HomeCelebs Update NewsInternationalSpider-Man ကို ဗီလိန်အနေနဲ့ သရုပ်ဆောင်ချင်တယ်လို့ ပြောလာတဲ့ Tom Holland

Spider-Man ကို ဗီလိန်အနေနဲ့ သရုပ်ဆောင်ချင်တယ်လို့ ပြောလာတဲ့ Tom Holland

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Tom Holland ဟာ Peter Parker အနေနဲ့ MCU ရုပ်ရှင် ခြောက်ကားမှာ ပါဝင်ပြီးတဲ့ နောက်မှာတော့ သူ မြင်ချင်တဲ့ Spider-Man ရဲ့ အနာဂတ်ကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ Spider-Man ကို ဗီလိန်အနေနဲ့ သရုပ်ဆောင်ချင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ Tom Holland ကတော့ Captain America: Civil War မှာ စတင်ကာ MCU ထဲကို ဝင်ရောက်လာပြီး အခုဆိုရင်တော့ သူ့ရဲ့ သုံးကားမြောက် ဆိုလိုရုပ်ရှင်ဖြစ်တဲ့ Spider-Man: No Way Home ဟာ နိုင်ငံတကာမှာ စတင်ပြသနေပြီ ဖြစ်ပါတယ်။

photo via screenrant

အခုဆိုရင်တော့ Tom Holland ရဲ့ စာချုပ်ဟာ ရုပ်ရှင်ခြောက်ကားစာ ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဗျူးတစ်ခုမှာဆိုရင်လည်း ” ကျွန်တော် အသက်(၃၀)ကျော်တဲ့အထိ Spider-Man နေရာမှာ သရုပ်ဆောင်နေတုန်းပဲဆိုရင် တစ်ခုခုတော့ လွဲနေပြီ … ” လို့ Tom က ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကပဲ Producer ဖြစ်တဲ့ Amy Pascal ကတော့ Tom Holland ကို Spider-Man အနေနဲ့ ထပ်မံ မြင်တွေ့ရဦးမယ်လို့ ပြောထားပါတယ်။

Fandom နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Tom Holland ဟာ Spider-Man ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်တောင် Spider-Man ရဲ့ MCU ထဲက အနာဂတ်ကို သေချာမသိသေးပါဘူး။

“အကယ်၍ ကျွန်တော်ရဲ့ Spider-Man သာ ဗီလိန်ဖြစ်သွားရင် ဘာတွေဖြစ်လာမလည်း ဆိုတာကို မြင်ချင်ပါတယ်။ Anti-Hero တွေအကြောင်း ရုပ်ရှင်ဖန်တီးရတာကလည်း စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ် … “

photo via screenrant

ဒါတင်မကသေးဘဲ Tom Holland ဟာ Spider-Man ဇာတ်ကောင်ကို တခြားတစ်ယောက်ဆီ လက်လွှဲရတော့မယ် ဆိုရင်လည်း ဂုဏ်ယူစွာနဲ့ လွှဲပေးလိုက်မှာပါလို့လည်း အင်တာဗျူးတစ်ခုမှာ ပြောထားပါသေးတယ်။ အနာဂတ်မှာ Spider-Man နေရာကို ဆက်ခံသွားမယ့် ဇာတ်ကောင်ကိုလည်း Peter Parker အနေနဲ့ သင်ပြမှုတွေ ပြုလုပ်ပေးချင်ပါတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

Peter Parker ရဲ့ Spider-Man ဟာ နာမည်အကြီးဆုံး ဖြစ်ပေမယ့်လည်း Spider-Man ကတော့ သူတစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ အနာဂတ်မှာတော့ နောက်ထပ် Spider-Man ဗားရှင်းတွေကို မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular