HomeEntertainmentFilmShe-Hulk: Attorney At Law အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များ

She-Hulk: Attorney At Law အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

She-Hulk: Attorney at Law ဇာတ်လမ်းတွဲကတော့ အပိုင်းသုံးပိုင်း ထွက်ရှိပြီးပြီ ဖြစ်ပြီး ဒီအပိုင်းထဲမှာတော့ Jennifer Walters ဟာ Emil Blonsky ကို အကျဉ်းထောင်ထဲက လွတ်မြောက်ဖို့ ကြိုးစားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲမှာတော့ Megan Thee Stallion ရဲ့ Cameo လည်း ပါဝင်နေပါသေးတယ်။ ဒီအချက်တွေအပြင် တခြားဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ ပါဝင်နေသေးလည်းဆိုတာ အောက်မှာဖော်ပြပေးချင်ပါတယ်။

(1) Wong ရဲ့ LinkedIn Profile

photo via screenrant

အပိုင်း(၂)ထဲမှာတော့ Emil Blonsky ဟာ မြေအောက် Fight Club တစ်ခုမှာ Wong နဲ့ တိုက်ခိုက်နေတဲ့ ဗွီဒီယို ပျံ့နှံ့သွားပါတယ်။ အပိုင်း(၃)ထဲမှာတော့ အဲဒီတိုက်ခိုက်မှုအတွက် Wong ကသာ Emil Blonsky ကို အတင်းခေါ်ဆောင်သွားတာလို့ သိခဲ့ရပါတယ်။ ဒါကြောင့်ပဲ Jennifer Walters ဟာ Wong ကို သက်သေလိုက်ခိုင်းဖို့အတွက် ခြေရာခံခဲ့ပြီး Wong ရဲ့ LinkedIn Profile ကို ရှာတွေ့သွားပါတယ်။

ဒီ Profile ထဲမှာ မြင်တွေ့ရသလို ဆိုရင်တော့ Wong ဟာ အရောင်းဝန်ထမ်းအနေနဲ့ Kamar-Taj ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာတော့ Kamar-Taj ရဲ့ စာကြည့်တိုက်မှူးအနေနဲ့ (၁၁)နှစ်တိတိ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးမှာတော့ Doctor Strange က Thanos ရဲ့ Snap ကြောင့် ပျောက်ဆုံးသွားတဲ့ အချိန်မှာတော့ Wong ဟာ Sorcerer Supreme ဖြစ်လာခဲ့ပါတယ်။

(2) Phase 4 ကို ဝေဖန်နေကြသူတွေကို ပြန်လည်လှောင်ပြောင်ခဲ့တဲ့ Marvel

photo via screenrant

ဒီအပိုင်းထဲမှာတော့ She-Hulk ဇာတ်လမ်းတွဲနဲ့ Phase 4 ကို ဝေဖန်ကြသူတွေကို Marvel က ပြန်လည် လှောင်ပြောင်ခဲ့ပါတယ်။ Phase 4 နဲ့ ပတ်သက်ပြီး ဝေဖန်မှုအများဆုံးကတော့ စူပါဟီးရိုးအသစ် အများစုဟာ မိန်းကလေးတွေပဲ ဖြစ်နေတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ Marvel Cinematic Universe ထဲက လူတွေကလည်း အလားတူပဲ ဝေဖန်မှုတွေ ပြုလုပ်နေကြတာကို ထည့်သွင်းကာ လှောင်ပြောင်သွားပါတယ်။

(3) ပရိသတ်တွေ သိပ်ပြီးသတိမထားမိကြတဲ့ Cameo

photo via screenrant

ဒီအပိုင်းထဲမှာတော့ Megan Thee Stallion Cameo ပါဝင်တယ်ဆိုတာ လူတိုင်းသိကြပေမယ့်လည်း ပရိသတ်တွေ သတိမထားမိလိုက်ကြတဲ့ နောက်ထပ် Cameo တစ်ခု ပါဝင်နေပါတယ်။ အဲဒါကတော့ ၂၀၁၁ ခုနှစ်မှာ Abomination ကို တရားစွဲခဲ့တဲ့ ရှေ့နေ Gideon Wilson လည်း ပြန်လည်ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Gideon Wilson ဟာ ဝန်ကြီးဟောင်းတစ်ယောက် ဖြစ်ပြီး Sam Wilson(Falcon) ရဲ့အစ်ကိုလည်း ဖြစ်ပါတယ်။

(4) Light Elf

photo via screenrant

ဒီအပိုင်းထဲမှာတော့ Light Elf တစ်ယောက်ဖြစ်တဲ့ Rune ဟာ သူမရဲ့ အသွင်ပြောင်းနိုင်စွမ်းကို အသုံးချပြီး အပျော်လျှောက်လုပ်နေတာကို တွေ့ရပါတယ်။ သူမဟာ Asgard က သံတမန်တစ်ယောက်ရဲ့ သမီးဖြစ်ပြီး သူတို့ မိသားစုဟာလည်း New Asgard မှာ နေထိုင်ကြပုံပေါ်ပါတယ်။ အရင်ကတည်းက Svartalfheim မှာ နေထိုင်ကြတဲ့ Light Elf တွေကို Mention ပြုလုပ်ခဲ့ဖူးပေမယ့်လည်း ယခုအချိန်မှသာ Light Elf ကို ပထမဦးဆုံး မြင်တွေ့ရတာ ဖြစ်ပါတယ်။

(5) Sorcerer Supreme ဖြစ်တာ သိပ်မကြာသေးတဲ့ Wong

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Jennifer Walters ဟာ Wong ကို သက်သေလိုက်ပေးဖို့အတွက် ဆက်သွယ်ခဲ့ပြီး Wong ကလည်း Jennifer ဆီကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Emil Blonsky ပြောတဲ့ စကားတွေက အမှန်တွေ ဖြစ်ပါတယ်လို့လည်း Wong က ဆိုပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့ Wong ဟာ Emil Blonsky နဲ့ တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းဟာ Sorcerer Supreme ဖြစ်လာဖို့အတွက် စမ်းသပ်မှုတွေထဲကတစ်ခုလို့ ပြောသွားတာပါပဲ။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ Shang-Chi ရုပ်ရှင်အတွင်းမှာ ဖြစ်ပျက်ခဲ့တာကြောင့် Wong ဟာ Shang-Chi ရုပ်ရှင် ဇာတ်အိမ်တည်ထားတဲ့ အချိန်အတွင်းမှသာ Sorcerer Supreme ဖြစ်လာတယ်လို့ သိနိုင်ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၇ သို့မဟုတ် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ Sorcerer Supreme ‌နေရာဟာ လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Wong ဟာ Jennifer နဲ့ စကားပြောနေစဉ်အတွင်း Spider-Man: No Way Home ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Runes of Kof-Kol ကိုလည်း Mention သွားသလို Mirror Dimension နဲ့ Shadow Dimension တို့ကိုလည်း Mention လုပ်သွားပါတယ်။

(6) She-Hulk ရဲ့ ကောမစ်ထဲက Origin

photo via screenrant

ကောမစ်ထဲမှာတော့ ဒုစရိုက်သမားတစ်ယောက်ဟာ Jennifer Walters ကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့် Bruce ဟာ Jennifer ကို အရေးပေါ် အသက်ကယ်ဖို့အတွက် သူ့ရဲ့သွေးတွေကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Jennifer Walters ဟာ She-Hulk အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း MCU ကတော့ ထုံးစံအတိုင်းပဲ သူမရဲ့ Origin ကို ပြောင်းလဲခဲ့ပြီး ဒီအပိုင်းထဲမှာတော့ ကောမစ်ထဲက Origin ကို Mention လုပ်သွားပါတယ်။ Jennifer ဟာ Emil Blonsky ရဲ့အမှုကို ရှေ့နေလိုက်အပြီး ထောင်ထဲက ထွက်လာတဲ့အချိန်မှာ သတင်းထောက်တစ်ယောက်က “မာဖီးယားတစ်ယောက်ရဲ့ လက်ချက်ကြောင့် She-Hulk အဖြစ် ပြောင်းလဲသွားခဲ့တာ ဟုတ်ပါသလား”လို့ မေးမြန်းခဲ့ပါတယ်။

(7) The Wrecking Crew

photo via screenrant

ဒီအပိုင်းရဲ့ နောက်ဆုံးအခန်းမှာတော့ She-Hulk ဟာ လူတစ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ သူတို့ကို Wrecking Crew လို့ ခေါ်ပါတယ်။ သူတို့ဟာ မိုးကြိုးပစ်ချခံရတာကြောင့် စွမ်းအားတွေ ရရှိသွားကြတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ Thor နဲ့တောင် မကြာခဏ တိုက်ခိုက်ခဲ့ဖူးပါတယ်။ MCU ဗားရှင်းရဲ့ Wrecking Crew ကတော့ Asgardian ဆောက်လုပ်ရေးသမား တစ်ယောက်ဆီက ဓားပြတိုက်လာတဲ့ Mystical Tool တွေပဲ ရှိပြီး ကိုယ်ပိုင်စွမ်းအားတွေတော့ မရှိကြပါဘူး။

သူတို့တွေဟာ She-Hulk ရဲ့ DNA ကို လိုချင်ကြတာ ဖြစ်ပြီး နောက်ကွယ်မှာ တစ်ယောက်ယောက်က သူတို့ကို စေခိုင်းထားတယ်ဆိုတာလည်း ပြသသွားပါတယ်။ လောလောဆယ်မှာတော့ Wrecking Crew ရဲ့ Boss ဟာ ဘယ်သူမှန်း သေချာမသိရသေးသလို ဒီဇာတ်လမ်းတွဲရဲ့ အဓိကဗီလိန်က ဘယ်သူဆိုတာလည်း မသိရပါသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် She-Hulk ဇာတ်လမ်းတွဲကတော့ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ကောင်းလာပါပြီ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular