HomeEntertainmentFilmSpider-Man: Across the Spider-Verse ထဲက စိတ်ဝင်စားစရာအချက်များ

Spider-Man: Across the Spider-Verse ထဲက စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

Spider-Man: Across the Spider-Verse ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မတူညီတဲ့ Spider-Man တွေများစွာကို မြင်တွေ့ခဲ့ရပြီး Miles Morales ဟာ Spider-Verse ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်သွားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းရဲ့ Cliffhanger Ending ဟာလည်း ပရိသတ်တွေကို Beyond the Spider-Verse ဇာတ်လမ်းကို ချက်ချင်းကြည့်ချင်သွားအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Trans ဖြစ်နေနိုင်တဲ့ Gwen

photo credit Sony Pictures

Earth-65 မှာရှိတဲ့ Gwen ရဲ့နေအိမ်ကို ပြသတဲ့အချိန်မှာတော့ သူမရဲ့အခန်းထဲမှာ “Protect Trans Kids” ဆိုတဲ့ ပိုစတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကြားထဲမှာတော့ Gwen က Trans တစ်ယောက်လားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ လောလောဆယ်မှာတော့ ဒီအချက်ကို အတည်ပြုတာမျိူး မလုပ်သေးတာကြောင့် Sony ဟာ LGBTQ+ ကို Support လုပ်တဲ့အနေနဲ့ ထည့်သွင်းထားတာလည်း ဖြစ်နိုင်ပါတယ်။

Doctor Strange နဲ့ MCU Spider-Man

photo credit Marvel Studios

ဒီဇာတ်လမ်းရဲ့ ထွေလာမှာကတည်းက Spider-Man 2099 ဟာ Doctor Strange နဲ့ MCU Spider-Man တို့ အကြောင်းပြောသွားတဲ့ ဇာတ်ဝင်ခန်းကို တွေ့ခဲ့ရပါတယ်။ Spider-Man 2099 ဟာ “Earth-199999 က Doctor Strange နဲ့ Nerdy Kid” လို့ ပြောသွားတာ ဖြစ်ပြီး ဒါဟာ Spider-Man: No Way Home ထဲက အဖြစ်အပျက်တွေကို Reference ပြုလုပ်သွားတာ ဖြစ်ပါတယ်။

Spider-Ham

photo credit Sony Pictures

Spider-Gwen က Da Vinci-Theme Vulture နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ Spider-Man 2099 နဲ့ Spider-Women (Jessica Drew)တို့က လာရောက်ကူညီခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတစ်နေရာမှာတော့ Spider-Man 2099 ဟာ Vulture ရဲ့ အတောင်ပံတစ်ဘက်ကို ဆွဲဖြဲလိုက်တဲ့အခါ Vulture ဟာ ချက်ချင်းပဲ Pocket Dimension ထဲက အတောင်ပံအသစ်ကို ထုတ်ယူခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ Spider-Man 2099 ဟာ “Hammerspace” လို့ ပြောလိုက်ပါတယ်။ ဒီစကားလုံးကတော့ ကာတွန်းဇာတ်ကောင်တွေဟာ ဘာမှမရှိတဲ့အခြေအနေကနေ ရုတ်တရက် အရာဝတ္ထုတွေကို ဆွဲထုတ်နိုင်တာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ Spider-Ham မှာတော့ ဒီစွမ်းအားရှိနေကြောင်း Spider-Man: Into the Spider-Verse ထဲမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်တာကြောင့် ဒီဒိုင်ယာလော့ခ်ဟာ Spider-Ham ကို Reference ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

Spot ဟာ Villain of the Week အဆင့်ပဲ ရှိတာလား?

photo credit Sony Pictures

ဒီဇာတ်လမ်းထဲမှာ Spot ဟာ အလွန်စွမ်းအားကြီးသွားရတဲ့ အဓိကအကြောင်းအရင်းကတော့ သူ့ကို Miles က အဓိကရန်သူတော်တစ်ယောက်အဖြစ် အသိအမှတ်ပြုစေချင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Across the Spider-Verse တလျှောက်လုံးမှာတော့ သူ့ကို Villain of the Week လောက်တောင် အဆင့်မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒီအခေါ်အဝေါ်ကတော့ ကောမစ်ထဲက အခေါ်အဝေါ်တစ်ခု ဖြစ်ပြီး လူသိပ်မသိကြပါဘူး။ အဓိပ္ပာယ်ကတော့ အနည်းငယ်သာ ပါဝင်ရတဲ့ ဗီလိန်တွေကို ခေါ်တာဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Spot ဟာ တကယ်ပဲ Villain of the Week အဆင့်လောက်ပဲ ဖြစ်ပေမယ့် Sony ရဲ့ Spider-Man Universe ထဲမှာတော့ အလွန်စွမ်းအားကြီးတဲ့ ဗီလိန်တစ်ယောက် ဖြစ်လာပါပြီ။

Everything Everywhere All At Once Reference

photo credit A24

Spot တစ်ယောက် Super Collider အသေးစားကို တည်ဆောက်ဖို့ သူ့ရဲ့တိုက်ခန်းကို ပြန်သွားတဲ့အချိန်မှာတော့ ခေါင်မိုးက Billboard ပေါ်မှာ Bagel ပုံကြီးကို တွေ့ခဲ့ရပါတယ်။ ဒါဟာ Bagel နဲ့ အပစ်ခံခဲ့ရလို့ Spot ဖြစ်လာခဲ့ပုံကို Reference လုပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ Billboard ပေါ်မှာတော့ “All Of It Always All Over The Place” လို့ ရေးထားပြီး အော်စကာ ရထားတဲ့ Everything Everywhere All At Once (EEAAO)ရုပ်ရှင်ကို Reference ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ EEAAO ထဲမှာတော့ Bagel ဟာ အဓိကအကျဆုံးနေရာက ပါဝင်ခဲ့သလို Across the Spider-Verse ရုပ်ရှင်ဟာလည်း Bagel တစ်ခုကြောင့် ဖြစ်လာခဲ့တာပါ။

Live Action Prowler

photo credit Marvel Studios

Spider Society ဟာ မှားယွင်းတဲ့ Timeline တွေကို ရောက်သွားတဲ့ Anomaly တွေကို ဖမ်းဆီးထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာတော့ Live Action ဗားရှင်း Prowler ကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ Donald Glover က ပါဝင်သရုပ်ဆောင်ထားပြီး Donald ဟာ Spider-Man: Homecoming ထဲမှာ Aaron Davis အနေနဲ့ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Prowler ရဲ့ Live Action ဗားရှင်းကို ပြသပြီးပြီ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Miles ရဲ့ Live Action ဗားရှင်းကိုလည်း မြင်တွေ့လာရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular