HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲထဲမှာ Hulk ရဲ့ သားဖြစ်သူ Skaar ပါဝင်လာမယ်လို့ သတင်းထွက်နေ

She-Hulk ဇာတ်လမ်းတွဲထဲမှာ Hulk ရဲ့ သားဖြစ်သူ Skaar ပါဝင်လာမယ်လို့ သတင်းထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က ပြသသွားမယ့် She-Hulk ဇာတ်လမ်းတွဲထဲမှာတော့ Hulk ရဲ့ သားဖြစ်သူ Skaar ပါဝင်လာမယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

She-Hulk ဇာတ်လမ်းတွဲထဲမှာတော့ Jennifer Walters က Hulk နဲ့ ဆင်တူတဲ့ စွမ်းအားတွေကို ရရှိပြီးနောက်မှာ အဲ့ဒီစွမ်းအားတွေကို သူမရဲ့ သာမန်ဘဝနဲ့ အသားကျသွားအောင် ဘယ်လိုနေထိုင်သွားမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Disney+ က ထုတ်လွှင့်ခဲ့တဲ့ WandaVision ၊ The Falcon and the Winter Soldier နဲ့ Loki ဇာတ်လမ်းတွဲတွေဟာ တမျိူးစီ ထူးခြားနေတာကို မြင်တွေ့ခဲ့ရပြီး She-Hulk ဇာတ်လမ်းတွဲကိုတော့ ဘယ်လိုမျိူး မြင်တွေ့ရမလည်း ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

photo via cbr

လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲအတွက် ရိုက်ကူးနေတုန်းပဲ ဖြစ်ပြီး ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာတော့ Mark Ruffalo ဟာ Hulk အနေနဲ့ ပြန်လည်ပါဝင်လာပြီး Hulk နဲ့ Abomination တို့ကို မြင်တွေ့ရဦးမယ် ဆိုပြီးတော့ သတင်းထွက်နေပါသေးတယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Tatiana Maslany ၊ Mark Ruffalo ၊ Ginger Gonzaga နဲ့ Jameela Jamil တို့ ပါဝင်လာမယ်လို့ သိရပါတယ်။

The Direct သတင်းဌာနရဲ့ ဖော်ပြချက်အရ She-Hulk ဇာတ်လမ်းတွဲထဲက တစ်နေရာမှာ Hulk ရဲ့ သားဖြစ်သူ Skaar ပါဝင်လာမယ်လို့ သိရပါတယ်။ လောလောဆယ်အထိတော့ ဒီဇာတ်ကောင်နေရာမှာ ဘယ်သရုပ်ဆောင်က ပါဝင်လာမယ်ဆိုတာ မသိရသေးသလို Skaar ပါဝင်လာမှာကိုလည်း Marvel က အတည်မပြုရသေးပါဘူး။ ဒါပေမယ့်လည်း Hulk ဟာ Avengers: Age of Ultron နဲ့ Thor: Ragnarok အဖြစ်အပျက်တွေကြားမှာ သုံးနှစ်တောင် ပျောက်ဆုံးနေတာကြောင့် အဲ့ဒီအချိန်တွင်းမှာ Hulk အနေနဲ့ ကလေးတစ်ယောက် ရခဲ့တယ်ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

photo via cbr

Thor: Ragnarok ထဲမှာတော့ Banner ဟာ အဲ့ဒီအချိန်သုံးနှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာကို မမှတ်မိဘူးလို့ ပြသသွားပါတယ်။ ဒါကြောင့်ပဲ She-Hulk ဇာတ်လမ်းတွဲထဲမှာတော့ Skaar ပါဝင်လာနိုင်တယ်ဆိုတာ ဖြစ်နိုင်ချေများပါတယ်။ ဒါ့အပြင် Infinity War နဲ့ Endgame တို့ကြားမှာလည်း အချိန်ငါးနှစ် ကွာဟခဲ့တာကြောင့် Skaar သာ တကယ်ပါဝင်လာမယ်ဆိုရင် လူငယ်တစ်ယောက်အနေနဲ့ ပါဝင်လာမှာပါ။ ဒါတွေသာ မှန်ကန်နေမယ်ဆိုရင် Skaar ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Young Avengers အဖွဲ့ဝင်တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Disney+ က ျပသသြားမယ့္ She-Hulk ဇာတ္လမ္းတြဲထဲမွာေတာ့ Hulk ရဲ႕ သားျဖစ္သူ Skaar ပါဝင္လာမယ္လို႔ ေကာလာဟလ ထြက္ေပၚေနပါတယ္။

She-Hulk ဇာတ္လမ္းတြဲထဲမွာေတာ့ Jennifer Walters က Hulk နဲ႔ ဆင္တူတဲ့ စြမ္းအားေတြကို ရရွိၿပီးေနာက္မွာ အဲ့ဒီစြမ္းအားေတြကို သူမရဲ႕ သာမန္ဘဝနဲ႔ အသားက်သြားေအာင္ ဘယ္လိုေနထိုင္သြားမလည္းဆိုတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Disney+ က ထုတ္လႊင့္ခဲ့တဲ့ WandaVision ၊ The Falcon and the Winter Soldier နဲ႔ Loki ဇာတ္လမ္းတြဲေတြဟာ တမ်ိဴးစီ ထူးျခားေနတာကို ျမင္ေတြ႕ခဲ့ရၿပီး She-Hulk ဇာတ္လမ္းတြဲကိုေတာ့ ဘယ္လိုမ်ိဴး ျမင္ေတြ႕ရမလည္း ဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

photo via cbr

ေလာေလာဆယ္မွာေတာ့ ဒီဇာတ္လမ္းတြဲအတြက္ ႐ိုက္ကူးေနတုန္းပဲ ျဖစ္ၿပီး ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Mark Ruffalo ဟာ Hulk အေနနဲ႔ ျပန္လည္ပါဝင္လာၿပီး Hulk နဲ႔ Abomination တို႔ကို ျမင္ေတြ႕ရဦးမယ္ ဆိုၿပီးေတာ့ သတင္းထြက္ေနပါေသးတယ္။ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Tatiana Maslany ၊ Mark Ruffalo ၊ Ginger Gonzaga နဲ႔ Jameela Jamil တို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။

The Direct သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ She-Hulk ဇာတ္လမ္းတြဲထဲက တစ္ေနရာမွာ Hulk ရဲ႕ သားျဖစ္သူ Skaar ပါဝင္လာမယ္လို႔ သိရပါတယ္။ ေလာေလာဆယ္အထိေတာ့ ဒီဇာတ္ေကာင္ေနရာမွာ ဘယ္သ႐ုပ္ေဆာင္က ပါဝင္လာမယ္ဆိုတာ မသိရေသးသလို Skaar ပါဝင္လာမွာကိုလည္း Marvel က အတည္မျပဳရေသးပါဘူး။ ဒါေပမယ့္လည္း Hulk ဟာ Avengers: Age of Ultron နဲ႔ Thor: Ragnarok အျဖစ္အပ်က္ေတြၾကားမွာ သုံးႏွစ္ေတာင္ ေပ်ာက္ဆုံးေနတာေၾကာင့္ အဲ့ဒီအခ်ိန္တြင္းမွာ Hulk အေနနဲ႔ ကေလးတစ္ေယာက္ ရခဲ့တယ္ဆိုတာ ျဖစ္ႏိုင္ေခ် ရွိပါတယ္။

photo via cbr

Thor: Ragnarok ထဲမွာေတာ့ Banner ဟာ အဲ့ဒီအခ်ိန္သုံးႏွစ္အတြင္းမွာ ဘာေတြျဖစ္ခဲ့လည္းဆိုတာကို မမွတ္မိဘူးလို႔ ျပသသြားပါတယ္။ ဒါေၾကာင့္ပဲ She-Hulk ဇာတ္လမ္းတြဲထဲမွာေတာ့ Skaar ပါဝင္လာႏိုင္တယ္ဆိုတာ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဒါ့အျပင္ Infinity War နဲ႔ Endgame တို႔ၾကားမွာလည္း အခ်ိန္ငါးႏွစ္ ကြာဟခဲ့တာေၾကာင့္ Skaar သာ တကယ္ပါဝင္လာမယ္ဆိုရင္ လူငယ္တစ္ေယာက္အေနနဲ႔ ပါဝင္လာမွာပါ။ ဒါေတြသာ မွန္ကန္ေနမယ္ဆိုရင္ Skaar ဟာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ Young Avengers အဖြဲ႕ဝင္တစ္ေယာက္ေတာင္ ျဖစ္လာႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular