HomeCelebs Update NewsInternationalရွှေကမ္ဘာလုံးဆု စံကာတင်စာရင်း ကြေညာရာမှာ နာမည်အသံထွက်တွေ မှားယွင်းခဲ့တဲ့ Snoop Dogg

ရွှေကမ္ဘာလုံးဆု စံကာတင်စာရင်း ကြေညာရာမှာ နာမည်အသံထွက်တွေ မှားယွင်းခဲ့တဲ့ Snoop Dogg

လောကကြီးမှာ အမှားကင်းတဲ့သူ မရှိဘူးဆိုတဲ့အတိုင်းပဲ ရက်ပ်ပါကြီး Snoop Dogg ဟာလည်း (၇၉)ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် စံကာတင်စာရင်းဝင်ထားတဲ့ အနုပညာရှင်တွေကို ကြေညာပေးရာမှာ နာမည်အသံထွက် အမှားတွေနဲ့ ဂယက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး မှားဖတ်မိတဲ့ နာမည်ကတော့ Ben Affleck ပဲ ဖြစ်ပါတယ်။ Snoop Dogg ဟာ The Tender Bar ရုပ်ရှင်ထဲက Ben Affleck ရဲ့ ဇာတ်ရုပ်အတွက် Best Supporting Actor category မှာ စံကာတင်ဝင်ကြောင်း ကြေညာခဲ့ရာမှာ သာမန်ထွက်နေကျ အသံထွက်မဟုတ်ဘဲ “been a-fleck” လို့ မှားယွင်းပြီး ထွက်ခဲ့မိတာ ဖြစ်ပါတယ်။

သို့သော်လည်း Snoop ဟာ သူ့ရဲ့ အသံထွက်အမှားကို ချက်ချင်းပဲ သတိထားမိသွားပြီး အမှန်ကို ပြန်ပြင်ထွက်ကာ ရယ်ရယ်မောမောနဲ့ Ben ကိုလည်း တောင်းပန်သွားခဲ့ပါသေးတယ်။ “Ben Affleck …. ကျွန်တော့်အမှားပါ။ Ben ရေ … ဆောရီးပါ … ” လို့ နာမည်ကို အသံမှားထွက်မိတဲ့အပေါ် တောင်းပန်သွားပါတယ်။

တကယ်တော့ စံကာတင်စာရင်း ကြေညာရင်း Snoop တစ်ယောက် နာမည်အသံထွက် မှားယွင်းပြီး ပြောမိတာ Ben Affleck တစ်ယောက်တည်း မဟုတ်ပါဘူး။ Dune ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Denis Villeneuve ရဲ့ နာမည်ကိုလည်း အလားတူပဲ အသံထွက်မှားပြီး ပြောမိခဲ့ပါသေးတယ်။ “deh-nuhs vil-nuhv” လို့ အသံထွက်ရမယ့်အစား “deh-nuhs vil-len-noh-wav” လို့ ထွက်လိုက်မိတာ ဖြစ်ပါတယ်။

တကယ်တော့ Denis Villeneuve ဟာ ပြင်သစ် ကနေဒါနိုင်ငံသားဖြစ်တဲ့အတွက် သူ့ရဲ့အမည်ကိုတော့ ပြင်သစ် ကနေဒါ accent နဲ့ ထွက်ရမှာ ဖြစ်ပါတယ်။ Snoop ကတော့ ဒါကို သတိမထားမိတဲ့အတွက် စာလုံးပေါင်းအတိုင်း အသံထွက်လိုက်မိတာ ဖြစ်ပြီး သူထွက်လိုက်တဲ့ အသံထွက်ပုံစံကတော့ စပိန်ဘာသာဘက်ကို ယိမ်းသွားတာ ဖြစ်ပါတယ်။

ဒါတင်မက Belfast ရုပ်ရှင်နဲ့ Best Supporting Actor category မှာ စံကာတင်ဝင်ခဲ့တဲ့ Ciarán Hinds ရဲ့ အမည်ကို အသံထွက်ရာမှာလည်း ရုန်းကန်ခဲ့ရပါသေးတယ်။ သူ အသံထွက်မှားသွားတာကို သတိထားမိသွားပြီး သူ့ဘာသာ ပြန်ပြင်ပြီး အသံထွက်လိုက်ပေမယ့်လည်း အဲဒီအသံထွက်ကလည်း ထပ်ပြီး မှားနေပါသေးတယ်။

Photo Credit: Golden Globe

“Cur-on … မဟုတ်ပါဘူး။ Karen Hinds … Belfast … ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ … ” လို့ Snoop က ပြောသွားပါတယ်။ တကယ်တော့ Ciarán Hinds ရဲ့ အသံထွက်အမှန်ဟာ “keeuh – rawn  hindez” လို့ ထွက်တာ ဖြစ်ပါတယ်။

နာမည်အသံထွက်တွေကို အခုလို မှားယွင်းပြီး အသံထွက်ခဲ့မိတဲ့အတွက် Snoop ကိုတော့ အပြစ်မပြောသာပါဘူး။ ယခင်ပွဲတွေတုန်းက အမည်စာရင်း ကြေညာပေးခဲ့တဲ့ အခြားအနုပညာရှင်တွေဆိုရင်လည်း အခုလို အမှားမျိုးတွေကို ပြုလုပ်မိခဲ့ပါသေးတယ်။ ဒါ့အပြင် မြောက်များလှစွာသော အမည်တွေကို ကြေညာပေးခဲ့ရာမှာ အများစုကတော့ မှန်ကန်ခဲ့ပြီး အနည်းငယ်ကသာ အခုလို မှားယွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာလည်း ချစ်စရာကောင်းတဲ့ မှားယွင်းမှုတစ်ခုသာ ဖြစ်တာကြောင့် ပွဲကိုကြည့်ရှုခဲ့တဲ့ ပရိသတ်တွေအတွက်လည်း အပျင်းပြေစေခဲ့တယ်လို့ ပြောရမှာပါ။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular