HomeCelebs Update NewsInternationalAngelina Jolie ဘီလ်ံနာတစ္ေယာက္နဲ႔ တြဲေနတယ္ဆိုတဲ့သတင္း အမွန္ပဲလား?

Angelina Jolie ဘီလ်ံနာတစ္ေယာက္နဲ႔ တြဲေနတယ္ဆိုတဲ့သတင္း အမွန္ပဲလား?

(အောက်တွင် Unicode ဖြင့်ဖတ်ရှုပါ။)

အသက္(၄၂)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ ေဟာလိ၀ုဒ္ရဲ႕နာမည္ႀကီး မင္းသမီးတစ္လက္ျဖစ္တဲ့ Angelina Jolie ဟာ အမည္မသိရတဲ့ ဘရစ္တစ္ရွ္ ဘီလ်ံနာတစ္ေယာက္နဲ႔ တြဲခုတ္ေနတယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ေပၚေနပါတယ္။

ေကာလာဟလေတြထြက္ေနေပမယ့္ လက္ရိွမွာ မင္းသမီးအေနနဲ႔ ဘယ္သူနဲ႔မွ တြဲမေနပါဘူးလို႔ Jolie ရဲ႕ ခိုင္လုံတဲ့အတြင္းသတင္းက သိရတယ္လို႔ Hollywoodlife က ေဖာ္ျပထားပါတယ္။ “ဒါေတြက သတင္းအမွားေတြပါ။ Jolie ဟာ လက္ရိွမွာ ဘယ္သူနဲ႔မွ တြဲေနတာ မဟုတ္ပါဘူး။ သူ႔ဘာသူ အဆင္ေျပေနပါတယ္။ Brad နဲ႔ကြဲသြားၿပီး တစ္ေယာက္တည္း အထီးက်န္တဲ့လမ္းကို ေလွ်ာက္ခဲ့ရေပမယ့္ သူမရဲ႕ကေလးေတြဆီက ဂရုစိုက္မႈနဲ႔ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ သူမ အဆင္ေျပေနပါၿပီ။ Brad နဲ႔ ကြာရွင္းျပတ္စဲမႈကို အၿပီးတိုင္ အဆုံးမသတ္ရေသးသေရြ႕ သူမ ဘယ္သူနဲ႔မွ တြဲမွာမဟုတ္ပါဘူး။ အဲ့ဒီ့ကိစၥေတြ အဆုံးမသတ္ရခင္အထိလည္း သူမရဲ႕ကေလးေတြနဲ႔ သူမရဲ႕အလုပ္ကိုပဲ ဆက္ၿပီးအာရုံစုိက္သြားမွာပါ”လို႔ အတြင္းသတင္းက ဆိုပါတယ္။

Photo: pinterest

Jolie ဟာ သူမရဲ႕ကေလးေတြကိုသာ အျပည့္အ၀ ဂရုစိုက္ခ်င္တာေၾကာင့္ ေနာက္ထပ္လူတစ္ေယာက္ကို ရွာဖို႔ရန္မွာလည္း မျဖစ္ႏိုင္ေသးဘူးလို႔ သိရပါတယ္။ “သူမအေနနဲ႔ ဘယ္မင္းသား၊ ဘယ္ဥေရာပက ဘီလ်ံနာနဲ႔မွ တြဲမေနပါဘူး။ ၿပီးေတာ့ Brad နဲ႔လည္း လုံး၀ျပန္ေတြ႕ေတာ့မွာ မဟုတ္ပါဘူး။ သူမတစ္ေယာက္တည္း သူမရဲ႕ကေလးေတြနဲ႔ဆိုရင္ပဲ အဆင္ေျပေနပါၿပီ”လို႔ အတြင္းသတင္းက ေျပာျပထားပါတယ္။

Photo: pinterest

သူမရဲ႕ကေလးေတြနဲ႔ ပတ္သက္လို႔ေျပာရမယ္ဆိုရင္ လြန္ခဲ့တဲ့ လအနည္းငယ္ခန္႔တုန္းက အပတ္စဥ္ ပိတ္ရက္တိုင္းလိုလို ကေလးေတြနဲ႔ အျပင္ထြက္လည္ေလ့ ရိွခဲ့ပါတယ္။ သိပ္မၾကာေသးတဲ့ မတ္လ (၃)ရက္ေန႔ကတင္ပဲ Jolie ကို သူမရဲ႕ခ်စ္လွစြာေသာ ရင္ႏွစ္သည္းခ်ာေလးေတြျဖစ္တဲ့ Vivienne Jolie-Pitt (၁၀ႏွစ္)၊ Pax Jolie-Pit (၁၅ႏွစ္)တို႔နဲ႔အတူ ေစ်း၀ယ္ထြက္ေနတာကို ေတြ႕ခဲ့ၾကရပါေသးတယ္။

Photo: pinterest

ကေလးေတြကို ဒီလိုခဏခဏ ေစ်း၀ယ္ထြက္ဖို႔ ခရီးေတြေခၚသြားေနတဲ့အေပၚ ခင္ပြန္းေဟာင္းျဖစ္သူ Brad Pitt ကေတာ့ စိုးရိမ္ပူပန္ေနပါတယ္။ Jolie ဟာ ကေလးေတြကို အလြန္အကၽြံ အလိုလိုက္ေနမႈဟာ ၾကာလာရင္ ကေလးေတြကို ပ်က္စီးသြားေစမလားလို႔ ေဖေဖႀကီး Brad Pitt က စိတ္ပူေနတာပါ။ “ကေလးေတြဟာ ႀကီးလာတဲ့အခါ သူတို႔ရဲ႕ေရွ႕ကို အကုန္လုံးက အလိုလိုေရာက္လာရမယ္ဆိုတဲ့ စိတ္မ်ိဳးေတြ ၀င္မသြားေစခ်င္လို႔ မလိုအပ္တဲ့အရာေတြကိုလည္း ၀ယ္မေပးေစခ်င္ဘူး”လို႔ အဆိုပါ အတြင္းသတင္းအရ တစ္ဆက္တည္း သိရပါတယ္။

Photo: pinterest

Jolie နဲ႔ Brad Pitt တို႔ဟာ ၂၀၁၆ခုႏွစ္က လမ္းခြဲခဲ့ၾကတာျဖစ္ၿပီး သူတို႔ရဲ႕ကြာရွင္းျပတ္စဲတ့ဲ ကိစၥေတြကို ဆက္လက္လုပ္ေဆာင္ေနၾကတုန္း ျဖစ္ပါတယ္။
Source: Hollywoodlife

အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟောလိဝုဒ်ရဲ့နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Angelina Jolie ဟာ အမည်မသိရတဲ့ ဘရစ်တစ်ရှ် ဘီလျံနာတစ်ယောက်နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ကောလာဟလတွေထွက်နေပေမယ့် လက်ရှိမှာ မင်းသမီးအနေနဲ့ ဘယ်သူနဲ့မှ တွဲမနေပါဘူးလို့ Jolie ရဲ့ ခိုင်လုံတဲ့အတွင်းသတင်းက သိရတယ်လို့ Hollywoodlife က ဖော်ပြထားပါတယ်။ “ဒါတွေက သတင်းအမှားတွေပါ။ Jolie ဟာ လက်ရှိမှာ ဘယ်သူနဲ့မှ တွဲနေတာ မဟုတ်ပါဘူး။ သူ့ဘာသူ အဆင်ပြေနေပါတယ်။ Brad နဲ့ကွဲသွားပြီး တစ်ယောက်တည်း အထီးကျန်တဲ့လမ်းကို လျှောက်ခဲ့ရပေမယ့် သူမရဲ့ကလေးတွေဆီက ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် သူမ အဆင်ပြေနေပါပြီ။ Brad နဲ့ ကွာရှင်းပြတ်စဲမှုကို အပြီးတိုင် အဆုံးမသတ်ရသေးသရွေ့ သူမ ဘယ်သူနဲ့မှ တွဲမှာမဟုတ်ပါဘူး။ အဲ့ဒီ့ကိစ္စတွေ အဆုံးမသတ်ရခင်အထိလည်း သူမရဲ့ကလေးတွေနဲ့ သူမရဲ့အလုပ်ကိုပဲ ဆက်ပြီးအာရုံစိုက်သွားမှာပါ”လို့ အတွင်းသတင်းက ဆိုပါတယ်။

Photo: pinterest

Jolie ဟာ သူမရဲ့ကလေးတွေကိုသာ အပြည့်အ၀ ဂရုစိုက်ချင်တာကြောင့် နောက်ထပ်လူတစ်ယောက်ကို ရှာဖို့ရန်မှာလည်း မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ “သူမအနေနဲ့ ဘယ်မင်းသား၊ ဘယ်ဥရောပက ဘီလျံနာနဲ့မှ တွဲမနေပါဘူး။ ပြီးတော့ Brad နဲ့လည်း လုံးဝပြန်တွေ့တော့မှာ မဟုတ်ပါဘူး။ သူမတစ်ယောက်တည်း သူမရဲ့ကလေးတွေနဲ့ဆိုရင်ပဲ အဆင်ပြေနေပါပြီ”လို့ အတွင်းသတင်းက ပြောပြထားပါတယ်။

Photo: pinterest

သူမရဲ့ကလေးတွေနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ်ခန့်တုန်းက အပတ်စဉ် ပိတ်ရက်တိုင်းလိုလို ကလေးတွေနဲ့ အပြင်ထွက်လည်လေ့ ရှိခဲ့ပါတယ်။ သိပ်မကြာသေးတဲ့ မတ်လ (၃)ရက်နေ့ကတင်ပဲ Jolie ကို သူမရဲ့ချစ်လှစွာသော ရင်နှစ်သည်းချာလေးတွေဖြစ်တဲ့ Vivienne Jolie-Pitt (၁၀နှစ်)၊ Pax Jolie-Pit (၁၅နှစ်)တို့နဲ့အတူ ဈေးဝယ်ထွက်နေတာကို တွေ့ခဲ့ကြရပါသေးတယ်။

Photo: pinterest

ကလေးတွေကို ဒီလိုခဏခဏ ဈေးဝယ်ထွက်ဖို့ ခရီးတွေခေါ်သွားနေတဲ့အပေါ် ခင်ပွန်းဟောင်းဖြစ်သူ Brad Pitt ကတော့ စိုးရိမ်ပူပန်နေပါတယ်။ Jolie ဟာ ကလေးတွေကို အလွန်အကျွံ အလိုလိုက်နေမှုဟာ ကြာလာရင် ကလေးတွေကို ပျက်စီးသွားစေမလားလို့ ဖေဖေကြီး Brad Pitt က စိတ်ပူနေတာပါ။ “ကလေးတွေဟာ ကြီးလာတဲ့အခါ သူတို့ရဲ့ရှေ့ကို အကုန်လုံးက အလိုလိုရောက်လာရမယ်ဆိုတဲ့ စိတ်မျိုးတွေ ဝင်မသွားစေချင်လို့ မလိုအပ်တဲ့အရာတွေကိုလည်း ဝယ်မပေးစေချင်ဘူး”လို့ အဆိုပါ အတွင်းသတင်းအရ တစ်ဆက်တည်း သိရပါတယ်။

Photo: pinterest

Jolie နဲ့ Brad Pitt တို့ဟာ ၂၀၁၆ခုနှစ်က လမ်းခွဲခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ကွာရှင်းပြတ်စဲတဲ့ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်နေကြတုန်း ဖြစ်ပါတယ်။
Source: Hollywoodlife

RELATED ARTICLES

Most Popular