HomeEntertainmentFilmတော်ဝင်မိသားစုအကြောင်း ရိုက်ကူးမယ့် animated စီးရီးမှာ ပါဝင်လာမယ့် Sophie Turner 

တော်ဝင်မိသားစုအကြောင်း ရိုက်ကူးမယ့် animated စီးရီးမှာ ပါဝင်လာမယ့် Sophie Turner 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Sophie Turner ဟာ HBO Max က ရိုက်ကူးထုတ်လွှင့်မယ့် တော်ဝင်မိသားစုအကြောင်း animated စီးရီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Sophie ဟာ X-Men: Apocalypse နဲ့ Dark Phoenix တွေမှာ သရုပ်ဆောင်ခဲ့တဲ့ Jean Grey ဇာတ်ရုပ်နဲ့လည်းကောင်း၊ အလွန်လူကြိုက်များ ကျော်ကြားခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲက Sansa Stark ဇာတ်ရုပ်နဲ့လည်းကောင်း ပရိသတ်တွေကြားထဲမှာ လူသိများသူ ဖြစ်ပါတယ်။ Sophie ဟာ GoT စီးရီးထဲမှာတော့ လူကြိုက်အနည်းဆုံး ဇာတ်ရုပ်ဖြစ်ခဲ့တဲ့ Sansa Stark ကို လူကြိုက်အများဆုံး ဇာတ်ရုပ်ဖြစ်လာအောင် ပညာသားပါစွာ သရုပ်ဆောင်နိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။

Photo: sophiet/ Instagram

အဆိုပါစီးရီးကတော့ The Prince လို့ အမည်ရပြီး ဗြိတိန်ရဲ့ တော်ဝင်မိသားစုအကြောင်းကို သရော်မယ့် ဟာသ animated စီးရီး ဖြစ်ပါတယ်။ Sophie ဟာ အဆိုပါစီးရီးထဲမှာ Kate Middleton နဲ့ Prince William တို့ရဲ့ သမီးလေးဖြစ်တဲ့ Princess Charlotte နေရာကနေ အသံသရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီစီးရီးထဲမှာ Sophie အပြင် အခြားသော နာမည်ကျော် သရုပ်ဆောင်များစွာဟာလည်း အသံသရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။ Ramsey Bolton လို့ လူသိများပြီး GoT ထဲက Sophie နဲ့ သရုပ်ဆောင်ဖက်ဖြစ်တဲ့ Iwan Rheon ကတော့ ဒီစီးရီးထဲမှာ Prince William နေရာက အသံသရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Prince Harry နေရာမှာတော့ မင်းသား Orlando Bloom က အသံသရုပ်ဆောင်သွားမှာဖြစ်ပြီး Kate Middleton နေရာမှာတော့ Lucy Punch ၊ Queen Elizabeth နေရာမှာတော့ Frances De La Tour နဲ့ Meghan Markle နေရာမှာတော့ Condola Rashad တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo: katemiddletonsofficial/ Instagram

ဒီစီးရီးကိုတော့ Gary Janetti ရဲ့ အင်စတာဂရမ်ပို့စ်တွေကနေ မှီငြမ်းဖန်တီးသွားမှာ ဖြစ်ပြီး သူကိုယ်တိုင်ကပဲ ဒီစီးရီးကို ဖန်တီးရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးကိုတော့ Kate Middleton နဲ့ Prince William တို့ရဲ့ အကြီးဆုံးသားလေး ဖြစ်တဲ့ Prince George ရဲ့ ရှုထောင့်ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

မင္းသမီးေခ်ာေလး Sophie Turner ဟာ HBO Max က ႐ိုက္ကူးထုတ္လႊင့္မယ့္ ေတာ္ဝင္မိသားစုအေၾကာင္း animated စီးရီးမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Sophie ဟာ X-Men: Apocalypse နဲ႔ Dark Phoenix ေတြမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jean Grey ဇာတ္႐ုပ္နဲ႔လည္းေကာင္း၊ အလြန္လူႀကိဳက္မ်ား ေက်ာ္ၾကားခဲ့တဲ့ Game of Thrones ဇာတ္လမ္းတြဲထဲက Sansa Stark ဇာတ္႐ုပ္နဲ႔လည္းေကာင္း ပရိသတ္ေတြၾကားထဲမွာ လူသိမ်ားသူ ျဖစ္ပါတယ္။ Sophie ဟာ GoT စီးရီးထဲမွာေတာ့ လူႀကိဳက္အနည္းဆုံး ဇာတ္႐ုပ္ျဖစ္ခဲ့တဲ့ Sansa Stark ကို လူႀကိဳက္အမ်ားဆုံး ဇာတ္႐ုပ္ျဖစ္လာေအာင္ ပညာသားပါစြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့သူအျဖစ္ အသိအမွတ္ျပဳခံထားရသူ ျဖစ္ပါတယ္။

Photo: sophiet/ Instagram

အဆိုပါစီးရီးကေတာ့ The Prince လို႔ အမည္ရၿပီး ၿဗိတိန္ရဲ႕ ေတာ္ဝင္မိသားစုအေၾကာင္းကို သေရာ္မယ့္ ဟာသ animated စီးရီး ျဖစ္ပါတယ္။ Sophie ဟာ အဆိုပါစီးရီးထဲမွာ Kate Middleton နဲ႔ Prince William တို႔ရဲ႕ သမီးေလးျဖစ္တဲ့ Princess Charlotte ေနရာကေန အသံသ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဒီစီးရီးထဲမွာ Sophie အျပင္ အျခားေသာ နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားစြာဟာလည္း အသံသ႐ုပ္ေဆာင္သြားဦးမွာ ျဖစ္ပါတယ္။ Ramsey Bolton လို႔ လူသိမ်ားၿပီး GoT ထဲက Sophie နဲ႔ သ႐ုပ္ေဆာင္ဖက္ျဖစ္တဲ့ Iwan Rheon ကေတာ့ ဒီစီးရီးထဲမွာ Prince William ေနရာက အသံသ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ Prince Harry ေနရာမွာေတာ့ မင္းသား Orlando Bloom က အသံသ႐ုပ္ေဆာင္သြားမွာျဖစ္ၿပီး Kate Middleton ေနရာမွာေတာ့ Lucy Punch ၊ Queen Elizabeth ေနရာမွာေတာ့ Frances De La Tour နဲ႔ Meghan Markle ေနရာမွာေတာ့ Condola Rashad တို႔က ပါဝင္သြားမွာ ျဖစ္ပါတယ္။

Photo: katemiddletonsofficial/ Instagram

ဒီစီးရီးကိုေတာ့ Gary Janetti ရဲ႕ အင္စတာဂရမ္ပို႔စ္ေတြကေန မွီျငမ္းဖန္တီးသြားမွာ ျဖစ္ၿပီး သူကိုယ္တိုင္ကပဲ ဒီစီးရီးကို ဖန္တီး႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီစီးရီးကိုေတာ့ Kate Middleton နဲ႔ Prince William တို႔ရဲ႕ အႀကီးဆုံးသားေလး ျဖစ္တဲ့ Prince George ရဲ႕ ရႈေထာင့္ကေန တင္ဆက္သြားမွာ ျဖစ္ပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular