HomeEntertainmentFilmSpider-Man: Across the Spider-Verse ထွေလာထဲက စိတ်ဝင်စားစရာအချက်များ

Spider-Man: Across the Spider-Verse ထွေလာထဲက စိတ်ဝင်စားစရာအချက်များ

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: Across the Spider-Verse ရဲ့ ပထမဆုံး ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Easter Egg တွေ၊ Cameo တွေနဲ့ စိတ်ဝင်စားစရာအချက်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ပရိသတ်အများစုအနေနဲ့ ထွေလာကိုပဲ အာရုံစိုက် ကြည့်ရှုနေတာကြောင့် သတိမထားမိတာမျိူးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Spider-Man: Across the Spider-Verse ထွေလာထဲက စိတ်ဝင်စားစရာတွေကို ဖော်ပြပေးချင်ပါတယ်။

Brooklyn ရဲ့ တရားဝင် Spider-Man ဖြစ်နေတဲ့ Miles Morales

photo via screenrant

ဒီထွေလာထဲက ဇာတ်ဝင်ခန်းအများစုမှာတော့ Miles Morales ဟာ Spider-Man ဝတ်စုံနဲ့ Brooklyn မြို့ထဲမှာ သွားလာနေတာကို တွေ့ရပါတယ်။ မြို့ထဲက လူတွေကလည်း Miles ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်နေကြတာကို တွေ့ရသလို Hot Dog အလကား ကျွေးနေတာတောင် တွေ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းတွေကြောင့်ပဲ Miles ဟာ Brooklyn မြို့က လက်ခံထားတဲ့ တရားဝင် Spider-Man ဖြစ်လာပြီလို့ ပြောနိုင်ပါတယ်။

အရွယ်ရောက်လာပြီ ဖြစ်တဲ့ Miles နဲ့ Gwen

photo via screenrant

ဒီထွေလာထဲမှာတော့ Miles နဲ့ Gwen တို့ရဲ့ ဒီဇိုင်းအသစ်တွေကို မြင်တွေ့ခဲ့ရပြီး အရွယ်ရောက်နေတဲ့ ပုံစံကို မြင်ရပါတယ်။ ပထမဇာတ်လမ်းထဲမှာတော့ သူတို့နှစ်ယောက်ဟာ ကလေးအရွယ်ပဲ ရှိသေးပြီး ပိုမိုငယ်ရွယ်တဲ့ ပုံစံဖြစ်အောင် ဖန်တီးထားပါတယ်။ ဒီထွေလာထဲမှာတော့ သူတို့နှစ်ယောက်လုံးဟာ အရပ်ပိုရှည်လာပြီး ကြွက်သားတွေ ထွက်လာတဲ့ပုံစံမျိူးလည်း ဖန်တီးထားပါတယ်။

Spider-Man Variant

photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Spider-Man Variant တွေများစွာ ပါဝင်နေပြီး Spider-Man တွေပဲ နေထိုင်ကြတဲ့ Dimension တစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီ Spider-Man တွေ အများကြီးထဲက သတိပြုမိစရာတွေကတော့ Marvel Zombies vs. Army of Darkness ကောမစ်ထဲက Werewolf Spider-Man ၊ ကောမစ်ထဲက စက္ကူအိတ်ကို မျက်နှာဖုံးလုပ်ထားတဲ့ Spider-Man နဲ့ Future Foundation ဝတ်စုံကို ဝတ်ထားတဲ့ Spider-Man တို့ပဲ ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ PS4 ဂိမ်းထဲက Spider-Man နဲ့ Spider-Man: Far From Home ထဲက ဝတ်စုံဝတ်ထားတဲ့ Spider-Man တို့ကိုလည်း တွေ့ခဲ့ရပါတယ်။

Spider-Man အသစ်ကို ဖန်တီးနေတာလား?

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Miles နဲ့ Gwen တို့ရဲ့နောက်မှာ Spider-Man ဝတ်စုံလို့ ယူဆရတဲ့အရာကို စက်ပစ္စည်းတစ်ခုမှာ ချိတ်ဆွဲထားတာ တွေ့ခဲ့ရပါတယ်။ အဲဒီနေရာကတော့ အလွန် Resolution ကျနေတာကြောင့် ဘာလည်းဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ဝင်ခန်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ အခန်းကိုတော့ အခြားဇာတ်ဝင်ခန်းတွေမှာလည်း မြင်တွေ့ခဲ့ရတာကြောင့် တစ်ခုခုအရေးပါနေမယ်လို့ ယူဆရပါတယ်။ ဒီအရာဟာ Spider-Man 2099 ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်နေနိုင်သလို အခြား Spider-Man တစ်ယောက်ယောက်ရဲ့ ဝတ်စုံလည်း ဖြစ်နေနိုင်ပါတယ်။

Spider-Woman

photo via screenrant

ဒီထွေလာထဲမှာတော့ Spider-Woman ရဲ့ First Look ကို စတင်မြင်တွေ့ခဲ့ရပြီး သူမဟာ ဆိုင်ကယ်တစ်စီးနဲ့အတူ ဗီလိန်တစ်ယောက်ကို တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ အဲဒီဗီလိန်ရဲ့ ပုံစံကတော့ ကြီးမားတဲ့ငှက်လို သတ္တဝါကြီး ဖြစ်နေပြီး Spider-Man ရဲ့ Classic Villain ဖြစ်တဲ့ Vulture ရဲ့ Variant တစ်မျိူး ဖြစ်နေနိုင်ပါတယ်။

Spider-Man 2099 က သူ့ရဲ့ကလေးကို ဆုံးရှုံးထားတာ ဖြစ်နိုင်ပါတယ်။

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Spider-Man 2099 ဟာ ဓာတ်ပုံတစ်ခုကို ကြည့်ရှုနေပြီး အဲဒီပုံထဲမှာတော့ သူ့ရဲ့သမီးလို့ ယူဆရတဲ့ ကလေးလေးကို မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာထဲမှာတော့ အဲဒီကလေးမလေးကို အဲဒီဓာတ်ပုံထဲမှာကလွဲရင် အခြားဘယ်နေရာမှာမှ မတွေ့ခဲ့ရဘူး။ ဒါကြောင့်ပဲ Spider-Man 2099 ဟာ သူ့သမီးရဲ့ Variant ကို ရှာဖွေဖို့အတွက် Multiverse ကို ခရီးသွားနေတာ ဖြစ်နိုင်ပါတယ်။ ပထမရုပ်ရှင်ထဲမှာလည်း Kingpin ဟာ သူ့ရဲ့သေဆုံးသွားတဲ့ ဇနီးနဲ့ကလေးရဲ့ Variant ကို ရှာဖွေဖို့ ကြိုးစားခဲ့ပါသေးတယ်။

ကလေး ရှိနေတဲ့ Peter B. Parker

photo via screenrant

စက္ကန့်အနည်းငယ်လေးသာ မြင်တွေ့ရပေမယ့်လည်း ဒီထွေလာထဲမှာတော့ Peter B. Parker ကို မြင်တွေ့ခဲ့ရပြီး သူဟာ ကလေးလေးတစ်ယောက်ကို ချီထားတာ တွေ့ရပါတယ်။ ဒီကလေးလေးကတော့ Peter B. Parker ရဲ့ ကလေးလား၊ ဘယ်သူ့ရဲ့ ကလေးလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ သီအိုရီတစ်ခုအရ ဆိုရင်တော့ Peter ဟာ သူ့ရဲ့ Universe မှာ Mary Jane နဲ့ ပြန်လည်အဆင်ပြေသွားပြီး ကလေးရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီကလေးဟာ Spider-Man 2099 ရဲ့သမီး Variant ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

Spider-Man တစ်ယောက်ကတော့ ဗီလိန် ဖြစ်နေနိုင်ပါတယ်။

photo via screenrant

ထွေလာရဲ့ အဆုံးသတ်မှာတော့ Gwen ဟာ “ငါတို့က လူကောင်းတွေ ဖြစ်ရမှာလေ” လို့ ပြောသွားပြီး Spider-Man 2099 ကတော့ “ဟုတ်တယ်လေ” လို့ ပြန်ဖြေထားပါတယ်။ အဲဒီနောက်မှာတော့ Miles ကို အခြား Spider-Man Variant တွေက ဝိုင်းဝန်းတိုက်ခိုက်တာကို မြင်ခဲ့ရပြီး သူတို့ကြားမှာ အငြင်းပွားစရာတစ်ခုခု ဖြစ်လာကြောင့်လို့ ယူဆရပါတယ်။ The Spot နဲ့ Vulture တို့လို ဒီဇာတ်လမ်းထဲမှာ ပါဝင်လာဖို့ အတည်ပြုထားတဲ့ ဗီလိန်တွေ ရှိပေမယ့်လည်း Spider-Man Variant တစ်ယောက်ယောက်လည်း ဗီလိန်အဖြစ် ပါဝင်လာနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular