HomeEntertainmentFilmShe-Hulk ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ

She-Hulk ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ

She-Hulk ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ ပရိသတ်တွေ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ခဲ့ရပြီး She-Hulk ရဲ့ ထူးခြားတဲ့ Fourth Wall ချိူးဖောက်မှုကိုလည်း ထပ်မံမြင်တွေ့ခဲ့ရပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ She-Hulk ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Incredible Hulk TV Series

photo via screenrant

ဒီအပိုင်းရဲ့အစမှာတော့ ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Incredible Hulk TV Series ရဲ့ ပုံစံအတိုင်းပဲ ပြသသွားတာကို တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းတွဲကိုတော့ CBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ CBS ရုပ်သံလိုင်းဟာ Hulk ကို အခြေခံပြီး Hulk ရဲ့ အမျိူးသမီးဗားရှင်းကို ဖန်တီးကာ မူပိုင်ခွင့်ရရှိသွားမှာ စိုးရိမ်တာကြောင့် Marvel ဟာ She-Hulk ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အကြောင်းကတော့ CBS ရုပ်သံလိုင်းဟာ Incredible Hulk ဇာတ်လမ်းတွဲမတိုင်ခင်မှာ တခြားဇာတ်လမ်းရဲ့ ဇာတ်ကောင်ကို မိန်းကလေးဗားရှင်း ဖန်တီးပြီး မူပိုင်ခွင့် ရယူခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် Incredible Hulk TV Series ရဲ့ အထင်ကရစကားဖြစ်တဲ့ “ငါ့ကို စိတ်ဆိုးအောင် မလုပ်နဲ့။ ငါဒေါသထွက်လာရင် မင်းသဘောကျမှာ မဟုတ်ဘူး …” ဆိုတဲ့ စကားကိုလည်း ထည့်သွင်းခဲ့ပါတယ်။

(2) The Savage She-Hulk

photo via screenrant

ဒီဇာတ်ဝင်ခန်း‌တွေကို ပြသပြီးနောက်မှာတော့ The Savage She-Hulk ဆိုပြီး စာတန်းထိုးသွားပါတယ်။ ဒီနာမည်ကတော့ ကောမစ်ထဲမှာ ပထမဦးဆုံး ပါဝင်တုန်းက She-Hulk ကောမစ်ရဲ့ နာမည်လည်း ဖြစ်ပါတယ်။ နာမည်ကသာ Savage လို့ ပေးထားပေမယ့်လည်း She-Hulk ဟာ Hulk လိုမျိူး အသိစိတ်မရှိတော့တာ မဟုတ်ဘဲ သာမန်အသိစိတ် ရှိနေတဲ့ Hulk ပဲ ဖြစ်ပါတယ်။ Marvel ဟာ မကြာခင်ကပဲ ကောမစ်ထဲမှာ She-Hulk ကို အသိစိတ်မရှိတော့တဲ့ ပုံစံမျိူး ဖန်တီးခဲ့ပေမယ့်လည်း ဒီဗားရှင်းကိုတော့ ပရိသတ်တွေဟာ သိပ်မကြိုက်ခဲ့ကြပါဘူး။

(3) Inhibitor

photo via screenrant

Bruce Banner ကတော့ Smart Hulk ပုံစံကနေ လူသားအဖြစ် ပြန်လည် ပြောင်းလဲနိုင်ဖို့အတွက် Inhibitor ဆိုတဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒီစက်ပစ္စည်းဟာ Hulk တိုင်းကို လူသားအဖြစ် ပြန်လည် ပြောင်းလဲသွားနိုင်စွမ်း ရှိပါတယ်။ ဒီအပိုင်းထဲမှာလည်း Jennifer Walters ဟာ ရှေ့နေ့ဆုပေးပွဲမှာ သောင်းကျန်းခဲ့တာကြောင့် She-Hulk အဖြစ် ပြန်လည်မပြောင်းလဲနိုင်တော့အောင် Inhibitor ကို တပ်ဆင်ခဲ့ရပါတယ်။

(4) Mandrill

photo via screenrant

ဒီအပိုင်းထဲက Intelligencia အဖွဲ့ကို စုံစမ်းနေတဲ့ အချိန်မှာတော့ မျောက်ဝံခေါင်းပုံစံ စတစ်ကာလေးကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ကောမစ်ထဲက Classic ဗီလိန်တစ်ယောက် ဖြစ်တဲ့ Mandrill ကို ရည်ညွှန်းထားတဲ့ Easter Egg ဖြစ်ပါတယ်။ Mandrill ကတော့ စိတ်ထိန်းချုပ်နိုင်စွမ်းရှိတဲ့ Mutant တစ်ယောက်ပဲ ဖြစ်ပြီး အမျိူးသမီးတွေကို အထင်သေးတတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ကောမစ်ထဲမှာတော့ She-Hulk နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။

(5) Lady Thor

photo via screenrant

Intelligencia အဖွဲ့ဝင်တွေဟာလည်း အမျိူးသမီးတွေကို အထင်သေးကြသူတွေပဲ ဖြစ်ကြပြီး MCU Phase 4 ထဲမှာ စူပါဟီးရိုးအသစ်တွေ ဖြစ်လာတဲ့ အမျိူးသမီးတွေကို ဝေဖန်နေကြတာလည်း တွေ့ရပါတယ်။ အဲဒီအချိန်မှာတော့ Thor: Love and Thunder ထဲက Jane Foster အကြောင်းကို ပြောနေကြတာ တွေ့ရပါတယ်။ MCU ထဲမှာတော့ Jane Foster ဟာ Thor အဖြစ် အချိန်အနည်းငယ်ပဲ ဖြစ်ခဲ့တာကြောင့် She-Hulk ဇာတ်လမ်းတွဲနဲ့ Thor: Love and Thunder တို့ဟာ အချိန်သိပ်မကွာမှန်း သိခဲ့ရပါတယ်။

(6) Fourth Wall ချိူးဖောက်ခဲ့တဲ့ She-Hulk

photo via screenrant

She-Hulk ကတော့ ကောမစ်ထဲမှာ မကြာခဏ  Fourth Wall ချိူးဖောက်သူအဖြစ် လူသိများပြီး ဇာတ်လမ်းဖန်တီးသူတွေနဲ့တောင် စကားပြောခဲ့ဖူးပါတယ်။ ဒီအပိုင်းထဲမှာလည်း She-Hulk ဟာ ကောမစ်ထဲကလိုပဲ Fourth Wall ချိူးဖောက်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူမဟာ Disney+ ရဲ့ Menu ဆီကို ထွက်သွားပြီး Marvel Studios Assembled ထဲကို ဝင်ရောက်သွားကာ ဇာတ်ညွှန်းရေးဆရာတွေနဲ့ စကားပြောခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့  ဇာတ်ညွှန်းအဖွဲ့ရဲ့ခေါင်းဆောင် Jessica Gao ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

(7) Skaar

photo via screenrant

Marvel ရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ နောက်ထပ်ပရောဂျက်အတွက် Setup ပြုလုပ်သွားပါသေးတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Hulk ဟာ Sakaar ဂြိုဟ်ကနေ ပြန်ရောက်လာပြီး သူ့ရဲ့သားဖြစ်တဲ့ Skaar ကို Jennifer ရဲ့ မိသားစုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ Hulk ဟာ Sakaar ဂြိုဟ်ပေါ်မှာ နေထိုင်ခဲ့တုန်းက ကလေးရခဲ့တယ်ဆိုတဲ့ သီအိုရီဟာ အမှန်တကယ် ဖြစ်လာပါတယ်။ ဒီအချက်ကြောင့်လည်း She-Hulk ဇာတ်လမ်းတွဲရဲ့အစမှာ အာကာသယာဉ်တစ်စီးက Hulk ကို လာရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ Hulk ရဲ့ သားဖြစ်တဲ့ Skaar ကတော့ Young Avengers ထဲမှာ ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular