HomeCelebs Update NewsInternationalချစ်သူသက်တမ်း(၂)နှစ်မှာ လမ်းခွဲလိုက်ကြပြီဆိုတဲ့ Shawn Mendes နဲ့ Camila Cabello

ချစ်သူသက်တမ်း(၂)နှစ်မှာ လမ်းခွဲလိုက်ကြပြီဆိုတဲ့ Shawn Mendes နဲ့ Camila Cabello

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shawn Mendes နဲ့ Camila Cabello တို့ကတော့ သူတို့ရဲ့ အချစ်ခရီးလမ်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။

အသက်(၂၃)နှစ်အရွယ် Shawn နဲ့ အသက်(၂၄)နှစ်အရွယ် Camila တို့ဟာ အခုလို လမ်းခွဲမယ့်အကြောင်းကိုတော့ ဒီကနေ့ နိုဝင်ဘာလ(၁၈)ရက် လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ အင်စတာဂရမ် စတိုရီမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Photo: camila_cabello/ Instagram

“hey guys, ကျွန်မတို့နှစ်ယောက်ကြားက အချစ်ရေးကို အဆုံးသတ်လိုက်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့် လူသားအနေနဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ချစ်မေတ္တာကတော့ ခိုင်မြဲနေဦးမှာပါ။ ကျွန်မတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ကနေ relationship ကို စတင်ခဲ့တာကြောင့် အရင်းနှီးဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေအဖြစ် ဆက်လက် ရှိနေကြဦးမှာပါ … ”

“ဟိုးအစတည်းကနေ အခုထိ အားပေးလာခဲ့ကြတဲ့ ရှင်တို့ရဲ့ အားပေးမှုတွေကို တန်ဖိုးထားပါတယ် … Camila and Shawn … ” လို့ ပူးတွဲကြေညာချက်မှာ ရေးသားထားတာ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အင်စတာဂရမ် စတိုရီတွေမှာ အသီးသီး တင်ထားတာ တွေ့ရပါတယ်။

Photo: camila_cabello/ Instagram

Shawn နဲ့ Camila တို့ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ချစ်သူတွေအဖြစ် တရားဝင် မတွဲခင်တည်းက နှစ်ပေါင်းများစွာ အရင်းနှီးဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေအဖြစ် ခင်မင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အဲဒီနှစ်ရဲ့ နွေရာသီမှာတော့ လူမြင်ကွင်းမှာ ချစ်ကလူကျီစယ်နေတဲ့ ပုံရိပ်ပေါင်းများစွာ ထွက်ရှိခဲ့ပြီး ဩဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ MTV Video Music Awards ဆုပေးပွဲမှာ စုံတွဲအနေနဲ့ ပထမဆုံး ပွဲတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကိုဗစ်ဖြစ်လာတဲ့အချိန်မှာတော့ မိုင်ယာမီက နေအိမ်မှာ အတူတူ ကွာရန်တင်း နေထိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလဟာ သူတို့နှစ်ယောက်ကို နီးစပ်အောင် ပြုလုပ်ပေးခဲ့တဲ့ အချိန်တွေ ဖြစ်တယ်လို့လည်း Shawn က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။

Shawn ရဲ့ ဆင်ဂယ်လ်သီချင်းဖြစ်တဲ့ Summer of Love ကတော့ Camila နဲ့အတူ နေထိုင်ခဲ့ရတဲ့ လော့ခ်ဒေါင်းကာလတွေကို မှီငြမ်းပြီး ရေးသားထားတာလို့ Shawn က ဆိုပါတယ်။

Photo: camila_cabello/ Instagram

Camila ကလည်း အလားတူပဲ ကိုဗစ်ကာလရဲ့ လော့ခ်ဒေါင်း အခြေအနေကြောင့် သူမတို့နှစ်ယောက်ကြားမှာ ပိုမိုနီးစပ်ခဲ့တဲ့အကြောင်း ပြောထားပါသေးတယ်။ ဒါတင်မက အဲဒီကာလမှာ သူမရဲ့ စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်အခြေအနေတွေကို Shawn က ကူညီပေးခဲ့ကြောင်းလည်း ပြောထားပါသေးတယ်။

ယခုနှစ် ဩဂုတ်လမှာ The Tonight Show Starring Jimmy Fallon မှာ ဧည့်သည်အဖြစ် လာရောက်ခဲ့စဉ်မှာတော့ Camila ရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားတာနဲ့ ပတ်သက်ပြီး Shawn နဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ ကောလာဟလတွေကိုလည်း Camila က ငြင်းဆိုသွားခဲ့ပါသေးတယ်။

Glasgow

Source: people

(Zawgyi Version)

Shawn Mendes နဲ႔ Camila Cabello တို႔ကေတာ့ သူတို႔ရဲ့ အခ်စ္ခရီးလမ္းကို အဆုံးသတ္ဖို႔ ဆုံးျဖတ္လိုက္ၾကပါၿပီ။

အသက္(၂၃)ႏွစ္အရြယ္ Shawn နဲ႔ အသက္(၂၄)ႏွစ္အရြယ္ Camila တို႔ဟာ အခုလို လမ္းခြဲမယ့္အေၾကာင္းကိုေတာ့ ဒီကေန႔ နိုဝင္ဘာလ(၁၈)ရက္ လြန္ခဲ့တဲ့ နာရီပိုင္းအတြင္းကပဲ အင္စတာဂရမ္ စတိုရီမွာ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

Photo: camila_cabello/ Instagram

“hey guys, ကၽြန္မတို႔ႏွစ္ေယာက္ၾကားက အခ်စ္ေရးကို အဆုံးသတ္လိုက္ဖို႔ ကၽြန္မတို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ ဒါေပမယ့္ လူသားအေနနဲ႔ တစ္ေယာက္အေပၚ တစ္ေယာက္ထားတဲ့ ခ်စ္ေမတၱာကေတာ့ ခိုင္ျမဲေနဦးမွာပါ။ ကၽြန္မတို႔ဟာ အခ်စ္ဆုံးသူငယ္ခ်င္းေတြအျဖစ္ကေန relationship ကို စတင္ခဲ့တာေၾကာင့္ အရင္းႏွီးဆုံး မိတ္ေဆြ၊ သူငယ္ခ်င္းေတြအျဖစ္ ဆက္လက္ ရွိေနၾကဦးမွာပါ … ”

“ဟိုးအစတည္းကေန အခုထိ အားေပးလာခဲ့ၾကတဲ့ ရွင္တို႔ရဲ့ အားေပးမွုေတြကို တန္ဖိုးထားပါတယ္ … Camila and Shawn … ” လို႔ ပူးတြဲေၾကညာခ်က္မွာ ေရးသားထားတာ ျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ့ အင္စတာဂရမ္ စတိုရီေတြမွာ အသီးသီး တင္ထားတာ ေတြ႕ရပါတယ္။

Photo: camila_cabello/ Instagram

Shawn နဲ႔ Camila တို႔ဟာ ၂၀၁၉ ခုႏွစ္ ဇူလိုင္လမွာ ခ်စ္သူေတြအျဖစ္ တရားဝင္ မတြဲခင္တည္းက ႏွစ္ေပါင္းမ်ားစြာ အရင္းႏွီးဆုံး မိတ္ေဆြ၊ သူငယ္ခ်င္းေတြအျဖစ္ ခင္မင္လာခဲ့ၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အဲဒီႏွစ္ရဲ့ ေႏြရာသီမွာေတာ့ လူျမင္ကြင္းမွာ ခ်စ္ကလူက်ီစယ္ေနတဲ့ ပုံရိပ္ေပါင္းမ်ားစြာ ထြက္ရွိခဲ့ၿပီး ဩဂုတ္လမွာ ျပဳလုပ္ခဲ့တဲ့ MTV Video Music Awards ဆုေပးပြဲမွာ စုံတြဲအေနနဲ႔ ပထမဆုံး ပြဲတက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ကိုဗစ္ျဖစ္လာတဲ့အခ်ိန္မွာေတာ့ မိုင္ယာမီက ေနအိမ္မွာ အတူတူ ကြာရန္တင္း ေနထိုင္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ကာလဟာ သူတို႔ႏွစ္ေယာက္ကို နီးစပ္ေအာင္ ျပဳလုပ္ေပးခဲ့တဲ့ အခ်ိန္ေတြ ျဖစ္တယ္လို႔လည္း Shawn က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါေသးတယ္။

Shawn ရဲ့ ဆင္ဂယ္လ္သီခ်င္းျဖစ္တဲ့ Summer of Love ကေတာ့ Camila နဲ႔အတူ ေနထိုင္ခဲ့ရတဲ့ ေလာ့ခ္ေဒါင္းကာလေတြကို မွီျငမ္းၿပီး ေရးသားထားတာလို႔ Shawn က ဆိုပါတယ္။

Photo: camila_cabello/ Instagram

Camila ကလည္း အလားတူပဲ ကိုဗစ္ကာလရဲ့ ေလာ့ခ္ေဒါင္း အေျခအေနေၾကာင့္ သူမတို႔ႏွစ္ေယာက္ၾကားမွာ ပိုမိုနီးစပ္ခဲ့တဲ့အေၾကာင္း ေျပာထားပါေသးတယ္။ ဒါတင္မက အဲဒီကာလမွာ သူမရဲ့ စိုးရိမ္ပူပန္လြန္ကဲတဲ့ စိတ္အေျခအေနေတြကို Shawn က ကူညီေပးခဲ့ေၾကာင္းလည္း ေျပာထားပါေသးတယ္။

ယခုႏွစ္ ဩဂုတ္လမွာ The Tonight Show Starring Jimmy Fallon မွာ ဧည့္သည္အျဖစ္ လာေရာက္ခဲ့စဥ္မွာေတာ့ Camila ရဲ့ ဘယ္ဘက္ လက္သူႂကြယ္မွာ လက္စြပ္တစ္ကြင္း ဝတ္ဆင္ထားတာနဲ႔ ပတ္သက္ၿပီး Shawn နဲ႔ ေစ့စပ္လိုက္ၿပီဆိုတဲ့ ေကာလာဟလေတြကိုလည္း Camila က ျငင္းဆိုသြားခဲ့ပါေသးတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular