HomeEntertainmentFilmအပိုင်း(၃)ထဲမှာ She-Hulk ကို ဘယ်သူက တိုက်ခိုက်ခိုင်းခဲ့တာလဲ?

အပိုင်း(၃)ထဲမှာ She-Hulk ကို ဘယ်သူက တိုက်ခိုက်ခိုင်းခဲ့တာလဲ?

She-Hulk ဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)ကတော့ မကြာသေးခင်ကပဲ Disney+ ကနေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ သူမဟာ Emil Blonsky ကို ထောင်ထဲက လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းတာကို တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ လူတစ်စုဟာ She-Hulk ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး သူတို့ဟာ She-Hulk ရဲ့ DNA ကို လိုချင်နေကြပုံပေါ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အဲဒီလူတွေကို ဘယ်သူက စေခိုင်းထားတာ ဖြစ်နိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

(1) Titania

photo via screenrant

Titania ကတော့ အဲဒီလူမိုက်တစ်စုကို စေခိုင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ အပိုင်း(၁)ထဲမှာတော့ She-Hulk နဲ့ Titania တို့ဟာ တရားခွင်မှာ တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒီကိစ္စကို Titania ဟာ အငြိုးအတေး ထားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Social Media Influencer ဖြစ်တာကြောင့် သူမရဲ့ကျော်ကြားမှုကို အသုံးချပြီး သူမရဲ့ပရိသတ်အချို့ကို She-Hulk ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ဖော်ထုတ်ဖို့ ခိုင်းစေထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူမဟာ She-Hulk ရဲ့ DNA ကို အသုံးပြုပြီး သူမကိုယ်သူမလည်း Hulk အဖြစ် ပြောင်းလဲချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(2) Kingpin

photo via screenrant

Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲထဲက Kingpin ဟာလည်း Hawkeye ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တာကြောင့် သူဟာ MCU ထဲကို ရောက်ရှိလာပါပြီ။ New York ရဲ့ ဒုစရိုက်ခေါင်းဆောင် Kingpin ဟာ Los Angeles ကို နယ်ချဲ့ချင်နေတာ ဖြစ်နိုင်ပြီး She-Hulk ဟာ သူ့ရဲ့အစီအစဉ်တွေကို အဟန့်အတား ဖြစ်စေတာကြောင့် ယခုလိုမျိူး ခိုင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲထဲမှာတော့ Daredevil လည်း ပါဝင်လာမှာ ဖြစ်တာကြောင့် Kingpin လည်း ပါဝင်လာနိုင်ပါသေးတယ်။

(3) Valentina

photo via screenrant

Valentina ကတော့ Thunderbolts အဖွဲ့ကို ဖွဲ့စည်းနေတာပဲ ဖြစ်ပြီး လောလောဆယ်မှာတော့ သူမဟာ U.S. Agent နဲ့ Yelena Belova တို့ကို ဆွဲဆောင်ပြီးပြီ ဖြစ်ပါတယ်။ သူမဟာ Thunderbolts အဖွဲ့အတွက် သူမရဲ့ကိုယ်ပိုင် Hulk ကို လိုချင်တာကြောင့် She-Hulk ရဲ့ DNA ကို ရယူနိုင်ဖို့ ကြိုးစားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ Thunderbolts ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

(4) The Leader

photo via screenrant

The Incredible Hulk ရုပ်ရှင်ထဲက The Leader ဟာလည်း ဒီလူမိုက်တွေကို ခိုင်းထားတာ ဖြစ်နိုင်ပါတယ်။ The Incredible Hulk ရုပ်ရှင်ပြီးကတည်းက သူ့ကို ထပ်ပြီးမမြင်တွေ့ရတော့တာ ဖြစ်ပေမယ့်လည်း ယခုအချိန်မှာတော့ Marvel ဟာ ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ Reference တွေ ထည့်သွင်းနေတာကြောင့် သူဟာလည်း ပြန်လည် ပါဝင်လာနိုင်ပါတယ်။ သူဟာလည်း Genius တစ်ယောက် ဖြစ်တာကြောင့် She-Hulk ရဲ့ DNA ကို အသုံးပြုပြီး တစ်ခုခုပြုလုပ်ချင်နေတာ ဖြစ်နိုင်ပါတယ်။

(5) ဇာတ်ကောင်အသစ်

photo via screenrant

နောက်ဆုံးဖြစ်နိုင်ချေကတော့ ဒီလူမိုက်တွေကို စေခိုင်းခဲ့သူကတော့ MCU ပရိသတ်တွေ မမြင်ရသေးတဲ့ ဇာတ်ကောင်အသစ် တစ်ယောက်ယောက် ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် She-Hulk ဇာတ်လမ်းတွဲကတော့ ဇာတ်ကောင်အသစ်တွေများစွာ ပါဝင်လာမှာ ဖြစ်ပါတယ်။ လောလောဆယ်အထိတော့ ဒီဇာတ်လမ်းတွဲရဲ့ ဗီလိန်အစစ်ဟာ ဘယ်သူမှန်း မသိရသေးတာကြောင့် စိတ်ဝင်စားစရာတော့ ကောင်းနေပါပြီ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular