HomeCelebs Update NewsInternationalSpider-Man အဖြစ် ပြန်လည်ပါဝင်ချင်ပါသေးတယ် ဆိုတဲ့ Andrew Garfield

Spider-Man အဖြစ် ပြန်လည်ပါဝင်ချင်ပါသေးတယ် ဆိုတဲ့ Andrew Garfield

Spider-Man: No Way Home ထဲမှာ ပါဝင်ပြီးတဲ့ နောက်မှာတော့ Andrew Garfield ဟာ Spider-Man အဖြစ် အနာဂတ် ပရောဂျက်တွေမှာ ထပ်မံပါဝင်ချင်ပါသေးတယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ Sony ဟာ Spider-Man ကို Reboot ပြုလုပ်ခဲ့ပြီး Andrew Garfield ရဲ့ The Amazing Spider-Man ထွက်ရှိလာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ The Amazing Spider-Man 2 ထွက်ရှိခဲ့ပြီး အကြောင်းအမျိူးမျိူးကြောင့် Sony ဟာ Marvel နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့ပြီး Tom Holland ရဲ့ Spider-Man ကို MCU ထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

No Way Home ထွက်မလာခင်တုန်းကတော့ Andrew Garfield ဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်ထားတယ် ဆိုတဲ့ အချက်ကို လုံးဝငြင်းဆန်ခဲ့ပေမယ့်လည်း တကယ် ထွက်ရှိလာတဲ့အချိန်မှာတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း Tobey Maguire နဲ့ Andrew Garfield တို့ကို Spider-Man အနေနဲ့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကြောင့်လည်း ပရိသတ်တွေဟာ Tobey Maguire ရဲ့ Spider-Man 4 နဲ့ Andrew Garfield ရဲ့ The Amazing Spider-Man 3 တို့ကို ထပ်မံမြင်တွေ့နေချင်ကြပါတယ်။

No Way Home ထွက်ရှိလာပြီးနောက်မှာတော့ Andrew Garfield ဟာ ပထမဆုံးအကြိမ် သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူဟာ Spider-Man အနေနဲ့ ပြန်လည်ပါဝင်လာရတာဟာ အတော်လေး ဝမ်းသာမိပြီး အခွင့်အရေးသာ ရဦးမယ်ဆိုရင် အနာဂတ်ပရောဂျက်တွေမှာ Spider-Man အနေနဲ့ ပြန်လည်ပါဝင်ချင်ပါသေးတယ်လို့ ပြောပြခဲ့ပါတယ်။

photo via screenrant

အခုချိန်မှာတော့ Andrew Garfield ကိုယ်တိုင်က ဒီလိုမျိူး ပြောပြလာပြီ ဖြစ်တာကြောင့် ပရိသတ်တွေ မျှော်လင့်နေတဲ့ The Amazing Spider-Man 3 ကတော့ တကယ် ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဟုတ်ရင်တောင် Andrew ပြောခဲ့သလိုပဲ အနာဂတ်မှာ ထွက်ရှိလာမယ့် ပရောဂျက်တွေမှာ ထပ်မံမြင်တွေ့လာနိုင်ချေတွေ ရှိနေပါတယ်။ ပရိသတ်တစ်ချို့ရဲ့ ခန့်မှန်းချက်တွေအရ ဆိုရင်တော့ Tobey Maguire နဲ့ Andrew Garfield တစ်ယောက်ယောက်ဟာ Morbius လိုမျိူး Sony ပိုင်ဆိုင်ထားတဲ့ Marvel ဇာတ်ကောင်တွေနဲ့ တိုက်ခိုက်ရလိမ့်မယ်လို့ ပြောကြတာတွေလည်း ရှိပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular