HomeEntertainmentFilmSpider-Man: No Way Home ကြောင့် MCU မှာ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုများ 

Spider-Man: No Way Home ကြောင့် MCU မှာ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယိုက အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေဟာ Thor: Love and Thunder ကနေ Guardians of the Galaxy Vol. 3 အထိ ပရိသတ်တွေရဲ့ မျှော်လင့်တကြီး စောင့်စားမှုကို ရရှိနေပါတယ်။ ဒီထဲကမှ ပရိသတ်တွေ ရင်ခုန်မျှော်လင့်ဆုံးကတော့ Tom Holland ရဲ့ သုံးကားမြောက် ဆိုလိုရုပ်ရှင် ဖြစ်မယ့် Spider-Man: No Way Home ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက Andrew Garfield ရဲ့ Spider-Man 3 အတွက် ပရိသတ်တွေ ရင်ခုန်ခဲ့ကြတုန်းကတော့ အဆင်မပြေမှုတွေကြောင့် cancel လုပ်လိုက်တာနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ သို့သော်လည်း ဒီတစ်ခါမှာတော့ Marvel စတူဒီယိုရဲ့ ဥက္ကဌ Kevin Feige ရဲ့ ဦးဆောင်မှုနဲ့ ဒါရိုက်တာ John Watts ရဲ့ တာဝန်ယူ ဖန်တီးမှုတွေကြောင့် အမှားအယွင်းမရှိဘဲ ကြည့်ရှုခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်စောင့်စားမှုနဲ့အတူ Spider-Man: No Way Home ကတော့ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ကောလာဟလပေါင်းစုံ ထွက်ရှိနေပြီး ဒီဇာတ်ကားမှာ ဖြစ်ပျက်လာနိုင်တာတွေကပဲ MCU မှာ ပြောင်းလဲမှုတွေ ယူဆောင်လာဦးမှာ ဖြစ်ပါတယ်။

Spider-Man: No Way Home ကြောင့် MCU မှာ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကတော့ …

Live-Action Spider-Verse
Photo via screenrant

ဒါကတော့ Spider-Man: No Way Home အတွက် အထင်ရှားဆုံးသော ကောလာဟလတစ်ခု ဖြစ်ပါတယ်။ အဲဒါကတော့ ဒီဇာတ်ကားမှာ Tom Holland ရဲ့ Spider-Man အပြင် Tobey Maguire နဲ့ Andrew Garfield တို့ရဲ့ Spider-Man တွေကပါ တခြား universe က Spidey တွေအဖြစ် ပါဝင်လာပြီး Spider-Verse ဖြစ်လာမယ်ဆိုတာပါပဲ။ ဒီ concept ဟာ လက်ရှိ MCU ထဲက Peter Parker ရဲ့ ဇာတ်လမ်းပုံစံနဲ့ ရောထွေးသွားစေနိုင်ပေမယ့် Kevin Feige သာ နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့မယ်ဆိုရင်တော့ အလုပ်ဖြစ်နိုင်ပါတယ်။

လူသိရှင်ကြား ဖြစ်သွားတဲ့ Spidey ရဲ့ လျှို့ဝှက် Identity
Photo via screenrant

MCU ထဲက တတိယမြောက် Spider-Man ရုပ်ရှင်ကတော့ ယခင်က ပိတ်ကားထက်မှာ လုံးဝမပြသခဲ့ဖူးတဲ့ အရာတစ်ခုကို ပြသတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Far From Home ရဲ့ credit scene ထဲမှာ ပြသသွားခဲ့တဲ့အတိုင်း Peter Parker ရဲ့ လျှို့ဝှက် identity ပေါက်ကြားသွားတာပဲ ဖြစ်ပါတယ်။

The Daily Bugle သတင်းစာက Spidey ရဲ့ လျှို့ဝှက် identity ကို ဖော်ထုတ်လိုက်တာ ဖြစ်ပြီး Mysterio ရဲ့ လန်ဒန်မြို့ တိုက်ခိုက်မှုအတွက် Spidey ကို အမှုဆင်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ထွက်ရှိလာတော့မယ့် No Way Home ဟာ ယခင် Spider-Man ရုပ်ရှင်တွေ မပြသဖူးသေးတဲ့ပုံစံမျိုးကို ပြသတော့မှာ ဖြစ်ပါတယ်။

She-Hulk ရဲ့ မိတ်ဆက်
Photo via screenrant

She-Hulk ကတော့ Disney+ မှာ ကိုယ်ပိုင်စီးရီး ရကြတော့မယ့် Moon Knight ၊ Ms. Marvel ၊ Ironheart တို့လို အသည်းကျော် ကာရိုက်တာတစ်ခု ဖြစ်ပါတယ်။ She-Hulk ရဲ့ လူအမည်ကတော့ Jen Walters ဖြစ်ပြီး ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာ ထိခိုက်ဒဏ်ရာရသွားပြီး သူမရဲ့ ဝမ်းကွဲတော်စပ်တဲ့ Bruce Banner ဆီက သွေးလက်ခံရယူလိုက်ရာကနေ She-Hulk ဖြစ်သွားတာပါ။

Bruce နဲ့ မတူတဲ့အချက်ကတော့ Jen ဟာ She-Hulk အဖြစ်နဲ့ နေရတာကို နှစ်သက်ပြီး အများအားဖြင့် She-Hulk ပုံစံနဲ့ပဲ နေထိုင်တတ်ပါတယ်။ ဒါတင်မက သူမဟာ စူပါဟီးရိုးတွေမှာ ဥပဒေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ဖြစ်လာရင် လိုက်လံကူညီဆောင်ရွက်ပေးတတ်ပါတယ်။ Marvel အနေနဲ့ crossover လုပ်လို့ရတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘူးဆိုရင် She-Hulk ရဲ့ ကိုယ်ပိုင်စီးရီး မလာခင် No Way Home ထဲမှာ သူမကို ကာရိုက်တာ မိတ်ဆက်အနေနဲ့ ထည့်သွင်းလာနိုင်ပါတယ်။

Sinister Six ဖွဲ့စည်းဖြစ်ပေါ်လာခြင်း
Photo via screenrant

The Amazing Spider မှာ Sinister Six အကြောင်းကို အရိပ်အမြွက် ပြသွားတာ ရှိသလို Sony ဘက်ကလည်း Sinister Six ရုပ်ရှင်ကို ဖန်တီးဖို့ ကြိုးစားနေတာ နှစ်အနည်းငယ် ရှိပြီလို့ သိရပါတယ်။ သို့သော်လည်း ယခုအချိန်အထိတော့ Sinister Six ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မမြင်ရသေးပါဘူး။

No Way Home ထဲမှာတော့ Peter Parker ရဲ့ identity ဟာလည်း ပေါ်သွားပြီမို့ သူ့ကို ဆန့်ကျင်တဲ့ ဗီလိန်တွေနဲ့ ဖွဲ့စည်းထားတဲ့ Sinister Six အဖွဲ့ဟာလည်း ပိတ်ကားပေါ်မှာ ထွက်ပေါ်လာနိုင်ချေ ရှိနေပါတယ်။ Doc Ock နဲ့ Electro တို့ ပြန်ပါလာနိုင်သလို Vulture ဟာလည်း အသက်ရှင်လျက် ရှိနေပါသေးတယ်။ အလားတူပဲ Mysterio ဟာလည်း ကောင်းကောင်း လှည့်စားတတ်သူမို့ အသက်ရှင်နေနိုင်ပါသေးတယ်။ ဒါကြောင့် No Way Home ထဲမှာ Sinister Six ဖြစ်ပေါ်လာဖို့ဟာ ဖြစ်နိုင်ချေရှိပါတယ်။

Netflix ကာရိုက်တာတွေကို ရုပ်ရှင်နဲ့ ပြန်လာချိတ်ဆက်နိုင်ခြင်း
Photo via screenrant

Disney ဟာ ကိုယ်ပိုင် streaming service ဖြစ်တဲ့ Disney+ ကို တည်ထောင်ပြီးတည်းက Marvel စတူဒီယိုဟာ ယခင်က Netflix မှာ ထုတ်လွှင့် ပြသနေတဲ့ Marvel စီးရီးအားလုံးကို cancel လုပ်လိုက်ပါတယ်။ အကျိုးဆက်အားဖြင့် ပရိသတ်တွေ နှစ်သက်ကြတဲ့ ကာရိုက်တာတွေနဲ့ စီးရီးတွေဟာ တစ်ခန်းရပ်သွားရတာပါပဲ။ သို့ပေမယ့်လည်း အခုဆိုရင် ဒီကာရိုက်တာတွေရဲ့ မူပိုင်ခွင့်ဟာ Marvel ဆီကို ပြန်ရောက်လာပြီ ဖြစ်တဲ့အတွက် Marvel ဘက်က သရုပ်ဆောင်တွေ မပြောင်းဘဲ ရှိုးတွေကို ပြန်ရိုက်တာမျိုး လုပ်မယ်လို့တော့ မျှော်လင့်လို့ရပါတယ်။

No Way Home ဟာ နယူးယော့ခ်မှာ အဓိက ဖြစ်ပျက်မှာ ဖြစ်တဲ့အတွက် Defenders universe နဲ့လည်း သွားချိတ်လို့ ရသလို Dare Devil ကလည်း Spidey ကို တရားရုံးမှာ လိုက်လံကူညီပေးနိုင်ပါတယ်။ ဒါမှမဟုတ် Punisher ကလည်း တစ်နည်းနည်းနဲ့ ပါလာနိုင်ပါသေးတယ်။

Peter ရဲ့ စောင့်ရှောက်သူနေရာမှာ အစားဝင်လာမယ့် Doctor Strange
Photo via screenrant

MCU ထဲမှာ Spider-Man ဆိုလိုရုပ်ရှင် ဖန်တီးဖို့အတွက် Sony နဲ့ Marvel ရဲ့ သဘောတူညီချက်တွေထဲမှာ Peter ကို လမ်းပြစောင့်ရှောက်ဖို့ နောက်ထပ် နာမည်ကြီးဟီးရိုးတစ်ယောက် ပါဝင်ရမယ်ဆိုတဲ့အချက် ရှိပါတယ်။ Homecoming ထဲမှာတော့ ဒီနေရာကို Tony Stark က ဝင်ရောက်ခဲ့ပါတယ်။

Far From Home ထဲမှာတော့ Nick Fury က အစားဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အခုလာမယ့် No Way Home ထဲမှာတော့ Peter ရဲ့ လမ်းပြသူနေရာမှာ Doctor Strange က ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

Fantastic Four မိတ်ဆက်
Photo via screenrant

No Way Home ထဲမှာ Fantastic Four ကို ထည့်သွင်းပြီး MCU ထဲမှာ စတင် မိတ်ဆက်လာမယ်ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ နယူးယော့ခ်မှာ အခြေတည်မှာ ဖြစ်ပြီး Fantastic Four အဖွဲ့ဟာလည်း နယူးယော့ခ်မှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအရ multiverse တွေလည်း ချိတ်ဆက်လာနိုင်တာကြောင့် ယခင် franchise ထဲက ဇာတ်ကောင်တွေကို ထည့်သွင်းဖို့ရာ အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် No Way Home ကို ရိုက်ကူးနေတဲ့ ဒါရိုက်တာဟာ John Watts ဖြစ်ပြီး Fantastic Four reboot ရုပ်ရှင်ကို ရိုက်ကူးမယ့်သူဟာလည်း သူပဲ ဖြစ်နေတာကြောင့် တိုက်ဆိုင်မှုလည်း ရှိနေပါတယ်။ ကောမစ်ထဲမှာဆိုရင်လည်း Spidey ဟာ Fantastic Four အဖွဲ့နဲ့ ပူးပေါင်းခဲ့တာတွေ ရှိပါတယ်။

ဒါကတော့ Spider-Man: No Way Home ထဲမှာ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကို ခန့်မှန်းဖော်ပြထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးမိတဲ့ တခြားဖြစ်နိုင်ချေတွေ ရှိရင်လည်း ပြန်လည်ဆွေးနွေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel စတူဒီယိုက အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ဇာတ္ကားေတြဟာ Thor: Love and Thunder ကေန Guardians of the Galaxy Vol. 3 အထိ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္တႀကီး ေစာင့္စားမႈကို ရရွိေနပါတယ္။ ဒီထဲကမွ ပရိသတ္ေတြ ရင္ခုန္ေမွ်ာ္လင့္ဆုံးကေတာ့ Tom Holland ရဲ႕ သုံးကားေျမာက္ ဆိုလို႐ုပ္ရွင္ ျဖစ္မယ့္ Spider-Man: No Way Home ပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တစ္ေခါက္တုန္းက Andrew Garfield ရဲ႕ Spider-Man 3 အတြက္ ပရိသတ္ေတြ ရင္ခုန္ခဲ့ၾကတုန္းကေတာ့ အဆင္မေျပမႈေတြေၾကာင့္ cancel လုပ္လိုက္တာနဲ႔ ႀကဳံေတြ႕ခဲ့ၾကရပါတယ္။ သို႔ေသာ္လည္း ဒီတစ္ခါမွာေတာ့ Marvel စတူဒီယိုရဲ႕ ဥကၠဌ Kevin Feige ရဲ႕ ဦးေဆာင္မႈနဲ႔ ဒါ႐ိုက္တာ John Watts ရဲ႕ တာဝန္ယူ ဖန္တီးမႈေတြေၾကာင့္ အမွားအယြင္းမရွိဘဲ ၾကည့္ရႈခြင့္ ရရွိေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ေစာင့္စားမႈနဲ႔အတူ Spider-Man: No Way Home ကေတာ့ ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ ေကာလာဟလေပါင္းစုံ ထြက္ရွိေနၿပီး ဒီဇာတ္ကားမွာ ျဖစ္ပ်က္လာႏိုင္တာေတြကပဲ MCU မွာ ေျပာင္းလဲမႈေတြ ယူေဆာင္လာဦးမွာ ျဖစ္ပါတယ္။

Spider-Man: No Way Home ေၾကာင့္ MCU မွာ ျဖစ္လာႏိုင္တဲ့ ေျပာင္းလဲမႈေတြကေတာ့ …

Live-Action Spider-Verse
Photo via screenrant

ဒါကေတာ့ Spider-Man: No Way Home အတြက္ အထင္ရွားဆုံးေသာ ေကာလာဟလတစ္ခု ျဖစ္ပါတယ္။ အဲဒါကေတာ့ ဒီဇာတ္ကားမွာ Tom Holland ရဲ႕ Spider-Man အျပင္ Tobey Maguire နဲ႔ Andrew Garfield တို႔ရဲ႕ Spider-Man ေတြကပါ တျခား universe က Spidey ေတြအျဖစ္ ပါဝင္လာၿပီး Spider-Verse ျဖစ္လာမယ္ဆိုတာပါပဲ။ ဒီ concept ဟာ လက္ရွိ MCU ထဲက Peter Parker ရဲ႕ ဇာတ္လမ္းပုံစံနဲ႔ ေရာေထြးသြားေစႏိုင္ေပမယ့္ Kevin Feige သာ နည္းလမ္းေကာင္းတစ္ခုကို ရွာေတြ႕မယ္ဆိုရင္ေတာ့ အလုပ္ျဖစ္ႏိုင္ပါတယ္။

လူသိရွင္ၾကား ျဖစ္သြားတဲ့ Spidey ရဲ႕ လွ်ိဳ႕ဝွက္ Identity
Photo via screenrant

MCU ထဲက တတိယေျမာက္ Spider-Man ႐ုပ္ရွင္ကေတာ့ ယခင္က ပိတ္ကားထက္မွာ လုံးဝမျပသခဲ့ဖူးတဲ့ အရာတစ္ခုကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ Far From Home ရဲ႕ credit scene ထဲမွာ ျပသသြားခဲ့တဲ့အတိုင္း Peter Parker ရဲ႕ လွ်ိဳ႕ဝွက္ identity ေပါက္ၾကားသြားတာပဲ ျဖစ္ပါတယ္။

The Daily Bugle သတင္းစာက Spidey ရဲ႕ လွ်ိဳ႕ဝွက္ identity ကို ေဖာ္ထုတ္လိုက္တာ ျဖစ္ၿပီး Mysterio ရဲ႕ လန္ဒန္ၿမိဳ႕ တိုက္ခိုက္မႈအတြက္ Spidey ကို အမႈဆင္လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသစ္ထြက္ရွိလာေတာ့မယ့္ No Way Home ဟာ ယခင္ Spider-Man ႐ုပ္ရွင္ေတြ မျပသဖူးေသးတဲ့ပုံစံမ်ိဳးကို ျပသေတာ့မွာ ျဖစ္ပါတယ္။

She-Hulk ရဲ႕ မိတ္ဆက္
Photo via screenrant

She-Hulk ကေတာ့ Disney+ မွာ ကိုယ္ပိုင္စီးရီး ရၾကေတာ့မယ့္ Moon Knight ၊ Ms. Marvel ၊ Ironheart တို႔လို အသည္းေက်ာ္ ကာ႐ိုက္တာတစ္ခု ျဖစ္ပါတယ္။ She-Hulk ရဲ႕ လူအမည္ကေတာ့ Jen Walters ျဖစ္ၿပီး ေရွ႕ေနတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ရက္မွာ ထိခိုက္ဒဏ္ရာရသြားၿပီး သူမရဲ႕ ဝမ္းကြဲေတာ္စပ္တဲ့ Bruce Banner ဆီက ေသြးလက္ခံရယူလိုက္ရာကေန She-Hulk ျဖစ္သြားတာပါ။

Bruce နဲ႔ မတူတဲ့အခ်က္ကေတာ့ Jen ဟာ She-Hulk အျဖစ္နဲ႔ ေနရတာကို ႏွစ္သက္ၿပီး အမ်ားအားျဖင့္ She-Hulk ပုံစံနဲ႔ပဲ ေနထိုင္တတ္ပါတယ္။ ဒါတင္မက သူမဟာ စူပါဟီး႐ိုးေတြမွာ ဥပေဒနဲ႔ ပတ္သက္ၿပီး ေျဖရွင္းဖို႔ ျဖစ္လာရင္ လိုက္လံကူညီေဆာင္႐ြက္ေပးတတ္ပါတယ္။ Marvel အေနနဲ႔ crossover လုပ္လို႔ရတဲ့ အခြင့္အေရးကို လက္လႊတ္မခံဘူးဆိုရင္ She-Hulk ရဲ႕ ကိုယ္ပိုင္စီးရီး မလာခင္ No Way Home ထဲမွာ သူမကို ကာ႐ိုက္တာ မိတ္ဆက္အေနနဲ႔ ထည့္သြင္းလာႏိုင္ပါတယ္။

Sinister Six ဖြဲ႕စည္းျဖစ္ေပၚလာျခင္း
Photo via screenrant

The Amazing Spider မွာ Sinister Six အေၾကာင္းကို အရိပ္အႁမြက္ ျပသြားတာ ရွိသလို Sony ဘက္ကလည္း Sinister Six ႐ုပ္ရွင္ကို ဖန္တီးဖို႔ ႀကိဳးစားေနတာ ႏွစ္အနည္းငယ္ ရွိၿပီလို႔ သိရပါတယ္။ သို႔ေသာ္လည္း ယခုအခ်ိန္အထိေတာ့ Sinister Six ကို ႐ုပ္ရွင္ပိတ္ကားေပၚမွာ မျမင္ရေသးပါဘူး။

No Way Home ထဲမွာေတာ့ Peter Parker ရဲ႕ identity ဟာလည္း ေပၚသြားၿပီမို႔ သူ႔ကို ဆန႔္က်င္တဲ့ ဗီလိန္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Sinister Six အဖြဲ႕ဟာလည္း ပိတ္ကားေပၚမွာ ထြက္ေပၚလာႏိုင္ေခ် ရွိေနပါတယ္။ Doc Ock နဲ႔ Electro တို႔ ျပန္ပါလာႏိုင္သလို Vulture ဟာလည္း အသက္ရွင္လ်က္ ရွိေနပါေသးတယ္။ အလားတူပဲ Mysterio ဟာလည္း ေကာင္းေကာင္း လွည့္စားတတ္သူမို႔ အသက္ရွင္ေနႏိုင္ပါေသးတယ္။ ဒါေၾကာင့္ No Way Home ထဲမွာ Sinister Six ျဖစ္ေပၚလာဖို႔ဟာ ျဖစ္ႏိုင္ေခ်ရွိပါတယ္။

Netflix ကာ႐ိုက္တာေတြကို ႐ုပ္ရွင္နဲ႔ ျပန္လာခ်ိတ္ဆက္ႏိုင္ျခင္း
Photo via screenrant

Disney ဟာ ကိုယ္ပိုင္ streaming service ျဖစ္တဲ့ Disney+ ကို တည္ေထာင္ၿပီးတည္းက Marvel စတူဒီယိုဟာ ယခင္က Netflix မွာ ထုတ္လႊင့္ ျပသေနတဲ့ Marvel စီးရီးအားလုံးကို cancel လုပ္လိုက္ပါတယ္။ အက်ိဳးဆက္အားျဖင့္ ပရိသတ္ေတြ ႏွစ္သက္ၾကတဲ့ ကာ႐ိုက္တာေတြနဲ႔ စီးရီးေတြဟာ တစ္ခန္းရပ္သြားရတာပါပဲ။ သို႔ေပမယ့္လည္း အခုဆိုရင္ ဒီကာ႐ိုက္တာေတြရဲ႕ မူပိုင္ခြင့္ဟာ Marvel ဆီကို ျပန္ေရာက္လာၿပီ ျဖစ္တဲ့အတြက္ Marvel ဘက္က သ႐ုပ္ေဆာင္ေတြ မေျပာင္းဘဲ ရႈိးေတြကို ျပန္႐ိုက္တာမ်ိဳး လုပ္မယ္လို႔ေတာ့ ေမွ်ာ္လင့္လို႔ရပါတယ္။

No Way Home ဟာ နယူးေယာ့ခ္မွာ အဓိက ျဖစ္ပ်က္မွာ ျဖစ္တဲ့အတြက္ Defenders universe နဲ႔လည္း သြားခ်ိတ္လို႔ ရသလို Dare Devil ကလည္း Spidey ကို တရား႐ုံးမွာ လိုက္လံကူညီေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ Punisher ကလည္း တစ္နည္းနည္းနဲ႔ ပါလာႏိုင္ပါေသးတယ္။

Peter ရဲ႕ ေစာင့္ေရွာက္သူေနရာမွာ အစားဝင္လာမယ့္ Doctor Strange
Photo via screenrant

MCU ထဲမွာ Spider-Man ဆိုလို႐ုပ္ရွင္ ဖန္တီးဖို႔အတြက္ Sony နဲ႔ Marvel ရဲ႕ သေဘာတူညီခ်က္ေတြထဲမွာ Peter ကို လမ္းျပေစာင့္ေရွာက္ဖို႔ ေနာက္ထပ္ နာမည္ႀကီးဟီး႐ိုးတစ္ေယာက္ ပါဝင္ရမယ္ဆိုတဲ့အခ်က္ ရွိပါတယ္။ Homecoming ထဲမွာေတာ့ ဒီေနရာကို Tony Stark က ဝင္ေရာက္ခဲ့ပါတယ္။

Far From Home ထဲမွာေတာ့ Nick Fury က အစားဝင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဇာတ္လမ္းလွည့္ကြက္တစ္ခု ျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ အခုလာမယ့္ No Way Home ထဲမွာေတာ့ Peter ရဲ႕ လမ္းျပသူေနရာမွာ Doctor Strange က ဝင္ေရာက္လာမွာ ျဖစ္ပါတယ္။

Fantastic Four မိတ္ဆက္
Photo via screenrant

No Way Home ထဲမွာ Fantastic Four ကို ထည့္သြင္းၿပီး MCU ထဲမွာ စတင္ မိတ္ဆက္လာမယ္ဆိုတာဟာ မျဖစ္ႏိုင္ဘူးလို႔ ထင္ရေပမယ့္ လုံးဝ မျဖစ္ႏိုင္တာေတာ့ မဟုတ္ပါဘူး။ ဒီ႐ုပ္ရွင္ဟာ နယူးေယာ့ခ္မွာ အေျခတည္မွာ ျဖစ္ၿပီး Fantastic Four အဖြဲ႕ဟာလည္း နယူးေယာ့ခ္မွာ ေနထိုင္ၾကသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ ဇာတ္လမ္းအရ multiverse ေတြလည္း ခ်ိတ္ဆက္လာႏိုင္တာေၾကာင့္ ယခင္ franchise ထဲက ဇာတ္ေကာင္ေတြကို ထည့္သြင္းဖို႔ရာ အခြင့္အေရးတစ္ခု ျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ No Way Home ကို ႐ိုက္ကူးေနတဲ့ ဒါ႐ိုက္တာဟာ John Watts ျဖစ္ၿပီး Fantastic Four reboot ႐ုပ္ရွင္ကို ႐ိုက္ကူးမယ့္သူဟာလည္း သူပဲ ျဖစ္ေနတာေၾကာင့္ တိုက္ဆိုင္မႈလည္း ရွိေနပါတယ္။ ေကာမစ္ထဲမွာဆိုရင္လည္း Spidey ဟာ Fantastic Four အဖြဲ႕နဲ႔ ပူးေပါင္းခဲ့တာေတြ ရွိပါတယ္။

ဒါကေတာ့ Spider-Man: No Way Home ထဲမွာ ျဖစ္လာႏိုင္တဲ့ ေျပာင္းလဲမႈေတြကို ခန႔္မွန္းေဖာ္ျပထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ေတြးမိတဲ့ တျခားျဖစ္ႏိုင္ေခ်ေတြ ရွိရင္လည္း ျပန္လည္ေဆြးေႏြးခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular