HomeEntertainmentFilmSpider-Man 3 ထဲမှာ Charlie Cox ဟာ Daredevil အနေနဲ့ ပါဝင်လာမယ်လို့ သတင်းထွက်နေ

Spider-Man 3 ထဲမှာ Charlie Cox ဟာ Daredevil အနေနဲ့ ပါဝင်လာမယ်လို့ သတင်းထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်ထွက်ရှိလာမယ့် Spider-Man 3 ရုပ်ရှင်ထဲမှာတော့ Charlie Cox ဟာ Daredevil အနေနဲ့ ပါဝင်လာဦးမယ် ဆိုပြီးတော့ သတင်းထွက်နေပါတယ်။ Charlie ကတော့ MCU ရဲ့ ပထမဆုံး spin-off စီးရီး ဖြစ်တဲ့ Daredevil ထဲမှာ သရုပ်ဆောင်ခဲ့ပြီး season 3 အပြီးမှာတော့ ဖျက်သိမ်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ကတော့ သူတို့ရဲ့ ပရောဂျက်ထဲမှာ ထည့်သွင်းဖို့အတွက် ဒီဇာတ်ကောင်ရဲ့ မူပိုင်ခွင့်တွေကို ပြန်လည်ရယူနိုင်ဖို့ (၂) နှစ်လောက် စောင့်ခဲ့ရပါတယ်။

photo via screenrant

အခုချိန်မှာတော့ Marvel နဲ့ Sony တို့ဟာ Spider-Man 3 ကို ရိုက်ကူးနေဆဲ ဖြစ်ပြီးတော့ သတင်းတွေအရဆိုရင်တော့ Tom Holland တင် မဟုတ်ဘဲ အရင်က Spider-Man သရုပ်ဆောင်တွေပါ ပြန်လည်ပါဝင်လာမယ်လို့ သိထားရပါတယ်။ Jamie Foxx ကတော့ Electro အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး Alfred Molina ကလည်း Doctor Octopus အနေနဲ့ ပြန်လည်ပါဝင်လာဦးမယ်လို့ သိရပါတယ်။ Andrew Garfield ကတော့ ပါဝင်လာဖို့ သေချာနေပြီ ဖြစ်ပြီး Tobey Maguire ကလည်း ပါဝင်လာဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Doctor Strange လည်း ပါဝင်လာမှာ ဖြစ်ပြီးတော့ Daredevil ကလည်း ပါဝင်ဖို့အတွက် သတင်းထွက်နေပြီ ဖြစ်ပါတယ်။

photo via screenrant

သိပ်မကြာခင်တုန်းက Murphy’s Multiverse ဆိုတဲ့ သတင်း website က ဒီသတင်းကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖော်ပြချက်အရဆိုရင်တော့ Charlie ဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့အတွက် သဘောတူထားတာ လပိုင်းလောက် ရှိနေပြီလို့ သိရပါတယ်။ ဒီသတင်း website ဟာ အသစ်ပဲ ရှိသေးတာကြောင့် လောလောဆယ်မှာတော့ ဒီသတင်းကို ကောလာဟလလို့ပဲ ယူဆထားသင့်ပါတယ်။ ဒါ့အပြင် Marvel ၊ Sony နဲ့ Charlie တို့ ကိုယ်တိုင်ကတောင် ဒီသတင်းကို အတည်ပြုခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီသတင်း website ဟာ တစ်ချို့သတင်းတွေနဲ့ သူတို့ရဲ့ website ဟာ ယုံကြည်လို့ရပါတယ် ဆိုတာကို သက်သေပြထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကြီး မယုံထားတာတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

photo via screenrant

အကယ်၍ ဒီသတင်းသာ အမှန်ဆိုရင်တော့ Daredevil ဟာ ဘယ်လိုနေရာမှာ ပါဝင်လာနိုင်မလည်း ဆိုတာတော့ မေးစရာ ရှိပါတယ်။ အဲ့ဒီမေးခွန်းအတွက် အဖြေကတော့ Spider-Man 3 မှာ Matt Murdock က Peter Parker ကို ကယ်တင်လိမ့်မယ်လို့ ယူဆလို့ ရပါတယ်။ အကြောင်းကတော့ Spider-Man: Far From Home ထဲရဲ့ ဇာတ်သိမ်းမှာတော့ Mysterio သေဆုံးသွားပေမယ့်လည်း သူဟာ Spider-Man က ဘယ်သူဆိုတာကို လူသိရှင်ကြား ချပြခဲ့သလို Spider-Man က သူ့ကို သတ်ခဲ့ပါတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Peter Parker ဟာ သေချာပေါက် တရားရင်ဆိုင်ရတော့မှာ ဖြစ်ပြီး Matt Murdock ကတော့ သူ့ရဲ့ရှေ့နေအနေနဲ့ ကာကွယ်ပေးတာကို မြင်တွေ့ရမယ်လို့ ထင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

အသစ္ထြက္ရွိလာမယ့္ Spider-Man 3 ႐ုပ္ရွင္ထဲမွာေတာ့ Charlie Cox ဟာ Daredevil အေနနဲ႔ ပါဝင္လာဦးမယ္ ဆိုၿပီးေတာ့ သတင္းထြက္ေနပါတယ္။ Charlie ကေတာ့ MCU ရဲ႕ ပထမဆုံး spin-off စီးရီး ျဖစ္တဲ့ Daredevil ထဲမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး season 3 အၿပီးမွာေတာ့ ဖ်က္သိမ္းသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Marvel ကေတာ့ သူတို႔ရဲ႕ ပေရာဂ်က္ထဲမွာ ထည့္သြင္းဖို႔အတြက္ ဒီဇာတ္ေကာင္ရဲ႕ မူပိုင္ခြင့္ေတြကို ျပန္လည္ရယူႏိုင္ဖို႔ (၂) ႏွစ္ေလာက္ ေစာင့္ခဲ့ရပါတယ္။

photo via screenrant

အခုခ်ိန္မွာေတာ့ Marvel နဲ႔ Sony တို႔ဟာ Spider-Man 3 ကို ႐ိုက္ကူးေနဆဲ ျဖစ္ၿပီးေတာ့ သတင္းေတြအရဆိုရင္ေတာ့ Tom Holland တင္ မဟုတ္ဘဲ အရင္က Spider-Man သ႐ုပ္ေဆာင္ေတြပါ ျပန္လည္ပါဝင္လာမယ္လို႔ သိထားရပါတယ္။ Jamie Foxx ကေတာ့ Electro အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး Alfred Molina ကလည္း Doctor Octopus အေနနဲ႔ ျပန္လည္ပါဝင္လာဦးမယ္လို႔ သိရပါတယ္။ Andrew Garfield ကေတာ့ ပါဝင္လာဖို႔ ေသခ်ာေနၿပီ ျဖစ္ၿပီး Tobey Maguire ကလည္း ပါဝင္လာဖို႔အတြက္ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Doctor Strange လည္း ပါဝင္လာမွာ ျဖစ္ၿပီးေတာ့ Daredevil ကလည္း ပါဝင္ဖို႔အတြက္ သတင္းထြက္ေနၿပီ ျဖစ္ပါတယ္။

photo via screenrant

သိပ္မၾကာခင္တုန္းက Murphy’s Multiverse ဆိုတဲ့ သတင္း website က ဒီသတင္းကို တင္ခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ Charlie ဟာ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ဖို႔အတြက္ သေဘာတူထားတာ လပိုင္းေလာက္ ရွိေနၿပီလို႔ သိရပါတယ္။ ဒီသတင္း website ဟာ အသစ္ပဲ ရွိေသးတာေၾကာင့္ ေလာေလာဆယ္မွာေတာ့ ဒီသတင္းကို ေကာလာဟလလို႔ပဲ ယူဆထားသင့္ပါတယ္။ ဒါ့အျပင္ Marvel ၊ Sony နဲ႔ Charlie တို႔ ကိုယ္တိုင္ကေတာင္ ဒီသတင္းကို အတည္ျပဳျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လည္း ဒီသတင္း website ဟာ တစ္ခ်ိဳ႕သတင္းေတြနဲ႔ သူတို႔ရဲ႕ website ဟာ ယုံၾကည္လို႔ရပါတယ္ ဆိုတာကို သက္ေသျပထားခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အရမ္းႀကီး မယုံထားတာေတာ့ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

photo via screenrant

အကယ္၍ ဒီသတင္းသာ အမွန္ဆိုရင္ေတာ့ Daredevil ဟာ ဘယ္လိုေနရာမွာ ပါဝင္လာႏိုင္မလည္း ဆိုတာေတာ့ ေမးစရာ ရွိပါတယ္။ အဲ့ဒီေမးခြန္းအတြက္ အေျဖကေတာ့ Spider-Man 3 မွာ Matt Murdock က Peter Parker ကို ကယ္တင္လိမ့္မယ္လို႔ ယူဆလို႔ ရပါတယ္။ အေၾကာင္းကေတာ့ Spider-Man: Far From Home ထဲရဲ႕ ဇာတ္သိမ္းမွာေတာ့ Mysterio ေသဆုံးသြားေပမယ့္လည္း သူဟာ Spider-Man က ဘယ္သူဆိုတာကို လူသိရွင္ၾကား ခ်ျပခဲ့သလို Spider-Man က သူ႔ကို သတ္ခဲ့ပါတယ္လို႔လည္း စြပ္စြဲခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Peter Parker ဟာ ေသခ်ာေပါက္ တရားရင္ဆိုင္ရေတာ့မွာ ျဖစ္ၿပီး Matt Murdock ကေတာ့ သူ႔ရဲ႕ေရွ႕ေနအေနနဲ႔ ကာကြယ္ေပးတာကို ျမင္ေတြ႕ရမယ္လို႔ ထင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular