင် သွားမေးခဲ့ပါတယ်။

Miles ကတော့ သူဟာ ဘယ်တော့မှ အခုလိုမျိူး တစ်ယောက်တည်း မဖြစ်ချင်ခဲ့ပေမယ့်လည်း ဒီမှော်ဝတ်ရုံကို ဝတ်ဆင်ရတာကို တကယ်ကြိုက်နှစ်သက်ပါတယ်လို့ ပြောခဲ့ပါတယ်။ Miles ရဲ့ ဒီဗားရှင်းကတော့ Spider-Man ရဲ့ စွမ်းအားတွေ ရှိနေတဲ့အပြင် တယ်လီပို့ပါ လုပ်နိုင်တဲ့ မှော်ဝတ်ရုံကို ရရှိထားတာကြောင့် တော်တော်လေး မိုက်နေမယ်ဆိုတာ သေချာပါတယ်။ သူကိုယ်တိုင်ကလည်း အဲ့ဒီဝတ်ရုံကို ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်တာကြောင့် နောက်ထပ် အသစ်ထွက်လာမယ့် ဂိမ်းနဲ့ ဇာတ်လမ်းတွေထဲမှာလည်း Miles ရဲ့ ဒီဗားရှင်းကို မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Miles Morales ဟာ အသက္ငယ္ငယ္ပဲ ရွိေသးေပမယ့္လည္း Marvel ရဲ႕ လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္ေတြထဲကတစ္ေယာက္ ျဖစ္လာပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Spider-Man: Into the Spider-Verse ထဲမွာလည္း သူဟာ အဓိက ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ခဲ့ၿပီး ႏိုဝင္ဘာလထဲမွာလည္း သူ႔ရဲ႕ဂိမ္းတစ္ခု ထြက္လာဖို႔ ရွိပါတယ္။ ဒါ့အျပင္ ေကာမစ္ထဲမွာလည္း သူနဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလး မိုက္တဲ့ အျဖစ္အပ်က္ေတြလည္း ရွိခဲ့ဖူးပါေသးတယ္။ အဲ့ဒီထဲက တစ္ခုကေတာ့ သူဟာ Shadow-Spider အျဖစ္ ေျပာင္းလဲသြားတာပဲ ျဖစ္ပါတယ္။

အဲ့ဒီအျဖစ္အပ်က္ကေတာ့ Champions ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ Man-Thing ဟာ Nova နဲ႔ Wasp တို႔ကို တယ္လီပို႔လုပ္ကာ တစ္ေနရာကို ေခၚေဆာင္သြားပါတယ္။ အဲ့ဒါေၾကာင့္ Miles အပါအဝင္ တစ္ျခား Champions အဖြဲ႕ဝင္ေတြဟာ သူတို႔ႏွစ္ေယာက္ကို လိုက္လံရွာေဖြၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ Miles တို႔ဟာ သူတို႔ႏွစ္ေယာက္ ရွိေနတဲ့ေနရာကို ေရာက္သြားၿပီး အဲ့ဒီေနရာမွာရွိတဲ့ အရာအားလုံးဟာ အၿမဲတမ္းေျပာင္းလဲေနတဲ့ ကမာၻတစ္ခု ျဖစ္ေနပါေတာ့တယ္။

photo via screenrant

အဲ့ဒီေနရာဟာ သူတို႔ေရာက္သြားတဲ့အခ်ိန္မွာေတာ့ အလယ္ေခတ္ပုံစံမ်ိဴး ျဖစ္ေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ Champions အဖြဲ႕ဝင္ေတြဟာ မွတ္ဉာဏ္ေတြလည္း ေပ်ာက္ဆုံးသြားသလို အလယ္ေခတ္က ပုံစံမ်ိဴးေတြ ေျပာင္းလဲသြားခဲ့ပါတယ္။ ဥပမာ – Totally Awesome Hulk ျဖစ္တဲ့ Amadeus Cho ကေတာ့ orc မ်ိဴးႏြယ္ ပန္းပဲသမား ျဖစ္သြားပါတယ္။ Ironheart ျဖစ္တဲ့ Riri တစ္ေယာက္တည္းပဲ အရင္က မွတ္ဉာဏ္ေတြကို မွတ္မိေနေပမယ့္ သူမကိုယ္တိုင္ကလည္း အလယ္ေခတ္တုန္းက paladin ျဖစ္သြားခဲ့ပါတယ္။

Miles ကေတာ့ အႏၲရာယ္မ်ားလြန္းၿပီး ဓားတိုေတြကို ကြၽမ္းကြၽမ္းက်င္က်င္ ပစ္ႏိုင္တဲ့ Shadow-Spider အျဖစ္ ေျပာင္းလဲသြားပါတယ္။ ဒါ့အျပင္ သူဟာ တယ္လီပို႔ လုပ္ႏိုင္တဲ့ ေမွာ္ဝတ္႐ုံတစ္ခုကိုပါ ဝတ္ဆင္ထားပါတယ္။ သူ႔ရဲ႕မွတ္ဉာဏ္ေတြပါ ေပ်ာက္သြားတာေၾကာင့္ Miles ဟာ အၿမဲတမ္း တစ္ေယာက္တည္း ေနထိုင္ခဲ့ရတယ္လို႔ သူ႔ကိုယ္သူ ယုံၾကည္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ တစ္ျခား Champions အဖြဲ႕ဝင္ေတြနဲ႔ မပူးေပါင္းခ်င္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ တစ္ျခားသူေတြနဲ႔ ပူးေပါင္းခဲ့ၿပီး ေမွာ္ဝတ္႐ုံရဲ႕အစြမ္းနဲ႔ သူ႔ရဲ႕အဖြဲ႕ကို ကယ္တင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

photo via screenrant

ေနာက္ဆုံးမွာေတာ့ Riri ဟာ Champions အဖြဲ႕ဝင္ေတြအားလုံးကို စုစည္းႏိုင္ခဲ့ၿပီး Nova နဲ႔ Wasp တို႔ကိုပါ ရွာေတြ႕ခဲ့ပါတယ္။ ဒါေပမယ့္လည္း Nova နဲ႔ Wasp တို႔ဟာလည္း အဲ့ဒီကမာၻမွာ ရွိေနတဲ့ မေကာင္းဆိုးဝါးေတြေၾကာင့္ အရင္လိုမဟုတ္ဘဲ ပ်က္စီးေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Viv Vision ရဲ႕ အကူအညီေၾကာင့္ Nova နဲ႔ Wasp တို႔ အပါအဝင္ တစ္ျခား Champions အဖြဲ႕ဝင္ေတြပါ သူတို႔ရဲ႕ မွတ္ဉာဏ္ကို ျပန္ၿပီးမွတ္မိသြားၾကပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူတို႔ေတြ အားလုံးဟာ အိမ္ျပန္ဖို႔အတြက္ စီစဥ္ၾကပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာပဲ Riri ဟာ Miles ကို အဆင္ေျပ၊မေျပ သိရေအာင္ သြားေမးခဲ့ပါတယ္။

Miles ကေတာ့ သူဟာ ဘယ္ေတာ့မွ အခုလိုမ်ိဴး တစ္ေယာက္တည္း မျဖစ္ခ်င္ခဲ့ေပမယ့္လည္း ဒီေမွာ္ဝတ္႐ုံကို ဝတ္ဆင္ရတာကို တကယ္ႀကိဳက္ႏွစ္သက္ပါတယ္လို႔ ေျပာခဲ့ပါတယ္။ Miles ရဲ႕ ဒီဗားရွင္းကေတာ့ Spider-Man ရဲ႕ စြမ္းအားေတြ ရွိေနတဲ့အျပင္ တယ္လီပို႔ပါ လုပ္ႏိုင္တဲ့ ေမွာ္ဝတ္႐ုံကို ရရွိထားတာေၾကာင့္ ေတာ္ေတာ္ေလး မိုက္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ သူကိုယ္တိုင္ကလည္း အဲ့ဒီဝတ္႐ုံကို ဝတ္ဆင္ရတာကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ ေနာက္ထပ္ အသစ္ထြက္လာမယ့္ ဂိမ္းနဲ႔ ဇာတ္လမ္းေတြထဲမွာလည္း Miles ရဲ႕ ဒီဗားရွင္းကို ျမင္ေတြ႕ရႏိုင္ပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular