HomeEntertainmentFilmDisney+ ကနေ ခရစ်စမတ်နေ့မှာ ထွက်ရှိထားတဲ့ Soul ရဲ့ မတူညီတဲ့ ဇာတ်သိမ်းများ

Disney+ ကနေ ခရစ်စမတ်နေ့မှာ ထွက်ရှိထားတဲ့ Soul ရဲ့ မတူညီတဲ့ ဇာတ်သိမ်းများ

——Spoiler Alerts—–

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ခရစ်စမတ်နေ့တုန်းက Disney+ ကနေ ပြသခဲ့တဲ့ Soul ဟာ မတူညီတဲ့ ဇာတ်သိမ်းတွေ ရှိပါသေးတယ်လို့ သိရပါတယ်။ ဒီ animation ဟာ စတင်ထွက်ရှိခဲ့တဲ့ အချိန်ကတည်းက နာမည်ကြီးခဲ့ပြီး ဒီ animation ကြောင့်လည်း Disney+ မှာ subscriber (၂.၃) သန်း တိုးလာတယ်လို့ သိရပါတယ်။ တမလွန်လောကကို ရောက်ရှိသွားတဲ့ jazz စန္ဒယားဆရာ Joe နေရာမှာတော့ Jamie Foxx က အသံသရုပ်ဆောင်ထားပြီး ကမ္ဘာပေါ်မှာ အသက်ရှင်သန်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဝိဉာဉ်လေး 22 နေရာမှာတော့ Tina Frey က အသံသရုပ်ဆောင်ထားပါတယ်။

photo via screenrant

ဇာတ်သိမ်းမှာတော့ Joe ဟာ 22 ကို ကယ်တင်ပြီး ကမ္ဘာပေါ်မှာ အသက်ရှင်သန်ဖို့အတွက် အားပေးစကား ပြောခဲ့ပါတယ်။ သူဟာ အစတုန်းကတော့ သူ့ကိုယ်သူ အနစ်နာခံပြီး Great Beyond ကို သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း Jerry တွေဟာ သူ့ကို ကမ္ဘာပေါ်မှာ အသက်ရှင်သန်ဖို့ နောက်ထပ်တစ်ကြိမ် အခွင့်အရေးပေးခဲ့ပါတယ်။ ဒီ animation ထဲမှာ ကျွန်တော်တို့ ကြည့်လိုက်ရတဲ့ ဇာတ်သိမ်းမဟုတ်ဘဲ ပြင်ဆင်ထားတဲ့ တစ်ခြားဇာတ်သိမ်းတွေလည်း ရှိပါသေးတယ်။

ပထမဆုံး စီစဉ်ခဲ့တဲ့ ဇာတ်သိမ်းကတော့ အခုဇာတ်သိမ်းလိုပဲ Joe ဟာ အနစ်နာခံပြီး 22 ကို ကမ္ဘာပေါ်မှာ ရှင်သန်စေခဲ့ပါတယ်။ ကွာခြားသွားတဲ့ အချက်ကတော့ ဒီဇာတ်သိမ်းထဲမှာ Joe ဟာ ဒုတိယအကြိမ် အခွင့်အရေး မရတော့ဘဲ Great Beyond ကို တကယ်သွားခဲ့ရပါတယ်။ ဒီဇာတ်သိမ်းသာ တကယ်ဖြစ်လာမယ် ဆိုရင်တော့ ရိုမာန်တစ်ဆန်ဆန်နဲ့ ဝမ်းနည်းစရာဇာတ်သိမ်းလေးကို တွေ့မြင်ရမှာပါ။ နောက်ထပ် ဇာတ်သိမ်းတစ်ခုကတော့ Joe ဟာ Great Beyond ကို သွားခဲ့ပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် နောက်ထပ်တစ်နှစ်ကြာတဲ့အချိန်မှာတော့ ကမ္ဘာပေါ်မှာ ပြန်လည်ရှင်သန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်သိမ်းကတော့ သိပ်ပြီးမမျှတသလို ဖန်တီးသူတွေကလည်း မကြိုက်ခဲ့တာကြောင့် အပယ်ခံခဲ့ပါတယ်။

photo via screenrant

အဲ့ဒါတင်မကသေးဘဲ နောက်ထပ်ဇာတ်သိမ်းတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ Joe ဟာ ပြန်လည်အသက်မရှင်ခဲ့သလို Great Beyond ကိုလည်း မသွားခဲ့ပါဘူး။ အဲ့ဒီထဲမှာတော့ သူဟာ You Seminar မှာ နေခဲ့ပြီး ဝိဉာဉ်တွေကို လေ့ကျင့်သင်ကြားပေးတဲ့ ဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ သူဟာ အကောင်းဆုံးဆရာတွေထဲက တစ်ယောက် ဖြစ်လာပါတော့တယ်။ ဒါတင်မကသေးဘဲ သူဟာ You Seminar ကို အကြံအသစ်တွေ ပေးခဲ့ပြီး တဖြည်းဖြည်း တိုးတက်လာအောင် ပြောင်းလဲပေးခဲ့ပါသေးတယ်။

photo via screenrant

ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းဟာ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်သလို ဘယ်လောက်ပဲ အသက်ကြီးကြီး သင့်ရဲ့ဘဝကို ပြောင်းလဲနိုင်ပါတယ် ဆိုတာကို ဖော်ပြသွားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ တကယ်မြင်တွေ့ခဲ့ရတဲ့ ဇာတ်သိမ်းဟာ အဖြေမရှိတဲ့ မေးခွန်းတွေအများကြီးလည်း ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒါ့အပြင် တကယ့်ဇာတ်သိမ်းထက် မသုံးဖြစ်လိုက်တဲ့ ဇာတ်သိမ်းအစီအစဉ်တွေကို ပိုပြီး ကြိုက်နှစ်သက်ကြသူတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ animation လေးကတော့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပြီး ကြည့်ရှုသူတွေကို လုံးဝစိတ်ပျက်စေမှာ မဟုတ်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

——Spoiler Alerts—–

ခရစ္စမတ္ေန႔တုန္းက Disney+ ကေန ျပသခဲ့တဲ့ Soul ဟာ မတူညီတဲ့ ဇာတ္သိမ္းေတြ ရွိပါေသးတယ္လို႔ သိရပါတယ္။ ဒီ animation ဟာ စတင္ထြက္ရွိခဲ့တဲ့ အခ်ိန္ကတည္းက နာမည္ႀကီးခဲ့ၿပီး ဒီ animation ေၾကာင့္လည္း Disney+ မွာ subscriber (၂.၃) သန္း တိုးလာတယ္လို႔ သိရပါတယ္။ တမလြန္ေလာကကို ေရာက္ရွိသြားတဲ့ jazz စႏၵယားဆရာ Joe ေနရာမွာေတာ့ Jamie Foxx က အသံသ႐ုပ္ေဆာင္ထားၿပီး ကမာၻေပၚမွာ အသက္ရွင္သန္ဖို႔ အဆင္သင့္မျဖစ္ေသးတဲ့ ဝိဉာဥ္ေလး 22 ေနရာမွာေတာ့ Tina Frey က အသံသ႐ုပ္ေဆာင္ထားပါတယ္။

photo via screenrant

ဇာတ္သိမ္းမွာေတာ့ Joe ဟာ 22 ကို ကယ္တင္ၿပီး ကမာၻေပၚမွာ အသက္ရွင္သန္ဖို႔အတြက္ အားေပးစကား ေျပာခဲ့ပါတယ္။ သူဟာ အစတုန္းကေတာ့ သူ႔ကိုယ္သူ အနစ္နာခံၿပီး Great Beyond ကို သြားဖို႔ အဆင္သင့္ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း Jerry ေတြဟာ သူ႔ကို ကမာၻေပၚမွာ အသက္ရွင္သန္ဖို႔ ေနာက္ထပ္တစ္ႀကိမ္ အခြင့္အေရးေပးခဲ့ပါတယ္။ ဒီ animation ထဲမွာ ကြၽန္ေတာ္တို႔ ၾကည့္လိုက္ရတဲ့ ဇာတ္သိမ္းမဟုတ္ဘဲ ျပင္ဆင္ထားတဲ့ တစ္ျခားဇာတ္သိမ္းေတြလည္း ရွိပါေသးတယ္။

ပထမဆုံး စီစဥ္ခဲ့တဲ့ ဇာတ္သိမ္းကေတာ့ အခုဇာတ္သိမ္းလိုပဲ Joe ဟာ အနစ္နာခံၿပီး 22 ကို ကမာၻေပၚမွာ ရွင္သန္ေစခဲ့ပါတယ္။ ကြာျခားသြားတဲ့ အခ်က္ကေတာ့ ဒီဇာတ္သိမ္းထဲမွာ Joe ဟာ ဒုတိယအႀကိမ္ အခြင့္အေရး မရေတာ့ဘဲ Great Beyond ကို တကယ္သြားခဲ့ရပါတယ္။ ဒီဇာတ္သိမ္းသာ တကယ္ျဖစ္လာမယ္ ဆိုရင္ေတာ့ ႐ိုမာန္တစ္ဆန္ဆန္နဲ႔ ဝမ္းနည္းစရာဇာတ္သိမ္းေလးကို ေတြ႕ျမင္ရမွာပါ။ ေနာက္ထပ္ ဇာတ္သိမ္းတစ္ခုကေတာ့ Joe ဟာ Great Beyond ကို သြားခဲ့ေပမယ့္လည္း အေၾကာင္းတစ္ခုခုေၾကာင့္ ေနာက္ထပ္တစ္ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ ကမာၻေပၚမွာ ျပန္လည္ရွင္သန္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီဇာတ္သိမ္းကေတာ့ သိပ္ၿပီးမမွ်တသလို ဖန္တီးသူေတြကလည္း မႀကိဳက္ခဲ့တာေၾကာင့္ အပယ္ခံခဲ့ပါတယ္။

photo via screenrant

အဲ့ဒါတင္မကေသးဘဲ ေနာက္ထပ္ဇာတ္သိမ္းတစ္ခု ရွိပါေသးတယ္။ အဲ့ဒါကေတာ့ Joe ဟာ ျပန္လည္အသက္မရွင္ခဲ့သလို Great Beyond ကိုလည္း မသြားခဲ့ပါဘူး။ အဲ့ဒီထဲမွာေတာ့ သူဟာ You Seminar မွာ ေနခဲ့ၿပီး ဝိဉာဥ္ေတြကို ေလ့က်င့္သင္ၾကားေပးတဲ့ ဆရာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ သူဟာ အေကာင္းဆုံးဆရာေတြထဲက တစ္ေယာက္ ျဖစ္လာပါေတာ့တယ္။ ဒါတင္မကေသးဘဲ သူဟာ You Seminar ကို အႀကံအသစ္ေတြ ေပးခဲ့ၿပီး တျဖည္းျဖည္း တိုးတက္လာေအာင္ ေျပာင္းလဲေပးခဲ့ပါေသးတယ္။

photo via screenrant

ဘယ္လိုပဲျဖစ္ျဖစ္ ဒီဇာတ္လမ္းဟာ ၾကည့္ရႈသူေတြကို ဆြဲေဆာင္ႏိုင္သလို ဘယ္ေလာက္ပဲ အသက္ႀကီးႀကီး သင့္ရဲ႕ဘဝကို ေျပာင္းလဲႏိုင္ပါတယ္ ဆိုတာကို ေဖာ္ျပသြားခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ တကယ္ျမင္ေတြ႕ခဲ့ရတဲ့ ဇာတ္သိမ္းဟာ အေျဖမရွိတဲ့ ေမးခြန္းေတြအမ်ားႀကီးလည္း ထြက္ေပၚလာေစခဲ့ပါတယ္။ ဒါ့အျပင္ တကယ့္ဇာတ္သိမ္းထက္ မသုံးျဖစ္လိုက္တဲ့ ဇာတ္သိမ္းအစီအစဥ္ေတြကို ပိုၿပီး ႀကိဳက္ႏွစ္သက္ၾကသူေတြလည္း ရွိႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ animation ေလးကေတာ့ ၾကည့္သင့္တဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ၿပီး ၾကည့္ရႈသူေတြကို လုံးဝစိတ္ပ်က္ေစမွာ မဟုတ္ပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular