HomeCharacterJennifer Walters ရဲ့ ကောမစ်ထဲက She-Hulk Origin

Jennifer Walters ရဲ့ ကောမစ်ထဲက She-Hulk Origin

*** Spoiler Alert ***

She-Hulk: Attorney at Law ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ Disney+ က စတင်ထုတ်လွှင့်နေပါတယ်။ လောလောဆယ်မှာတော့ အပိုင်း(၁)ပဲ ထွက်ရှိသေးပြီး ဒီအပိုင်းထဲမှာတော့ Jennifer Walters ဟာ She-Hulk ဘယ်လိုဖြစ်လာတဲ့အကြောင်းကို ပြသထားပါတယ်။ MCU ကတော့ ထုံးစံအတိုင်းပဲ Jennifer Walters ရဲ့ She-Hulk Origin ကို ပြောင်းလဲပစ်ခဲ့တာကြောင့် ဒီတစ်ခါမှာတော့ ကောမစ်ထဲက She-Hulk ရဲ့ Origin ကို ဖော်ပြပေးချင်ပါတယ်။

ကောမစ်ထဲမှာတော့ Jennifer Walters ဟာ Nicholas Trask ဆိုတဲ့ ဒုစရိုက်ခေါင်းဆောင်ရဲ့ လက်အောက်ငယ်သားတစ်ယောက်က သေနတ်နဲ့ ပစ်သွားတာကို ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ Jennifer ကို ကယ်တင်ဖို့အတွက် Bruce Banner ဟာ သူ့ရဲ့သွေးတွေကို အရေးပေါ်သွင်းပေးခဲ့ရပါတယ်။ Bruce ရဲ့ သွေးထဲမှာတော့ Gamma Radiation တွေ ရှိနေတာကြောင့် ဒီသွေးတွေဟာ Jennifer ကို အသက်ကယ်ပေးရုံတင် မဟုတ်ဘဲ She-Hulk ပါ ဖြစ်သွားစေခဲ့ပါတယ်။

photo via screenrant

အဲဒီနောက်မှာတော့ Nicholas Trask ရဲ့ လူတွေဟာ Jennifer ကို အပြီးတိုင် ရှင်းပစ်ဖို့အတွက် ဆေးရုံကို ရောက်ရှိလာကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ပထမဆုံးအကြိမ် She-Hulk အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အစတုန်းကတော့ Jennifer ဟာ သူမရဲ့ဒေါသကြောင့် She-Hulk အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပြီး ဒီလိုဒေါသကြောင့် ပြောင်းလဲသွားတာဟာ တစ်ကြိမ်ပဲ ဖြစ်ခဲ့ပါတယ်။

ကောမစ်ထဲမှာတော့ သူမဟာ She-Hulk အဖြစ် ပြောင်းလဲသွားတာကို ထိန်းချုပ်ဖို့ ဒီဇာတ်လမ်းတွဲထဲကထက် အချိန်အနည်းငယ် ပိုလိုအပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အမြဲတမ်း She-Hulk ပုံစံနဲ့ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်ပြီး She-Hulk ဖြစ်နေချိန်မှာလည်း သူမဟာ အသိစိတ် ရှိနေပါသေးတယ်။

photo via screenrant

MCU ကတော့ ဇာတ်ကောင်အများစုရဲ့ Origin တွေကို အနည်းငယ်လောက်ပဲဖြစ်ဖြစ် ပြောင်းလဲလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ She-Hulk ရဲ့ MCU ထဲက Origin ဟာလည်း အဖြစ်အပျက် ကွာခြားသွားပေမယ့် Bruce ရဲ့ သွေးကြောင့် ပြောင်းလဲသွားတယ်ဆိုတဲ့ အချက်ကတော့ တူညီနေပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူနဲ့ ခေါင်းဆောင်ဇာတ်ညွှန်းရေးဆရာ ဖြစ်တဲ့ Jessica Gao ရဲ့ ပြောစကားအရ ဆိုရင်တော့ ကောမစ်ထဲကလိုမျိူး ဒုစရိုက်သမားတွေရဲ့ ပစ်ခတ်ခြင်းကို ထည့်သွင်းလိုက်ရင် ဒီဇာတ်လမ်းတွဲရဲ့ Comedy Nature က ပျက်စီးသွားနိုင်တာကြောင့် ပြောင်းလဲခဲ့တာလို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular