HomeCelebs Update NewsInternationalချစ်သူဟောင်းရဲ့တရားစွဲမှုကြောင့် Netflix ရဲ့ ဆုရွေးချယ်မယ့်စာရင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ Shia LaBeouf

ချစ်သူဟောင်းရဲ့တရားစွဲမှုကြောင့် Netflix ရဲ့ ဆုရွေးချယ်မယ့်စာရင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ Shia LaBeouf

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Shia LaBeouf ဟာ ချစ်သူဟောင်း FKA twigs ရဲ့ တရားစွဲဆိုမှုကြောင့် Netflix ရဲ့ ဆုရွေးချယ်မယ့် သရုပ်ဆောင်စာရင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

Shia LaBeouf ရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ Pieces of a Woman ဟာ မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပြီး လာမယ့်ဇန်နဝါရီလ(၇)ရက်နေ့မှာတော့ အဆိုပါဇာတ်ကားကို Netflix မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ပါဝင်ထားတဲ့ သရုပ်ဆောင်နှစ်ယောက်ကတော့ Vanessa Kirby နဲ့ Shia LaBeouf တို့ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သားဦးကလေးကို အိမ်မှာ မွေးဖွားဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာပဲ ကလေးကို ဆုံးရှုံးလိုက်ရတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်း ဖြစ်ပါတယ်။

©Pieces Film

ခေါင်းဆောင်မင်းသမီး Vanessa Kirby ဟာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးမင်းသမီးဆုအတွက် လျာထားခံနေရပါတယ်။ သို့ပေမယ့် Shia ကတော့ ချစ်သူဟောင်း FKA twigs ရဲ့ တရားစွဲဆိုမှုကြောင့် ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ပဏာမအကြို ရွေးချယ်မယ့်စာရင်းကနေ ထုတ်ပယ်ခံလိုက်ရပြီး ဇာတ်လမ်းအကျဉ်းနေရာမှာပါ နာမည်ကို ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

အကြောင်းကတော့ ယခုလအစောပိုင်းမှာ Shia ဟာ ချစ်သူဟောင်းဖြစ်တဲ့ အဆိုတော် FKA twigs ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရလို့ ဖြစ်ပါတယ်။ FKA twigs ကတော့ လိင်အကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေနဲ့ Shia ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Photo: fkatwigs/ Instagram

သူမရဲ့အဆိုအရ Shia ဟာ သူမရဲ့လက်မောင်းကို သွေးခြေဥတဲ့အထိ ဆွဲညှစ်တာမျိုးတွေ ပြုလုပ်လေ့ရှိပြီး ချစ်သူနှစ်ဦး အတူနေထိုင်တဲ့ နေအိမ်ကနေ ထွက်ခွာသွားဖို့ ကြိုးစားခဲ့စဉ်ကလည်း သူမကို အတင်းကာရော ဖမ်းချုပ်ကာ အခန်းထဲမှာ သော့ပိတ်ထားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် အခြားဖြစ်ရပ်များစွာလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရပ်တွေ ကြုံခဲ့ပေမယ့် မင်းသားရဲ့အလုပ်ကို ထိခိုက်မှာစိုးလို့ ဖြစ်ဖြစ်ချင်းတည်းက ရဲကိုမတိုင်ခဲ့တာပါလို့ ဆိုထားပါတယ်။

ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး Shia ဟာ သူ့အနေနဲ့ သူ့ရဲ့လုပ်ရပ်တွေကြောင့် အခြားသူတွေ ဘယ်လိုခံစားရမယ်ဆိုတာ ပြောပြလို့ရတဲ့ အခြေအနေမှာ မရှိပါဘူးလို့ The New York Times သတင်းစာဆီ ပေးပို့တဲ့ အီးမေးလ်တွေထဲမှာ ဆိုထားပါတယ်။

Photo: shia.labeouf.fan/ Instagram

“ကျွန်တော့်ရဲ့ အရက်စွဲနေတဲ့ ပြဿနာရယ် ကမူးရှူးထိုးနဲ့ ရန်လိုတတ်တဲ့ အပြုအမူတွေရယ်နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဘာဆင်ခြေမှ ပေးစရာ မရှိပါဘူး။ ရှာကြံပြီး အကြောင်းပြတာမျိုးပဲ ပြောလို့ရမှာပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုရော၊ ကျွန်တော့်ဘေးမှာ ရှိနေတဲ့ လူတွေကိုရော နှစ်နဲ့ချီပြီး အကြမ်းဖက်လာခဲ့မိတဲ့ လူတစ်ယောက်ပါ … ”

“ကျွန်တော်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့လူတွေကို နာကျင်အောင် ပြုလုပ်မိတဲ့အဖြစ်တွေ ကျွန်တော့်ရာဇဝင်မှာ ရှိခဲ့ပါတယ်။  အဲ့ဒီ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အရှက်ရမိသလို ကျွန်တော်နာကျင်အောင် ပြုလုပ်မိခဲ့တဲ့ လူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့်မှာ တစ်ခြားလည်း ဘာပြောစရာမှ တကယ်ကို မရှိတော့တာပါ …” လို့ Shia က The New York Times သတင်းစာကို ပေးပို့ခဲ့တဲ့ အီးမေးလ်တွေထဲမှာ ရေးသားထားပါတယ်။

Photo: shia.labeouf.fan/ Instagram

The Times သတင်းစာကတော့ FKA twigs ကိုရော၊ ယခင်က Shia တွဲခဲ့ဖူးတဲ့ ချစ်သူဟောင်း သရုပ်ဆောင် Karolyn Pho ကိုရော Shia ရဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အင်တာဗျူး ပြုလုပ်ထားပါသေးတယ်။ သို့ပေမယ့် Shia ဘက်ကတော့ သူ့ရဲ့ချစ်သူဟောင်း မိန်းကလေးတွေက စွပ်စွဲထားတဲ့ ကိစ္စတွေထဲက အများစုဟာ မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။

Shia ဟာ စွပ်စွဲချက်တွေကို ငြင်းဆိုထားပေမယ့် သူနဲ့တွဲခဲ့ဖူးတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ရပ်တည်ချက်၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဖွင့်ထုတ်ပြောပြပိုင်ခွင့် ရှိတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ သူလုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူရမယ့် ကိစ္စတွေကိုလည်း လက်ခံပါတယ်လို့ ဆိုထားပါတယ်။

Photo: fkatwigs/ Instagram

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး People မဂ္ဂဇင်းက Shia ရဲ့ ကိုယ်စားလှယ်နဲ့ ဆက်သွယ်ပြီး မှတ်ချက်တစ်စုံတစ်ရာ တောင်းခံခဲ့ပေမယ့် ပြန်လည်ဆက်သွယ်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ FKA twigs ရဲ့ ရှေ့နေကတော့ အခုလို အမှုစွဲဆိုရတဲ့အကြောင်းကို ရှင်းပြထားပါတယ်။

“Mr. LaBeouf သာ စိတ်ကျန်းမာရေးအတွက် သေသေချာချာ ကုသမှုခံယူမယ်ဆိုရင် ကျွန်တော်တို့က ဒီကိစ္စကို သိုသိုသိပ်သိပ် ဖြေရှင်းသွားဖို့ပဲ စီစဉ်ခဲ့ကြတာပါ။ ကျွန်တော်တို့ဘက်က ကြိုးစားခဲ့ပေမယ့် Mr. LaBeouf ဘက်ကတော့ ကုသမှုခံယူဖို့ သဘောမတူခဲ့တဲ့အတွက် ကျွန်တော့်ရဲ့အမှုသည်အနေနဲ့ နောက်ထပ် မိန်းကလေးတွေက မသိဘဲ သူ့ရဲ့အကြမ်းဖက်မှုတွေကို ခံစားရမှာစိုးတာကြောင့် အခုလို တရားစွဲလိုက်ရတာ ဖြစ်ပါတယ် … ” လို့ ရှင်းပြထားပါတယ်။

LaNina

Source: people

(Zawgyi Version)

မင္းသား Shia LaBeouf ဟာ ခ်စ္သူေဟာင္း FKA twigs ရဲ႕ တရားစြဲဆိုမႈေၾကာင့္ Netflix ရဲ႕ ဆုေ႐ြးခ်ယ္မယ့္ သ႐ုပ္ေဆာင္စာရင္းကေန ထုတ္ပယ္ခံလိုက္ရပါတယ္။

Shia LaBeouf ရဲ႕ ႐ုပ္ရွင္ကားသစ္ျဖစ္တဲ့ Pieces of a Woman ဟာ မၾကာေသးခင္ကမွ ထြက္ရွိထားတာျဖစ္ၿပီး လာမယ့္ဇန္နဝါရီလ(၇)ရက္ေန႔မွာေတာ့ အဆိုပါဇာတ္ကားကို Netflix မွာ စတင္ျပသသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ အဓိက ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ႏွစ္ေယာက္ကေတာ့ Vanessa Kirby နဲ႔ Shia LaBeouf တို႔ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ သားဦးကေလးကို အိမ္မွာ ေမြးဖြားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကံမေကာင္းစြာပဲ ကေလးကို ဆုံးရႈံးလိုက္ရတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ ေၾကကြဲဖြယ္ဇာတ္လမ္း ျဖစ္ပါတယ္။

©Pieces Film

ေခါင္းေဆာင္မင္းသမီး Vanessa Kirby ဟာ ဒီဇာတ္ကားနဲ႔ အေကာင္းဆုံးမင္းသမီးဆုအတြက္ လ်ာထားခံေနရပါတယ္။ သို႔ေပမယ့္ Shia ကေတာ့ ခ်စ္သူေဟာင္း FKA twigs ရဲ႕ တရားစြဲဆိုမႈေၾကာင့္ ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ရဲ႕ ပဏာမအႀကိဳ ေ႐ြးခ်ယ္မယ့္စာရင္းကေန ထုတ္ပယ္ခံလိုက္ရၿပီး ဇာတ္လမ္းအက်ဥ္းေနရာမွာပါ နာမည္ကို ထုတ္ပယ္ခံလိုက္ရတာ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ယခုလအေစာပိုင္းမွာ Shia ဟာ ခ်စ္သူေဟာင္းျဖစ္တဲ့ အဆိုေတာ္ FKA twigs ရဲ႕ တရားစြဲဆိုမႈကို ခံခဲ့ရလို႔ ျဖစ္ပါတယ္။ FKA twigs ကေတာ့ လိင္အၾကမ္းဖက္မႈ၊ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္မႈေတြနဲ႔ Shia ကို တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

Photo: fkatwigs/ Instagram

သူမရဲ႕အဆိုအရ Shia ဟာ သူမရဲ႕လက္ေမာင္းကို ေသြးေျခဥတဲ့အထိ ဆြဲညႇစ္တာမ်ိဳးေတြ ျပဳလုပ္ေလ့ရွိၿပီး ခ်စ္သူႏွစ္ဦး အတူေနထိုင္တဲ့ ေနအိမ္ကေန ထြက္ခြာသြားဖို႔ ႀကိဳးစားခဲ့စဥ္ကလည္း သူမကို အတင္းကာေရာ ဖမ္းခ်ဳပ္ကာ အခန္းထဲမွာ ေသာ့ပိတ္ထားခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ ဒါ့အျပင္ အျခားျဖစ္ရပ္မ်ားစြာလည္း ရွိေသးတယ္လို႔ ဆိုပါတယ္။ ဒီလိုျဖစ္ရပ္ေတြ ႀကဳံခဲ့ေပမယ့္ မင္းသားရဲ႕အလုပ္ကို ထိခိုက္မွာစိုးလို႔ ျဖစ္ျဖစ္ခ်င္းတည္းက ရဲကိုမတိုင္ခဲ့တာပါလို႔ ဆိုထားပါတယ္။

ဒီစြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး Shia ဟာ သူ႔အေနနဲ႔ သူ႔ရဲ႕လုပ္ရပ္ေတြေၾကာင့္ အျခားသူေတြ ဘယ္လိုခံစားရမယ္ဆိုတာ ေျပာျပလို႔ရတဲ့ အေျခအေနမွာ မရွိပါဘူးလို႔ The New York Times သတင္းစာဆီ ေပးပို႔တဲ့ အီးေမးလ္ေတြထဲမွာ ဆိုထားပါတယ္။

Photo: shia.labeouf.fan/ Instagram

“ကြၽန္ေတာ့္ရဲ႕ အရက္စြဲေနတဲ့ ျပႆနာရယ္ ကမူးရႉးထိုးနဲ႔ ရန္လိုတတ္တဲ့ အျပဳအမူေတြရယ္နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ ဘာဆင္ေျခမွ ေပးစရာ မရွိပါဘူး။ ရွာႀကံၿပီး အေၾကာင္းျပတာမ်ိဳးပဲ ေျပာလို႔ရမွာပါ။ ကြၽန္ေတာ္က ကိုယ့္ကိုယ္ကိုေရာ၊ ကြၽန္ေတာ့္ေဘးမွာ ရွိေနတဲ့ လူေတြကိုေရာ ႏွစ္နဲ႔ခ်ီၿပီး အၾကမ္းဖက္လာခဲ့မိတဲ့ လူတစ္ေယာက္ပါ … ”

“ကြၽန္ေတာ္နဲ႔ အနီးစပ္ဆုံး ရွိေနတဲ့လူေတြကို နာက်င္ေအာင္ ျပဳလုပ္မိတဲ့အျဖစ္ေတြ ကြၽန္ေတာ့္ရာဇဝင္မွာ ရွိခဲ့ပါတယ္။  အဲ့ဒီ့ျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ့္အေနနဲ႔ အရွက္ရမိသလို ကြၽန္ေတာ္နာက်င္ေအာင္ ျပဳလုပ္မိခဲ့တဲ့ လူေတြအတြက္လည္း စိတ္မေကာင္းျဖစ္မိပါတယ္။ ကြၽန္ေတာ့္မွာ တစ္ျခားလည္း ဘာေျပာစရာမွ တကယ္ကို မရွိေတာ့တာပါ …” လို႔ Shia က The New York Times သတင္းစာကို ေပးပို႔ခဲ့တဲ့ အီးေမးလ္ေတြထဲမွာ ေရးသားထားပါတယ္။

Photo: shia.labeouf.fan/ Instagram

The Times သတင္းစာကေတာ့ FKA twigs ကိုေရာ၊ ယခင္က Shia တြဲခဲ့ဖူးတဲ့ ခ်စ္သူေဟာင္း သ႐ုပ္ေဆာင္ Karolyn Pho ကိုေရာ Shia ရဲ႕ အၾကမ္းဖက္ခံရမႈေတြနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴး ျပဳလုပ္ထားပါေသးတယ္။ သို႔ေပမယ့္ Shia ဘက္ကေတာ့ သူ႔ရဲ႕ခ်စ္သူေဟာင္း မိန္းကေလးေတြက စြပ္စြဲထားတဲ့ ကိစၥေတြထဲက အမ်ားစုဟာ မမွန္ကန္ေၾကာင္း ျငင္းဆိုထားပါတယ္။

Shia ဟာ စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားေပမယ့္ သူနဲ႔တြဲခဲ့ဖူးတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ သူတို႔ရဲ႕ရပ္တည္ခ်က္၊ ခံစားခ်က္ေတြနဲ႔ ပတ္သက္ၿပီး လူသိရွင္ၾကား ဖြင့္ထုတ္ေျပာျပပိုင္ခြင့္ ရွိတယ္လို႔ ေျပာထားပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ သူလုပ္ခဲ့ဖူးတဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး တာဝန္ယူရမယ့္ ကိစၥေတြကိုလည္း လက္ခံပါတယ္လို႔ ဆိုထားပါတယ္။

Photo: fkatwigs/ Instagram

ဒီျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး People မဂၢဇင္းက Shia ရဲ႕ ကိုယ္စားလွယ္နဲ႔ ဆက္သြယ္ၿပီး မွတ္ခ်က္တစ္စုံတစ္ရာ ေတာင္းခံခဲ့ေပမယ့္ ျပန္လည္ဆက္သြယ္ျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။ FKA twigs ရဲ႕ ေရွ႕ေနကေတာ့ အခုလို အမႈစြဲဆိုရတဲ့အေၾကာင္းကို ရွင္းျပထားပါတယ္။

“Mr. LaBeouf သာ စိတ္က်န္းမာေရးအတြက္ ေသေသခ်ာခ်ာ ကုသမႈခံယူမယ္ဆိုရင္ ကြၽန္ေတာ္တို႔က ဒီကိစၥကို သိုသိုသိပ္သိပ္ ေျဖရွင္းသြားဖို႔ပဲ စီစဥ္ခဲ့ၾကတာပါ။ ကြၽန္ေတာ္တို႔ဘက္က ႀကိဳးစားခဲ့ေပမယ့္ Mr. LaBeouf ဘက္ကေတာ့ ကုသမႈခံယူဖို႔ သေဘာမတူခဲ့တဲ့အတြက္ ကြၽန္ေတာ့္ရဲ႕အမႈသည္အေနနဲ႔ ေနာက္ထပ္ မိန္းကေလးေတြက မသိဘဲ သူ႔ရဲ႕အၾကမ္းဖက္မႈေတြကို ခံစားရမွာစိုးတာေၾကာင့္ အခုလို တရားစြဲလိုက္ရတာ ျဖစ္ပါတယ္ … ” လို႔ ရွင္းျပထားပါတယ္။

LaNina

Source: people

RELATED ARTICLES

Most Popular