HomeCelebs Update NewsInternationalဒုတိယအကြိမ် E-Bike မှောက်လို့ ဆေးရုံတက်လိုက်ရပြန်တဲ့ Simon Cowell 

ဒုတိယအကြိမ် E-Bike မှောက်လို့ ဆေးရုံတက်လိုက်ရပြန်တဲ့ Simon Cowell 

Simon Cowell ဟာ E-Bike နဲ့ ပတ်သက်ရင် ကံမကောင်းမှုတွေနဲ့ ကြုံနေရပါတယ်။ အကြောင်းကတော့ သူဟာ ဒုတိယအကြိမ်မြောက် E-Bike ထပ်မှောက်ပြီး ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ရတာကြောင့်ပါပဲ။

ဖြစ်ပုံကတော့ Simon ဟာ ဆောင်းရာသီကြောင့် အေးခဲနေတဲ့ E-Bike ထိုင်ခုံပေါ်မှာ စီးနင်းလာရင်းက ချော်ပြီး ဘီးက လွတ်ထွက်သွားကာ လူကတော့ မြောက်တက်သွားတာ ဖြစ်ပါတယ်။ တစ်နာရီ မိုင်(၂၀)နှုန်းနဲ့ မောင်းနှင်လာတဲ့ အရှိန်ကြောင့် Simon ဟာ E-Bike ရဲ့ handle ပေါ်ကနေ မြောက်တက်သွားပြီး လမ်းလယ်ခေါင်ပေါ်ကို ပစ်ကျသွားတယ်လို့ သိရပါတယ်။

Photo: simoncowell/ Instagram

ကံကောင်းစွာနဲ့ ဘေးမှာရှိနေတဲ့ လမ်းသွားလမ်းလာ သုံးယောက်ဟာ အရှိန်နဲ့ မောင်းနှင်လာတဲ့ ကားတွေကို ရပ်တန့်ပေးဖို့ အကူအညီတောင်းခံပေးခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Simon တစ်ယောက် ကားကြိတ်ခံရမယ့်ဘေးက သီသီလေး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

The Sun သတင်းစာကို ဒီဖြစ်ရပ်အကြောင်း မျက်မြင်တွေ့လိုက်ရသူတွေရဲ့ ပြောကြားချက်အရ Simon ဟာ ကံကောင်းလို့ အသက်ရှင်ခဲ့တာလို့ ဆိုပါတယ်။ “Simon က ဦးထုပ်လည်း မဆောင်းထားပါဘူး။ သူ့မျက်နှာမှာလည်း ကွဲပြဲပြီး သွေးတွေနဲ့။ သူ့ကို ကြည့်ရတာ Phantom of the Opera ထဲကလိုပဲ … ” လို့ ဆိုပါတယ်။

Photo Credit: MEGA

အဲဒီနောက်မှာတော့ Simon ကို အရေးပေါ်ကားတစ်စီးနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး X-Ray ဓာတ်မှန်တွေလည်း ရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ ညနေပိုင်းအချိန်မှာတော့ ဆေးရုံကနေ ဆင်းခဲ့ရပြီး လက်တစ်ချောင်းလုံး ပုခုံးအထိ ကျောက်ပတ်တီးစည်းထားရတယ်လို့ ဆိုပါတယ်။

အသက်(၆၂)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ America’s Got Talent ပြိုင်ပွဲရဲ့ ဒိုင်လူကြီး Simon Cowell ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လတုန်းကလည်း အလားတူပဲ E-Bike မှောက်ခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းကတော့ အယ်လ်အေမြို့ပေါ်မှာ E-Bike စီးနေရင်း တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ခါးနဲ့ ကျောဘက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular