HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲ အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်များ

She-Hulk ဇာတ်လမ်းတွဲ အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်များ

She-Hulk: Attorney at Law ဇာတ်လမ်းတွဲရဲ့ အပိုင်း(၈)ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး နောက်ထပ်တစ်ပိုင်းဆိုရင် ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Daredevil ကိုလည်း မြင်တွေ့ခဲ့ရပြီး ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ She-Hulk ဟာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကို ပြသသွားပါတယ်။

Leap-Frog

photo via screenrant

ဒီအပိုင်းထဲမှာတော့ ဇာတ်ကောင်အသစ် ဖြစ်တဲ့ Leap-Frog ကို မြင်တွေ့ခဲ့ရပါတယ်။ Leap-Frog ဟာ ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Leap-Frog ဟာ သူ့ရဲ့ဝတ်စုံကို ကိုယ်တိုင်တီထွင်ခဲ့တာ ဖြစ်ပြီး စစချင်းမှာတော့ ဒီဝတ်စုံကို အသုံးပြုပြီး ရာဇဝတ်ကောင်အနေနဲ့ လှုပ်ရှားခဲ့ပါတယ်။ MCU ထဲက Leap-Frog ကတော့ ပိုက်ဆံချမ်းသာတာကြောင့် Luke Jacobson ကို ဝတ်စုံဖန်တီးခိုင်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် MCU ထဲက Leap-Frog ကလည်း တကယ့် သူရဲကောင်းစိတ်ဓာတ်ရှိလို့ ဟီးရိုးလုပ်နေတာ မဟုတ်ဘဲ ပေါ်ပင်လုပ်နေတဲ့ ပုံစံမျိူးအဖြစ် ပြောင်းလဲထားပါတယ်။

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဆိုကိုဗီးယားစာချုပ်

photo via screenrant

Matt Murdock ဟာ Luke Jacobson ကို တရားရုံးမှာ ကာကွယ်နေတဲ့ အချိန်မှာတော့ ဆိုကိုဗီးယားစာချုပ်ဟာ မကြာခင်ကပဲ ဖျက်သိမ်းလိုက်ပြီလို့ ပြောသွားပါတယ်။ ဆိုကိုဗီးယားစာချုပ်ကတော့ Avengers တွေရဲ့ Civil War ကို ဖြစ်လာစေတဲ့ အဓိကအကြောင်းပြချက်လည်း ဖြစ်ပါတယ်။

ဒီစာချုပ်အရ ဆိုရင်တော့ စွမ်းအားရှိနေတဲ့ လူတွေအားလုံးဟာ အစိုးရကို နာမည်စာရင်းပေးထားရမှာ ဖြစ်ပြီး အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့လည်း လှုပ်ရှားပိုင်ခွင့် မရှိပါဘူး။ ဆိုကိုဗီးယားစာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဟီးရိုးတွေဟာ သူတို့ရဲ့ Secret Identity ကို ဆက်လက်ဖုံးကွယ်နိုင်ခွင့် ရှိသွားပြီး Jennifer တောင်းဆိုသလို Luke Jacobson ရဲ့ Client စာရင်းကို ချပြလိုက်မယ်ဆိုရင် Matt Murdock အပါအဝင် ဟီးရိုးအများစုရဲ့ Secret Identity တွေ ပေါ်ကုန်မှာ ဖြစ်ပါတယ်။

Wakanda ကလှံ

photo via screenrant

ဒီအပိုင်းထဲက ကြောင်တောင်တောင်အနိုင်ဆုံး ဇာတ်ဝင်ခန်းတစ်ခုကတော့ Todd ဟာ Jennifer နဲ့ တွေ့ဖို့အတွက် အတင်းဖိအားပေးခဲ့ပြီး Wakanda ရဲ့ လှံကို ဒေါ်လာတစ်သန်းနဲ့ လေလံအောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ Todd ရဲ့ ပြောစကားအရ ဆိုရင်တော့ Wakanda ဟာ အဲဒီလှံကို ပြန်လိုချင်နေပြီး ဒီအချက်ဟာလည်း She-Hulk ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခုခုနဲ့ သက်ဆိုင်နေနိုင်ပါတယ်။

Daredevil ရဲ့ Hallway Scene

photo via screenrant

Netflix က ဖန်တီးခဲ့တဲ့ Daredevil ဇာတ်လမ်းတွဲထဲမှာတော့ Season 1 ကနေ စတင်ပြီး နောက်ဆုံးအထိ Hallway ထဲမှာ လူဆိုးတွေနဲ့ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်း ပါဝင်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ Hallway Scene ဟာ Daredevil ရဲ့ အထင်ကရ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်လာခဲ့ပြီး ဒီအပိုင်းထဲမှာလည်း Daredevil ရဲ့ Hallway Scene ကို ပြန်လည်ဖန်တီးထားပါတယ်။ ဒါပေမယ့်လည်း She-Hulk က ဝင်ရောက်လာတာကြောင့် ဒီ Hallway Scene ကိုတော့ အဆုံးထိ မကြည့်ရှုလိုက်ရပါဘူး။

Red Hulk

photo via screenrant

ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Red Hulk ပါဝင်လာမယ်လို့ ခန့်မှန်းထားကြသလို အဓိကဗီလိန်ကလည်း Red Hulk ဖြစ်နေနိုင်တယ်လို့ ပြောကြပါတယ်။ ဒီအပိုင်းရဲ့ အဆုံးသတ်အနားမှာတော့ Jennifer ဟာ Fourth Wall ချိူးဖောက်ပြီး နောက်ဆုံးအပိုင်းထဲမှာ Red Hulk ပါလာနိုင်မလားဆိုပြီး ပြောသွားပါတယ်။ ဒါ့အပြင် Jennifer ရဲ့ Privacy တွေကို လူထုကို ချပြခဲ့တဲ့ HulkKing ဆိုသူကရော ဘယ်သူဖြစ်နေမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular