HomeEntertainmentFilmJustice League ပြီးရင် နောက်ထပ် DCEU ရုပ်ရှင်တွေ ရိုက်ကူးဖို့ အစီအစဉ်မရှိသေးတဲ့ Snyder

Justice League ပြီးရင် နောက်ထပ် DCEU ရုပ်ရှင်တွေ ရိုက်ကူးဖို့ အစီအစဉ်မရှိသေးတဲ့ Snyder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justice League ရိုက်ကူးပြီးသွားရင် နောက်ထပ် DCEU ရုပ်ရှင်တွေကို ရိုက်ကူးဖို့ အစီအစဉ်မရှိသေးပါဘူးလို့ ဒါရိုက်တာ Zack Snyder က ပြောခဲ့ပါတယ်။ DCEU ရဲ့ အစပိုင်းမှာတော့ Snyder ဟာ ဒီ franchise တွေရဲ့ အဓိကဖန်တီးသူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ DCEU ရဲ့ ပထမဆုံးရုပ်ရှင်တွေဖြစ်တဲ့ Man of Steel နဲ့ Batman v Superman: Dawn of Justice တို့ကို Snyder ကပဲ ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် Snyder မှာ နောက်ထပ်အစီအစဉ်တွေလည်း ရှိသေးပြီး DCEU အတွက် ရုပ်ရှင်ငါးကားစာလောက်တောင် အစီအစဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အခုချိန်မှာတော့ Snyder Cut ဟာ နောက်ထပ်နှစ်လလောက်နေရင် HBO Max ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ Snyder ရဲ့ ရုပ်ရှင်ငါးကားစာ အစီအစဉ်တွေကို မြင်တွေ့ရဦးမယ်လို့ မျှော်လင့်နေကြပါတယ်။ သိပ်မကြာခင်တုန်းကလည်း ပရိသတ်တွေဟာ Snyder ရဲ့ တစ်ခြားအစီအစဉ်တွေကို ထုတ်လုပ်ပေးဖို့ Warner Bros ကို ဆိုရှယ်မီဒီယာတွေ ကနေတစ်ဆင့် တောင်းဆိုခဲ့ကြပါတယ်။

သိပ်မကြာသေးခင်တုန်းက Snyder ဟာ ComicBook Debate YouTube channel မှာ DCEU ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာအစီအစဉ်တွေ ရှိလည်းဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ပရိသတ်တွေက စိတ်အားထက်သန်နေကြပေမယ့်လည်း လောလောဆယ်မှာတော့ Snyder ဟာ Justice League ပြီးရင် DCEU ရုပ်ရှင်တွေကို ဖန်တီးဖို့ အစီအစဉ်မရှိသေးပါဘူးလို့ ပြောခဲ့ပါတယ်။ Snyder ဟာ သူ့ရဲ့ကိုယ်ပိုင် Justice League ဗားရှင်းကိုတောင် ဘယ်တုန်းကမှ တကယ်ထွက်လာမယ်လို့ မထင်ခဲ့ပါဘူး။ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကျေးဇူးတင်ပေမယ့်လည်း လောလောဆယ်မှာတော့ DCEU အတွက် အစီအစဉ်တွေ မရှိသေးပါဘူးလို့ ပြောခဲ့ပါတယ်။

photo via screenrant

လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကလည်း လူအများစုဟာ Snyder Cut ကို တကယ်မြင်တွေ့ရမယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ #ReleasetheSnyderCut campaign ဟာ သုံးနှစ်လောက်ကြာအောင် တောင်းဆိုခဲ့ပါတယ်။ အခုချိန်မှာတော့ နောက်ထပ်နှစ်လလောက်ဆိုရင် Snyder Cut ကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Snyder Cut ကလည်း အလွန်အောင်မြင်သွားခဲ့ရင် Warner Bros ကိုယ်တိုင်ကတောင် Snyder ကို နောက်ထပ် DCEU ရုပ်ရှင်တွေ ဖန်တီးဖို့ တိုက်တွန်းလာနိုင်ပါတယ်။ ဒါကြောင့် Snyder Cut တုန်းကလို ဇွဲမလျှော့ကြရင် Snyder ရဲ့ နောက်ထပ် DCEU ရုပ်ရှင်တွေကို မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

Justice League ႐ိုက္ကူးၿပီးသြားရင္ ေနာက္ထပ္ DCEU ႐ုပ္ရွင္ေတြကို ႐ိုက္ကူးဖို႔ အစီအစဥ္မရွိေသးပါဘူးလို႔ ဒါ႐ိုက္တာ Zack Snyder က ေျပာခဲ့ပါတယ္။ DCEU ရဲ႕ အစပိုင္းမွာေတာ့ Snyder ဟာ ဒီ franchise ေတြရဲ႕ အဓိကဖန္တီးသူ တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ DCEU ရဲ႕ ပထမဆုံး႐ုပ္ရွင္ေတြျဖစ္တဲ့ Man of Steel နဲ႔ Batman v Superman: Dawn of Justice တို႔ကို Snyder ကပဲ ႐ိုက္ကူးခဲ့ပါတယ္။ ဒါ့အျပင္ Snyder မွာ ေနာက္ထပ္အစီအစဥ္ေတြလည္း ရွိေသးၿပီး DCEU အတြက္ ႐ုပ္ရွင္ငါးကားစာေလာက္ေတာင္ အစီအစဥ္ေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

photo via screenrant

ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ အခုခ်ိန္မွာေတာ့ Snyder Cut ဟာ ေနာက္ထပ္ႏွစ္လေလာက္ေနရင္ HBO Max ကေန ျပသသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြဟာ Snyder ရဲ႕ ႐ုပ္ရွင္ငါးကားစာ အစီအစဥ္ေတြကို ျမင္ေတြ႕ရဦးမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ သိပ္မၾကာခင္တုန္းကလည္း ပရိသတ္ေတြဟာ Snyder ရဲ႕ တစ္ျခားအစီအစဥ္ေတြကို ထုတ္လုပ္ေပးဖို႔ Warner Bros ကို ဆိုရွယ္မီဒီယာေတြ ကေနတစ္ဆင့္ ေတာင္းဆိုခဲ့ၾကပါတယ္။

သိပ္မၾကာေသးခင္တုန္းက Snyder ဟာ ComicBook Debate YouTube channel မွာ DCEU ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘာအစီအစဥ္ေတြ ရွိလည္းဆိုတာကို ေျပာျပသြားခဲ့ပါတယ္။ ပရိသတ္ေတြက စိတ္အားထက္သန္ေနၾကေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ Snyder ဟာ Justice League ၿပီးရင္ DCEU ႐ုပ္ရွင္ေတြကို ဖန္တီးဖို႔ အစီအစဥ္မရွိေသးပါဘူးလို႔ ေျပာခဲ့ပါတယ္။ Snyder ဟာ သူ႔ရဲ႕ကိုယ္ပိုင္ Justice League ဗားရွင္းကိုေတာင္ ဘယ္တုန္းကမွ တကယ္ထြက္လာမယ္လို႔ မထင္ခဲ့ပါဘူး။ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ေက်းဇူးတင္ေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ DCEU အတြက္ အစီအစဥ္ေတြ မရွိေသးပါဘူးလို႔ ေျပာခဲ့ပါတယ္။

photo via screenrant

လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္တုန္းကလည္း လူအမ်ားစုဟာ Snyder Cut ကို တကယ္ျမင္ေတြ႕ရမယ္လို႔ မထင္ခဲ့ၾကပါဘူး။ ဒါေပမယ့္လည္း ဆိုရွယ္မီဒီယာေတြေပၚမွာ #ReleasetheSnyderCut campaign ဟာ သုံးႏွစ္ေလာက္ၾကာေအာင္ ေတာင္းဆိုခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ေနာက္ထပ္ႏွစ္လေလာက္ဆိုရင္ Snyder Cut ကို ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Snyder Cut ကလည္း အလြန္ေအာင္ျမင္သြားခဲ့ရင္ Warner Bros ကိုယ္တိုင္ကေတာင္ Snyder ကို ေနာက္ထပ္ DCEU ႐ုပ္ရွင္ေတြ ဖန္တီးဖို႔ တိုက္တြန္းလာႏိုင္ပါတယ္။ ဒါေၾကာင့္ Snyder Cut တုန္းကလို ဇြဲမေလွ်ာ့ၾကရင္ Snyder ရဲ႕ ေနာက္ထပ္ DCEU ႐ုပ္ရွင္ေတြကို ျမင္ေတြ႕ရႏိုင္ေခ် ရွိပါေသးတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular