HomeEntertainmentFilmMorbius ရုပ်ရှင်ဟာ Spider-Man ရုပ်ရှင်တွေရဲ့ တစ်စိတ်တစ်ပိုင်းပါလို့ ပြောခဲ့တဲ့ Jared Leto

Morbius ရုပ်ရှင်ဟာ Spider-Man ရုပ်ရှင်တွေရဲ့ တစ်စိတ်တစ်ပိုင်းပါလို့ ပြောခဲ့တဲ့ Jared Leto

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်ထွက်လာမယ့် Morbius ရုပ်ရှင်ဟာ Spider-Man ရုပ်ရှင်တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး နောက်ပိုင်းမှာတော့ Spider-Man နဲ့ crossover ပုံစံမျိူးတွေကို တွေ့ရနိုင်ပါတယ်လို့ Jared Leto က ပြောခဲ့ပါတယ်။ Morbius ရုပ်ရှင်ကတော့ အစတုန်းက‌ ၂၀၂၀ ဇူလိုင်လမှာ ရုံတင်ဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုချိန်မှာတော့ ၂၀၂၁ မတ်လကို ပြောင်းရွှေ့ထားခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Morbius ရဲ့ origin ကို မြင်တွေ့ရမှာ ဖြစ်ပြီး Jared Leto ၊ Matt Smith နဲ့ Tyrese Gibson တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Morbius ဟာ ရှားပါးတဲ့ သွေးရောဂါတစ်ခုကို ခံစားနေရပြီး သူ့ကိုယ်သူ အဲ့ဒီရောဂါပျောက်သွားအောင် ကုသဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်မှုတွေ မှားယွင်းသွားပြီး သူဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားခဲ့ပါတယ်။ Sony ဟာ အရင်ကတည်းက Spider-Man နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေအတွက် universe တစ်ခု ဖန်တီးချင်ခဲ့တာ ဖြစ်ပေမယ့်လည်း Amazing Spider-Man 2 ကို ရိုက်ပြီးတဲ့အချိန်မှာတော့ အဲ့ဒီအစီအစဉ်တွေကို ရပ်နားလိုက်ရပါတယ်။ နောက်ပိုင်းမှာတော့ Venom နဲ့ Spider-Man: Into the Spider-Verse တို့ အောင်မြင်လာတာကြောင့် Sony ဟာ Spider-Man နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေကို ဖန်တီးဖို့အတွက် ပိုပြီးတော့ စိတ်ဝင်စားလာခဲ့ပါတယ်။

Jared Leto ရဲ့ ပြောစကားအရ ဆိုရင်တော့ Sony ဟာ ကြီးမားတဲ့အရာတစ်ခုခုကို ဖန်တီးဖို့အတွက် ပြင်ဆင်နေတယ်လို့ ယူဆလို့ ရပါတယ်။ Morbius ရုပ်ရှင်ရဲ့ ထွေလာကို ဂျပန်က ပရိသတ်တွေအတွက် ပြသသွားတဲ့အချိန်မှာတော့ ဒီရုပ်ရှင်ဟာ Spider-Man ရုပ်ရှင်တွေရဲ့ universe နဲ့ ဆက်နွယ်နေပါတယ်လို့ Jared Leto က ပြောခဲ့ပါတယ်။ Jared Leto ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ကျွန်တော့်ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ Morbius ကို ပရိသတ်တွေ ကြည့်ဖို့အတွက် မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်လည်း အရမ်းစိတ်လှုပ်ရှားနေပြီး သိပ်မကြာခင်မှာ ဒီရုပ်ရှင်က ထွက်လာတော့မှာပါ။ ဒီရုပ်ရှင်ကလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကား ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီရုပ်ရှင်ကလည်း ကျွန်တော်တို့ အားလုံးမျှော်လင့်နေတဲ့ Spider-Man universe ရဲ့ ထပ်မံချဲ့ထွင်ထားတာ ဖြစ်ပါတယ် ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

အခုချိန်မှာတော့ Sony ဟာ Tom Holland ရဲ့ Spider-Man မူပိုင်ခွင့်အနည်းငယ်နဲ့ Spider-Man နဲ့ ဆက်စပ်နေတဲ့ ဇာတ်ကောင်အချို့ရဲ့ မူပိုင်ခွင့်တွေကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ MCU ကလည်း ၂၀၁၇ ခုနှစ်မှာ Spider-Man ကို ထည့်သွင်းခဲ့ပြီး Sony ကလည်း Spider-Man နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ အဲ့ဒီဇာတ်လမ်းတွေဟာ crossover လုပ်နိုင်ချေတွေလည်း ရှိပါတယ်။ ဒါ့အပြင် အသစ်ထွက်လာမယ့် Spider-Man 3 ကလည်း ကောလာဟလတွေ အများကြီး ထွက်နေပြီးတော့ Sony နဲ့ MCU တို့ကတော့ ကြီးမားတဲ့အရာ တစ်ခုခုကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ယူဆလို့ ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

အသစ္ထြက္လာမယ့္ Morbius ႐ုပ္ရွင္ဟာ Spider-Man ႐ုပ္ရွင္ေတြရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Spider-Man နဲ႔ crossover ပုံစံမ်ိဴးေတြကို ေတြ႕ရႏိုင္ပါတယ္လို႔ Jared Leto က ေျပာခဲ့ပါတယ္။ Morbius ႐ုပ္ရွင္ကေတာ့ အစတုန္းက‌ ၂၀၂၀ ဇူလိုင္လမွာ ႐ုံတင္ဖို႔ စီစဥ္ထားေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အခုခ်ိန္မွာေတာ့ ၂၀၂၁ မတ္လကို ေျပာင္းေ႐ႊ႕ထားခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Morbius ရဲ႕ origin ကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး Jared Leto ၊ Matt Smith နဲ႔ Tyrese Gibson တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

photo via screenrant

ဇာတ္လမ္းအက်ဥ္းကေတာ့ Morbius ဟာ ရွားပါးတဲ့ ေသြးေရာဂါတစ္ခုကို ခံစားေနရၿပီး သူ႔ကိုယ္သူ အဲ့ဒီေရာဂါေပ်ာက္သြားေအာင္ ကုသဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း စမ္းသပ္မႈေတြ မွားယြင္းသြားၿပီး သူဟာ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္သြားခဲ့ပါတယ္။ Sony ဟာ အရင္ကတည္းက Spider-Man နဲ႔ ပတ္သက္တဲ့ ဇာတ္ေကာင္ေတြအတြက္ universe တစ္ခု ဖန္တီးခ်င္ခဲ့တာ ျဖစ္ေပမယ့္လည္း Amazing Spider-Man 2 ကို ႐ိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ အဲ့ဒီအစီအစဥ္ေတြကို ရပ္နားလိုက္ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ Venom နဲ႔ Spider-Man: Into the Spider-Verse တို႔ ေအာင္ျမင္လာတာေၾကာင့္ Sony ဟာ Spider-Man နဲ႔ ပတ္သက္တဲ့ ဇာတ္ေကာင္ေတြကို ဖန္တီးဖို႔အတြက္ ပိုၿပီးေတာ့ စိတ္ဝင္စားလာခဲ့ပါတယ္။

Jared Leto ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ Sony ဟာ ႀကီးမားတဲ့အရာတစ္ခုခုကို ဖန္တီးဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ ယူဆလို႔ ရပါတယ္။ Morbius ႐ုပ္ရွင္ရဲ႕ ေထြလာကို ဂ်ပန္က ပရိသတ္ေတြအတြက္ ျပသသြားတဲ့အခ်ိန္မွာေတာ့ ဒီ႐ုပ္ရွင္ဟာ Spider-Man ႐ုပ္ရွင္ေတြရဲ႕ universe နဲ႔ ဆက္ႏြယ္ေနပါတယ္လို႔ Jared Leto က ေျပာခဲ့ပါတယ္။ Jared Leto ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ကြၽန္ေတာ့္ရဲ႕ ႐ုပ္ရွင္အသစ္ျဖစ္တဲ့ Morbius ကို ပရိသတ္ေတြ ၾကည့္ဖို႔အတြက္ မေစာင့္ႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္လည္း အရမ္းစိတ္လႈပ္ရွားေနၿပီး သိပ္မၾကာခင္မွာ ဒီ႐ုပ္ရွင္က ထြက္လာေတာ့မွာပါ။ ဒီ႐ုပ္ရွင္ကလည္း ၾကည့္လို႔ေကာင္းတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္မယ္လို႔ ထင္ပါတယ္။ ဒီ႐ုပ္ရွင္ကလည္း ကြၽန္ေတာ္တို႔ အားလုံးေမွ်ာ္လင့္ေနတဲ့ Spider-Man universe ရဲ႕ ထပ္မံခ်ဲ႕ထြင္ထားတာ ျဖစ္ပါတယ္ ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ Sony ဟာ Tom Holland ရဲ႕ Spider-Man မူပိုင္ခြင့္အနည္းငယ္နဲ႔ Spider-Man နဲ႔ ဆက္စပ္ေနတဲ့ ဇာတ္ေကာင္အခ်ိဳ႕ရဲ႕ မူပိုင္ခြင့္ေတြကိုလည္း ပိုင္ဆိုင္ပါေသးတယ္။ MCU ကလည္း ၂၀၁၇ ခုႏွစ္မွာ Spider-Man ကို ထည့္သြင္းခဲ့ၿပီး Sony ကလည္း Spider-Man နဲ႔ ပတ္သက္တဲ့ ဇာတ္ေကာင္ေတြကို ဆက္လက္ဖန္တီးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီဇာတ္လမ္းေတြဟာ crossover လုပ္ႏိုင္ေခ်ေတြလည္း ရွိပါတယ္။ ဒါ့အျပင္ အသစ္ထြက္လာမယ့္ Spider-Man 3 ကလည္း ေကာလာဟလေတြ အမ်ားႀကီး ထြက္ေနၿပီးေတာ့ Sony နဲ႔ MCU တို႔ကေတာ့ ႀကီးမားတဲ့အရာ တစ္ခုခုကို ျပဳလုပ္ဖို႔ စီစဥ္ေနတယ္လို႔ ယူဆလို႔ ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular