HomeEntertainmentFilmရိုက်ကူးရေး ပြီးစီးသွားပြီ ဖြစ်တဲ့ Sonic 2

ရိုက်ကူးရေး ပြီးစီးသွားပြီ ဖြစ်တဲ့ Sonic 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ Sonic 1 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jeff Fowler ကိုယ်တိုင်က Sonic 2 အတွက် ရိုက်ကူးရေး ပြီးစီးသွားပြီလို့ ပြောပြထားပါတယ်။

Sonic 1 ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိခဲ့သလို box office မှာလည်း ဝင်ငွေ ဒေါ်လာ (၃၀၆)သန်းကျော် ရရှိခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Sonic 2 ကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ရုံတင်ပြသသွားမယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဇာတ်လမ်းအကျဉ်းချုပ်ကိုတောင် မသိရသေးပါဘူး။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Sonic 1 ဟာ box office မှာ အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ဗီဒီယိုဂိမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားလည်း ဖြစ်ပါတယ်။ ပထမကားထဲမှာတော့ Sonic တစ်ယောက်တည်းကိုပဲ တွေ့ခဲ့ရပေမယ့်လည်း ဒုတိယကားမှာတော့ တစ်ခြားဇာတ်ကောင်တွေကိုပါ မြင်တွေ့ရမှာပါ။

ဒါရိုက်တာ Jeff Fowler ကတော့ မကြာသေးခင်ကပဲ သူ့ရဲ့တွစ်တာ စာမျက်နှာပေါ်ကနေ ကနေဒါနိုင်ငံ Vancouver မြို့မှာ ရိုက်ကူးနေတဲ့ Sonic 2 ရဲ့ ရိုက်ကူးရေး ပြီးစီးသွားပြီလို့ ကြေညာထားပါတယ်။ ဒါ့အပြင် Sonic 2 ဟာ တကယ်ကို ထူးခြားပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တစ်ကားပါလို့လည်း ပြောထားပါသေးတယ်။

photo via screenrant

ဒီရုပ်ရှင်ဟာ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအပိုင်းက ပြီးစီးသွားပြီ ဖြစ်ပေမယ့်လည်း Sonic လိုမျိူး CGI ဇာတ်ကောင်တွေအတွက် အထူးပြုလုပ်ချက်တွေကတော့ ဆက်လက် လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ လူဇာတ်ကောင်တွေထက် CGI ဇာတ်ကောင်တွေကို အသားပေး ရိုက်ကူးသွားမှာ ဖြစ်တာကြောင့် ရိုက်ကူးရေး ပြီးသွားတာတောင် ဒီရုပ်ရှင်ကို တည်းဖြတ်ရမယ့် အချိန်က ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

အခုခ်ိန္မွာေတာ့ Sonic 1 ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Jeff Fowler ကိုယ္တိုင္က Sonic 2 အတြက္ ႐ိုက္ကူးေရး ၿပီးစီးသြားၿပီလို႔ ေျပာျပထားပါတယ္။

Sonic 1 ကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.5) ရရွိခဲ့သလို box office မွာလည္း ဝင္ေငြ ေဒၚလာ (၃၀၆)သန္းေက်ာ္ ရရွိခဲ့ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Sonic 2 ကေတာ့ ၂၀၂၂ ခုႏွစ္အတြင္းမွာ ႐ုံတင္ျပသသြားမယ္လို႔ သိရွိရပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္ထိေတာ့ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကိုေတာင္ မသိရေသးပါဘူး။

photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Sonic 1 ဟာ box office မွာ အေတာ္ေလး ေအာင္ျမင္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ ဗီဒီယိုဂိမ္းကို အေျခခံၿပီး ျပန္လည္႐ိုက္ကူးထားတဲ့ ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ေတြထဲက တစ္ကားလည္း ျဖစ္ပါတယ္။ ပထမကားထဲမွာေတာ့ Sonic တစ္ေယာက္တည္းကိုပဲ ေတြ႕ခဲ့ရေပမယ့္လည္း ဒုတိယကားမွာေတာ့ တစ္ျခားဇာတ္ေကာင္ေတြကိုပါ ျမင္ေတြ႕ရမွာပါ။

ဒါ႐ိုက္တာ Jeff Fowler ကေတာ့ မၾကာေသးခင္ကပဲ သူ႔ရဲ႕တြစ္တာ စာမ်က္ႏွာေပၚကေန ကေနဒါႏိုင္ငံ Vancouver ၿမိဳ႕မွာ ႐ိုက္ကူးေနတဲ့ Sonic 2 ရဲ႕ ႐ိုက္ကူးေရး ၿပီးစီးသြားၿပီလို႔ ေၾကညာထားပါတယ္။ ဒါ့အျပင္ Sonic 2 ဟာ တကယ္ကို ထူးျခားၿပီး ေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္တစ္ကားပါလို႔လည္း ေျပာထားပါေသးတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ဟာ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ိုက္ကူးေရးအပိုင္းက ၿပီးစီးသြားၿပီ ျဖစ္ေပမယ့္လည္း Sonic လိုမ်ိဴး CGI ဇာတ္ေကာင္ေတြအတြက္ အထူးျပဳလုပ္ခ်က္ေတြကေတာ့ ဆက္လက္ လုပ္ေဆာင္ရဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ လူဇာတ္ေကာင္ေတြထက္ CGI ဇာတ္ေကာင္ေတြကို အသားေပး ႐ိုက္ကူးသြားမွာ ျဖစ္တာေၾကာင့္ ႐ိုက္ကူးေရး ၿပီးသြားတာေတာင္ ဒီ႐ုပ္ရွင္ကို တည္းျဖတ္ရမယ့္ အခ်ိန္က ၾကာျမင့္ဦးမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular