HomeCelebs Update NewsInternationalလျှပ်စစ်စက်ဘီးပေါ်က မတော်တဆပြုတ်ကျလို့ ခါးရိုးကျိုးသွားတဲ့ Simon Cowell 

လျှပ်စစ်စက်ဘီးပေါ်က မတော်တဆပြုတ်ကျလို့ ခါးရိုးကျိုးသွားတဲ့ Simon Cowell 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The America’s Got Talent ပြိုင်ပွဲရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး executive producer တစ်ယောက်လည်းဖြစ်တဲ့ Simon Cowell ဟာ လျှပ်စစ်စက်ဘီးပေါ်က ပြုတ်ကျတဲ့ဒဏ်ရာကြောင့် ခါးရိုးကျိုးသွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံတင်ထားရပြီး ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။

အသက်(၆၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Simon ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးကမ်းခြေက နေအိမ်မှာ နေထိုင်ရင်း အခုလိုမတော်တဆမှု ဖြစ်သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ဆေးရုံတင်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: simoncowell/ Instagram

“Simon က ခါးရိုးကျိုးသွားပါတယ်။ ဒီနေ့ ညနေပိုင်းလောက် သူ ခွဲစိတ်ခန်းဝင်ရမှာပါ။ ဖြစ်ပုံကတော့ မနေ့က စနေနေ့ နေ့ခင်းပိုင်းလောက်တုန်းက သူ့ရဲ့လျှပ်စစ်စက်ဘီးအသစ်ကို မာလီဘူးက သူ့ရဲ့ခြံထဲမှာ စမ်းသပ် စီးနင်းကြည့်ရာကနေ မတော်တဆဖြစ်ပြီး ပြုတ်ကျခဲ့တာပါ။ ကျောဘက်နဲ့ ခါးပိုင်းမှာ ထိသွားလို့ ဆေးရုံကို ခေါ်သွားလိုက်ရပါတယ်။ သူ အဆင်ပြေပါတယ်။ အကောင်းဆုံး ပြုစုစောင့်ရှောက်မှုတွေနဲ့ သူ့ကို စောင့်ကြပ်ကြည့်ရှုပေးနေပါတယ်… ” လို့ Simon ရဲ့ကိုယ်ရေးအရာရှိက ပြောပြထားပါတယ်။

Simon ဟာ သူ့ရဲ့မာလီဘူးက နေအိမ်မှာ မိသားစုနဲ့အတူတူ နေထိုင်ရင်း ကိုဗစ်ကာလကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့နေအိမ်မှာတော့ ချစ်သူ Lauren Silverman နဲ့ သူတို့ရဲ့(၆)နှစ်အရွယ်သားလေး Eric တို့နဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နေတာပါ။

Photo: simoncowell/ Instagram

ပြီးခဲ့တဲ့ မေလတုန်းကလည်း ကိုဗစ်ကာလကို အိမ်မှာပဲ သားလေးနဲ့အတူတူ အချိန်ပေးပြီး ကွာရန်တင်းလုပ်နေခဲ့တယ်လို့ Simon က People မဂ္ဂဇင်းကို ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော့်သားနဲ့အတူတူ ရုပ်ရှင်ကြည့်တယ်။ ကစားတယ်။ စာအုပ်တွေ၊ ကောမစ်တွေ ဖတ်တယ်။ မိသားစုနဲ့ အတူတူနေဖြစ်သလို ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုလည်း တော်တော်လည်း ဂရုစိုက်ဖြစ်တယ်။ ကျွန်တော် ရေကူးတယ်။ စက်ဘီးစီးတယ်။ လမ်းလျှောက်တယ်။ လေ့ကျင့်ခန်းလည်း လုပ်တယ်။ ခုတလော ပိုတောင်ကျန်းမာလာသလို ခံစားမိတယ်… ” လို့ Simon က မေလတုန်းက ပြောခဲ့ဖူးပါတယ်။

Photo: simoncowell/ Instagram

Simon ဟာ ကိုဗစ်ဖြစ်လို့ ရပ်နားထားရတဲ့ America’s Got Talent season (15) ရဲ့ ရိုက်ကူးရေးကို လာမယ့်အင်္ဂါနေ့မှာ ယူနီဗာဆယ်လ် စတူဒီယိုမှာ ကိုဗစ်အလွန် ပထမဆုံး live show အဖြစ် ရိုက်ကူးဖို့ စီစဉ်ထားတာပါ။ မမျှော်လင့်ဘဲ အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တဲ့အတွက် ရိုက်ကူးရေးကလည်း အနည်းငယ် နောက်ဆုတ်ရတော့မှာ ဖြစ်ပါတယ်။ Simon တစ်ယောက်လည်း ဒဏ်ရာကနေ အမြန်ဆုံး သက်သာပြီး နေကောင်းကျန်းမာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

LaNina

Source: people

(Zawgyi Version)

The America’s Got Talent ၿပိဳင္ပြဲရဲ႕ ဒိုင္လူႀကီးတစ္ဦးျဖစ္ၿပီး executive producer တစ္ေယာက္လည္းျဖစ္တဲ့ Simon Cowell ဟာ လွ်ပ္စစ္စက္ဘီးေပၚက ျပဳတ္က်တဲ့ဒဏ္ရာေၾကာင့္ ခါး႐ိုးက်ိဳးသြားတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ေဆး႐ုံတင္ထားရၿပီး ခြဲစိတ္ကုသမႈ ခံယူရမယ္လို႔ သိရပါတယ္။

အသက္(၆၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Simon ဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ မာလီဘူးကမ္းေျခက ေနအိမ္မွာ ေနထိုင္ရင္း အခုလိုမေတာ္တဆမႈ ျဖစ္သြားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ စေနေန႔က ေဆး႐ုံတင္လိုက္ရတာ ျဖစ္တယ္လို႔ သိရပါတယ္။

Photo: simoncowell/ Instagram

“Simon က ခါး႐ိုးက်ိဳးသြားပါတယ္။ ဒီေန႔ ညေနပိုင္းေလာက္ သူ ခြဲစိတ္ခန္းဝင္ရမွာပါ။ ျဖစ္ပုံကေတာ့ မေန႔က စေနေန႔ ေန႔ခင္းပိုင္းေလာက္တုန္းက သူ႔ရဲ႕လွ်ပ္စစ္စက္ဘီးအသစ္ကို မာလီဘူးက သူ႔ရဲ႕ၿခံထဲမွာ စမ္းသပ္ စီးနင္းၾကည့္ရာကေန မေတာ္တဆျဖစ္ၿပီး ျပဳတ္က်ခဲ့တာပါ။ ေက်ာဘက္နဲ႔ ခါးပိုင္းမွာ ထိသြားလို႔ ေဆး႐ုံကို ေခၚသြားလိုက္ရပါတယ္။ သူ အဆင္ေျပပါတယ္။ အေကာင္းဆုံး ျပဳစုေစာင့္ေရွာက္မႈေတြနဲ႔ သူ႔ကို ေစာင့္ၾကပ္ၾကည့္ရႈေပးေနပါတယ္… ” လို႔ Simon ရဲ႕ကိုယ္ေရးအရာရွိက ေျပာျပထားပါတယ္။

Simon ဟာ သူ႔ရဲ႕မာလီဘူးက ေနအိမ္မွာ မိသားစုနဲ႔အတူတူ ေနထိုင္ရင္း ကိုဗစ္ကာလကို ျဖတ္သန္းေနသူလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ေနအိမ္မွာေတာ့ ခ်စ္သူ Lauren Silverman နဲ႔ သူတို႔ရဲ႕(၆)ႏွစ္အ႐ြယ္သားေလး Eric တို႔နဲ႔အတူ ေပ်ာ္႐ႊင္ေအးခ်မ္းစြာ ေနထိုင္ေနတာပါ။

Photo: simoncowell/ Instagram

ၿပီးခဲ့တဲ့ ေမလတုန္းကလည္း ကိုဗစ္ကာလကို အိမ္မွာပဲ သားေလးနဲ႔အတူတူ အခ်ိန္ေပးၿပီး ကြာရန္တင္းလုပ္ေနခဲ့တယ္လို႔ Simon က People မဂၢဇင္းကို ေျပာၾကားခဲ့ပါေသးတယ္။ “ကြၽန္ေတာ့္သားနဲ႔အတူတူ ႐ုပ္ရွင္ၾကည့္တယ္။ ကစားတယ္။ စာအုပ္ေတြ၊ ေကာမစ္ေတြ ဖတ္တယ္။ မိသားစုနဲ႔ အတူတူေနျဖစ္သလို ကိုယ့္ရဲ႕က်န္းမာေရးအတြက္ကိုလည္း ေတာ္ေတာ္လည္း ဂ႐ုစိုက္ျဖစ္တယ္။ ကြၽန္ေတာ္ ေရကူးတယ္။ စက္ဘီးစီးတယ္။ လမ္းေလွ်ာက္တယ္။ ေလ့က်င့္ခန္းလည္း လုပ္တယ္။ ခုတေလာ ပိုေတာင္က်န္းမာလာသလို ခံစားမိတယ္… ” လို႔ Simon က ေမလတုန္းက ေျပာခဲ့ဖူးပါတယ္။

Photo: simoncowell/ Instagram

Simon ဟာ ကိုဗစ္ျဖစ္လို႔ ရပ္နားထားရတဲ့ America’s Got Talent season (15) ရဲ႕ ႐ိုက္ကူးေရးကို လာမယ့္အဂၤါေန႔မွာ ယူနီဗာဆယ္လ္ စတူဒီယိုမွာ ကိုဗစ္အလြန္ ပထမဆုံး live show အျဖစ္ ႐ိုက္ကူးဖို႔ စီစဥ္ထားတာပါ။ မေမွ်ာ္လင့္ဘဲ အခုလို မေတာ္တဆမႈ ျဖစ္ပြားခဲ့တဲ့အတြက္ ႐ိုက္ကူးေရးကလည္း အနည္းငယ္ ေနာက္ဆုတ္ရေတာ့မွာ ျဖစ္ပါတယ္။ Simon တစ္ေယာက္လည္း ဒဏ္ရာကေန အျမန္ဆုံး သက္သာၿပီး ေနေကာင္းက်န္းမာပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

LaNina

Source: people

 

RELATED ARTICLES

Most Popular