HomeCelebs Update NewsInternationalSolo Movie ရရှိလာနိုင်ချေ ရှိတဲ့ Scarlet Witch

Solo Movie ရရှိလာနိုင်ချေ ရှိတဲ့ Scarlet Witch

မကြာသေးခင်တုန်းကတော့ Elizabeth Olsen ဟာ Scarlet Witch ရဲ့ Solo Movie ထွက်ရှိလာနိုင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Scarlet Witch နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Elizabeth Olsen ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain America: Winter Soldier ရုပ်ရှင်ရဲ့ Credit Scene ထဲမှာ စတင်ပါဝင်ခဲ့ပြီး ယခုအခါမှာတော့ သူမရဲ့ ပရောဂျက်တွေဟာ ဆက်တိုက်တွေ ဖြစ်နေပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ MCU ရဲ့ ပထမဆုံး Disney+ ဇာတ်လမ်းတွဲ ဖြစ်တဲ့ WandaVision ထဲမှာ ပါဝင်ခဲ့ပြီး ယခုအခါမှာတော့ Doctor Strange in the Multiverse of Madness ထဲမှာ ဆက်လက် ပါဝင်လာမှာ ဖြစ်ပါတယ်။ WandaVision ဇာတ်လမ်းတွဲနဲ့ Doctor Strange 2 တို့ဟာ တိုက်ရိုက် ချိတ်ဆက်နေမှာ ဖြစ်ပြီး WandaVision ရဲ့ Credit Scene ထဲမှာတော့ Wanda က Darkhold စာအုပ်ကို လေ့လာနေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Doctor Strange 2 ထဲမှာတော့ Wanda ဟာ Darkhold စာအုပ်ရဲ့ အကူအညီနဲ့ ပိုမို စွမ်းအားကြီးနေမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Doctor Strange 2 ထွက်ရှိလာဖို့အတွက် ရက်ပိုင်းပဲ လိုတော့ပြီး On Demand Entertainment နဲ့ အင်တာဗျူးမှာတော့ Elizabeth Olsen ဟာ သူမရဲ့ Solo Movie နဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ ရှိပါတယ်။

အင်တာဗျူးသူ : Wanda က ကိုယ်ပိုင်ဇာတ်လမ်းတွဲ ရပြီးသွားပြီ ဆိုတော့ ဘယ်အချိန်လောက် ကိုယ်ပိုင်ရုပ်ရှင် ထွက်လာမလဲဗျ။

Olsen : ကျွန်မလည်း မသိသေးဘူးရှင့်။ ဒါပေမယ့်လည်း သူတို့တွေသာ ဇာတ်လမ်းကောင်းကောင်းနဲ့ ဖန်တီးမယ် ဆိုရင်တော့ သေချာပေါက် သရုပ်ဆောင်သွားမှာပါ။

အင်တာဗျူးသူ : အရင်ဆုံး အနားယူသွားဦးမလား။

Olsen : ဒါပေါ့။ ခဏလောက်ပဲဖြစ်ဖြစ် အနားတော့ယူပါဦးမယ်။

photo via screenrant

Elizabeth Olsen ရဲ့ ပြောစကားအရ Doctor Strange 2 ထဲမှာ ပါဝင်ပြီးတဲ့ နောက်မှာ ခဏလောက်ဖြစ်ဖြစ် အနားယူမှာ ဖြစ်တာကြောင့် သူမ ပါဝင်တဲ့ ပရောဂျက်ကို မြင်တွေ့ရဖို့အတွက် ခဏတော့ စောင့်မျှော်ရဦးမှာပါ။ Elizabeth သရုပ်ဆောင်ထားတဲ့ Wanda ဟာ ယခုအချိန်မှာတောင် အတော်လေး စွမ်းအားကြီးနေပြီ ဖြစ်တာကြောင့် သူမရဲ့ ဆိုလိုရုပ်ရှင် ထွက်လာတဲ့ အချိန်မှာတော့ ဒီထက် အဆပေါင်းများစွာ စွမ်းအားကြီးနေမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular