HomeEntertainmentFilmSupernatural ဇာတ်လမ်းတွဲထဲက ကြောက်စရာအကောင်းဆုံး ကလေးမကောင်းဆိုးဝါးများ

Supernatural ဇာတ်လမ်းတွဲထဲက ကြောက်စရာအကောင်းဆုံး ကလေးမကောင်းဆိုးဝါးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲဟာ အစပိုင်းမှာတော့ Winchester ညီအစ်ကိုနှစ်ယောက်ရဲ့ အမဲလိုက်ခရီးစဉ်အကြောင်းကို အဓိက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှသာ angel နဲ့ demon တွေပါ ပါဝင်လာပြီး တဖြည်းဖြည်းနဲ့ သာမန် မကောင်းဆိုဝါးတွေက သိပ်ပြီးမပါဝင်တော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အစပိုင်း season တွေက ပိုပြီးတော့ horror ဆန်သလို၊ သာမန် horror ဇာတ်လမ်းတွေနဲ့ မတူညီတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အစပိုင်း season တွေမှာတော့ သရဲတွေ၊ မကောင်းဆိုးဝါးတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေအပြင် တစ်ခြားသတ္တဝါတွေလည်း ပါဝင်ပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Supernatural ဇာတ်လမ်းတွဲထဲက ကြောက်စရာအကောင်းဆုံး ကလေးမကောင်းဆိုးဝါးတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Peter Sweeney
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုမျိူး အစပိုင်း season တွေက ပိုပြီးတော့ horror ဆန်သလို၊ ပထမဆုံး season မှာဆိုရင်လည်း ကြောက်ဖို့ကောင်းတဲ့ သရဲတွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ Peter Sweeney ဆိုတဲ့ ကလေးသူရဲပဲ ဖြစ်ပါတယ်။ သူကတော့ Wisconsin မြို့မှာ လွန်ခဲ့တဲ့ (၃၅)နှစ်လောက်က တစ်ခြားကလေးနှစ်ယောက်ရဲ့  အနိုင်ကျင့်တာကို ခံရပြီး ရေကန်ထဲမှာ ရေနစ်သေသွားခဲ့သူ ဖြစ်ပါတယ်။

Sam နဲ့ Dean တို့ အဲ့ဒီမြို့ကို ရောက်သွားတဲ့ အချိန်မှာတော့ ရဲမှူးနဲ့ Bill Carlton တို့ရဲ့ ချစ်ရသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရေနစ်ကာ သေဆုံးသွားကြပါတယ်။ ဒါ့အပြင် ရဲမှူးရဲ့ သမီးဖြစ်သူဟာလည်း ရေကန်ထဲမှာ တိုက်ခိုက်ခံခဲ့ရပြီး သူ့ရဲ့မြေးဖြစ်သူကလည်း ရေကန်ထဲမှာ ရေနစ်သွားတဲ့အချိန်ရောက်မှ Peter Sweeney ရဲ့ လူသတ်မှုကို သိခဲ့ရပါတယ်။ အဲ့ဒီတစ်ပိုင်းလုံးမှာတော့ နောက်ဆုံး ဇာတ်ဝင်ခန်းလောက်မှသာ Peter ကို မြင်လိုက်ရပေမယ့်လည်း အဲ့ဒီဇာတ်ဝင်ခန်းတစ်ခုနဲ့တင် ကြောက်လန့်ဖို့အတွက် လုံလောက်ပါတယ်။

(9) အမွှာပူး
photo via screenrant

Sam နဲ့ Dean အပါအဝင် တစ်ခြားမုဆိုးတွေအားလုံးဟာ သူတို့ရဲ့အမဲလိုက်ခရီးတွေမှာ မကယ်တင်လိုက်နိုင်တဲ့ အသက်တွေလည်း ရှိပါတယ်။ မုဆိုးအများစုဟာ အဲ့ဒီအချက်ကြောင့်ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေကြသလို သူတို့မကယ်တင်လိုက်နိုင်တဲ့ ဝိဉာဉ်တွေက ခြောက်လှန့်တာမျိူးတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

အပိုင်းတစ်ပိုင်းမှာတော့ Bobby ဟာ အမွှာပူး ကောင်မလေးနှစ်ယောက်ရဲ့ ဝိဉာဉ်က ခြောက်လှန့်တာကို ခံနေရပါတယ်။ အဲ့ဒီကောင်မလေးနှစ်ယောက်ဟာလည်း Bobby ရဲ့ အမဲလိုက်ခရီးတစ်ခုမှာ သူ မကယ်တင်လိုက်နိုင်တဲ့ ကောင်မလေးနှစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီကောင်မလေးနှစ်ယောက်ဟာ The Shining ထဲက ကောင်မလေးတွေလောက်တော့ ကြောက်ဖို့မကောင်းပေမယ့်လည်း Bobby အတွက်တော့ သူ့ရဲ့ကျရှုံးမှုကို အမြဲတမ်း အမှတ်ရနေစေမယ့် ဝိဉာဉ်တွေပဲ ဖြစ်ပါတယ်။

(8) Acheri
photo via screenrant

Sam နဲ့အတူ နောက်ထပ် ထူးခြားတဲ့သူတွေအကုန်လုံး လူသူမနီးတဲ့ မြို့တစ်ခုဆီကို ရောက်သွားတဲ့အပိုင်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ထူးခြားတဲ့သူဆိုတာကတော့ Azazel ဟာ Lucifer အတွက် လက်ခံသူ ဖန်တီးပေးဖို့ စမ်းသပ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့အကုန်လုံးဟာ လူသူမနီးတဲ့ မြို့တစ်ခုဆီကို ရောက်လာပြီးတော့ Acheri က တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ Sam ကတော့ Acheri ကို မိန်းကလေးအသွင်ယူထားတဲ့ မကောင်းဆိုးဝါးလို့ ခေါ်ဝေါ်ခဲ့ပါတယ်။

(7) ပန်းချီကားထဲက ကောင်မလေး
photo via screenrant

ပန်းချီကားတစ်ကားဟာ နှစ်နဲ့ချီပြီးတော့ ပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲကာ အဲ့ဒီပန်းချီကားကို ပိုင်ဆိုင်သူတွေဟာ သေကုန်ကြပါတယ်။ Sam နဲ့ Dean ကတော့ အဲ့ဒီပန်းချီကားကို ဝယ်ယူထားတဲ့ အတွဲတစ်တွဲ နေထိုင်ရာ မြို့ဆီကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း အဲ့ဒီအတွဲဟာ သူတို့ရဲ့အခန်းထဲမှာ လည်လှီးပြီးတော့ သတ်ပစ်တာကို ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ အဲ့ဒီပန်းချီကားရဲ့ သမိုင်းကြောင်းကို စုံစမ်းကြပါတော့တယ်။

အဲ့ဒီပန်းချီကားကတော့ မိသားစုပုံတစ်ခု ဖြစ်ပြီး ပန်းချီကားထဲက အဖေဖြစ်သူက မိသားစုတစ်ခုလုံးကို သင်တုန်းဓားနဲ့ သတ်ပစ်ခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒါ့အပြင် ပန်းချီကားထဲက လူတွေရဲ့ပုံဟာလည်း ရွေ့လျားနေပြီးတော့ အဲ့ဒီပန်းချီကားဟာ သေချာပေါက် သရဲပူးကပ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းကျမှသာ အဲ့ဒီပန်းချီကားထဲက အဖေဖြစ်သူဟာ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘဲ သူ့ရဲ့သမီးဟာ လူတွေလိုက်သတ်နေတယ်ဆိုတာကို သတိပေးဖို့ ကြိုးစားနေမှန်း သိလိုက်ရပါတော့တယ်။

(6) The Leticia Gore Boys
photo via screenrant

အဲ့ဒီအချိန်တုန်းကတော့ လူတိုင်းဟာ Chuck ကို သာမန်စာရေးဆရာ၊ ရှေ့ဖြစ်ဟောတစ်ယောက်လို့ပဲ ထင်ခဲ့ကြပါတယ်။ ဒီအပိုင်းထဲမှာတော့ Chuck စာအုပ်ရဲ့ အမာခံပရိသတ်ဖြစ်သူ Becky ဟာ Sam နဲ့ Dean ကို Supernatural ပရိသတ် တွေ့ဆုံပွဲကို လာစေခဲ့ပါတယ်။ အစတုန်းကတော့ သူတို့ဟာ တကယ့် Sam နဲ့ Dean လိုမျိူး အမဲလိုက်တဲ့ပုံစံ ဆော့ကစားနေကြပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဉီးခေါင်းခွံကြီး ကွာနေတဲ့ကောင်လေး ပေါ်လာတဲ့အချိန်မှာတော့ တကယ့်အမဲလိုက်ခရီး ဖြစ်သွားခဲ့ပါတယ်။

ဒါ့အပြင် အလားတူ သရဲတွေဟာလည်း သူတစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ် ကလေးသရဲတွေရော၊ လူကြီးသရဲတေွပါ ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Sam နဲ့ Dean ဟာ အဲ့ဒီကလေးတွေကို သတ်ခဲ့တယ်လို့ ယူဆရတဲ့ သရဲရဲ့ အရိုးစုတွေကို မီးရှို့လိုက်ပါတယ်။ ဒါပေမယ့်လည်း ကလေးသူရဲတွေဟာ ဆက်လက်ပြီး ခြောက်လှန့်နေဆဲ ဖြစ်ပြီးတော့ နောက်ထပ် အမာခံပရိသတ်နှစ်ယောက်ဟာ အဲ့ဒီကလေးတွေရဲ့ အရိုးတွေကို အချိန်မီ မီးရှို့ပစ်နိုင်ခဲ့ပါတယ်။

(5) နံရံထဲက မိသားစုဝင်များ
photo via screenrant

Nebraska မြို့မှာရှိတဲ့ လယ်တောအိမ်တစ်လုံးထဲက သော့ခတ်ထားတဲ့ အခန်းတစ်ခုထဲမှာ လူတစ်ယောက်ဟာ သေဆုံးနေပါတယ်။ အဲ့ဒါကြောင့် Sam နဲ့ Dean တို့ဟာ စုံစမ်းဖို့အတွက် ရောက်လာကြပေမယ့်လည်း နောက်ထပ် ပိုင်ရှင်အသစ်တွေကတော့ အဲ့ဒီအိမ်မှာနေထိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ နံရံထဲမှာ ပိတ်ထားခံရတဲ့ ကောင်မလေးဟာ အဲ့ဒီမိသားစုထဲက သားဖြစ်သူကို ခေါ်သွားခဲ့ပါတယ်။

ဒီမှာတင် Sam နဲ့ Dean ဟာ အဲ့ဒီကလေးကို ကယ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သိလိုက်ရတာကတော့ အဲ့ဒီကောင်မလေးဟာ တစ်ယောက်တည်းမဟုတ်ဘဲ သူ့ရဲ့အစ်ကိုနဲ့အတူ ရှိနေပြီးတော့ သူတို့နှစ်ယောက်ရဲ့ အဘိုးနဲ့ အဖေကိုယ်တိုင်ကိုက သူတို့ကို အဲ့ဒီနံရံထဲမှာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သနားစရာကောင်းပေမယ့်လည်း အစပိုင်းမှာ ကြည့်ရတဲ့ပုံစံဟာ Amityville နဲ့ Conjuring ဇာတ်ကားတွေကို ကြည့်နေရသလိုပဲ ဖြစ်ပါတယ်။

(4) Changeling
photo via screenrant

ဒီအပိုင်းထဲမှာတော့ Changeling လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေဟာ ကလေးတွေကို ဖမ်းခေါ်သွားပြီး အဲ့ဒီကလေးတွေ နေရာမှာ အစားထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဖမ်းခေါ်ခံလိုက်ရတဲ့ ကလေးတွေနဲ့ တစ်ပုံစံတည်း တူအောင် ပြုလုပ်နိုင်ပြီး အဲ့ဒီကလေးတွေရဲ့ မိခင်ကို တဖြည်းဖြည်းနဲ့ စားသုံးနေတာ ဖြစ်ပါတယ်။ Dean ကတော့ အရင်က သိကျွမ်းခဲ့တဲ့ Lisa နဲ့အတူ အချိန်ကုန်ဆုံးနေပြီးတော့ Lisa ရဲ့သားဖြစ်သူ Ben ဟာ သူ့ရဲ့သားလားဆိုပြီးတော့ သိချင်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကလေးတွေဟာ ဖမ်းခေါ်ခံနေရပြီး နောက်ပိုင်းမှာတော့ Ben ကိုယ်တိုင်ဟာ ဖမ်းခေါ်ခံလိုက်ရပြီး Changeling က သူ့နေရာမှာ အစားထိုးနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Changeling တွေရဲ့ တကယ့်ပုံစံအမှန်ကိုတော့ မှန်ထဲမှာ မြင်ရပါတယ်။

(3) Margaret
photo via screenrant

Sam နဲ့ Dean ဟာ ၁၉၃၀ ခုနှစ်တည်းက တည်ထောင်ခဲ့တဲ့ တည်းခိုခန်းတစ်ခုမှာ ဖြစ်ပွားသွားတဲ့ ထူးဆန်းတဲ့ သေဆုံးမှုတစ်ခုကို စုံစမ်းနေပါတယ်။ အဲ့ဒီမှာနေထိုင်ကြတဲ့ မိသားစုထဲက Tyler ဆိုတဲ့ ကောင်မလေးဟာ အရုပ်အိမ်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီအရုပ်အိမ်ထဲက အရုပ်တွေကလည်း အနည်းငယ် ထူးဆန်းပြီးတော့ အရုပ်တစ်ခုဆိုရင် သူ့ကိုယ်သူ ကြိုးဆွဲချတဲ့ပုံစံမျိူးတောင် ပြုလုပ်ထားပါတယ်။

အဓိကပြဿနာကတော့ အဲ့ဒီ့အရုပ်အိမ်ထဲက အရုပ်တစ်ခုခုဟာ ထူးဆန်းတဲ့ပုံစံတွေ ဖြစ်လာရင် အဲ့ဒီတည်းခိုခန်းမှာရှိတဲ့ လူတစ်ယောက်ယောက်က အဲ့ဒီအရုပ်ပုံစံအတိုင်း သေဆုံးကြတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီသေဆုံးမှုတွေဟာ အပေါ်ထပ်မှာ အခန်းတံခါးပိတ်ပြီး နေနေတဲ့ အဘွားကြီးနဲ့ ပတ်သက်တယ်ဆိုတာကို Winchester ညီအစ်ကိုနှစ်ယောက်က သိသွားကြပါတယ်။ အဲ့ဒီထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့အရာကတော့ ဇာတ်လမ်းတစ်လျှောက်လုံးမှာ Tyler ရဲ့ ညီအစ်မလို့ ထင်ထားတဲ့ Maggie ဟာ တကယ်တော့ Tyler ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းဆိုတာကို သိလိုက်ရပါတယ်။

(2) ကလေးဇွန်ဘီ
photo via screenrant

Season 4 ထဲမှာတော့ Lucifer ကို ငရဲက လွတ်စေဖို့အတွက် ချိုးဖျက်ရမယ့် ချိတ်ပိတ်မှုထဲက တစ်ခုအနေနဲ့ သေရာက ပြန်ရှင်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအပိုင်းထဲမှာတော့ Sam နဲ့ Dean တို့ဟာ Bobby ဆီကို အလည်သွားခဲ့ပေမယ့်လည်း လုံးဝကို အံ့ဩစရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Bobby ရဲ့ သေဆုံးသွားတဲ့ အမျိူးသမီးဟာ အိမ်နောက်ဖေးထဲမှာ ဟင်းချက်နေတာကို မြင်ရလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲမှာတော့ Jody Mills ဟာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်ပြီး သူမရဲ့သားလေးဟာ သေဆုံးရာက ပြန်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒီနောက် Jody ဟာ အခန်းထဲကို ဝင်လာတဲ့အချိန်မှာတော့ သူ့ရဲ့သားဟာ သူ့ရဲ့ခင်ပွန်းကို သတ်ပြီး စားသောက်နေတာကို တွေ့လိုက်ရပါတယ်။

(1) Lilith
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက ကြောက်စရာအကောင်းဆုံး ကလေးမကောင်းဆိုးဝါးလို့ ပြောလို့ရသူကတော့ Lilith ပဲ ဖြစ်ပါတယ်။ Lilith ဟာ Lucifer ရဲ့ အားကိုးရတဲ့ လက်ထောက်ဖြစ်သလို Lucifer ကိုယ်တိုင် ဖန်တီးထားတဲ့ ပထမဆုံး demon လည်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ Lilith ဟာ မိဘတွေနဲ့ အဘိုးအဘွားတွေနဲ့အတူ နေထိုင်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ပူးကပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူရဲ့ ကလေးထိန်းကိုလည်း သတ်ပစ်ခဲ့ပြီးတော့ သူ့အဘိုးကိုလည်း လည်ပင်းကို ချိူးပြီးတော့ သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ကလေးလေးကလည်း အတော်ကို သရုပ်ဆောင်ကောင်းပြီးတော့ ဆိုးရွားပြီး ကြောက်စရာကောင်းလွန်းတဲ့ demon ရဲ့ ပုံစံကို ပေါ်လွင်စေခဲ့ပါတယ်။

ဒါကတော့ Supernatural ဇာတ်လမ်းတွဲထဲက မကောင်းဆိုးဝါးတွေထဲက ကလေးမကောင်းဆိုးဝါးတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲဟာ အစပိုင္းမွာေတာ့ Winchester ညီအစ္ကိုႏွစ္ေယာက္ရဲ႕ အမဲလိုက္ခရီးစဥ္အေၾကာင္းကို အဓိက ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းက်မွသာ angel နဲ႔ demon ေတြပါ ပါဝင္လာၿပီး တျဖည္းျဖည္းနဲ႔ သာမန္ မေကာင္းဆိုဝါးေတြက သိပ္ၿပီးမပါဝင္ေတာ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အစပိုင္း season ေတြက ပိုၿပီးေတာ့ horror ဆန္သလို၊ သာမန္ horror ဇာတ္လမ္းေတြနဲ႔ မတူညီတာကိုလည္း ေတြ႕ရမွာ ျဖစ္ပါတယ္။ အစပိုင္း season ေတြမွာေတာ့ သရဲေတြ၊ မေကာင္းဆိုးဝါးေတြနဲ႔ ေသြးစုပ္ဖုတ္ေကာင္ေတြအျပင္ တစ္ျခားသတၱဝါေတြလည္း ပါဝင္ပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Supernatural ဇာတ္လမ္းတြဲထဲက ေၾကာက္စရာအေကာင္းဆုံး ကေလးမေကာင္းဆိုးဝါးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Peter Sweeney
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုမ်ိဴး အစပိုင္း season ေတြက ပိုၿပီးေတာ့ horror ဆန္သလို၊ ပထမဆုံး season မွာဆိုရင္လည္း ေၾကာက္ဖို႔ေကာင္းတဲ့ သရဲေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီထဲကတစ္ေယာက္ကေတာ့ Peter Sweeney ဆိုတဲ့ ကေလးသူရဲပဲ ျဖစ္ပါတယ္။ သူကေတာ့ Wisconsin ၿမိဳ႕မွာ လြန္ခဲ့တဲ့ (၃၅)ႏွစ္ေလာက္က တစ္ျခားကေလးႏွစ္ေယာက္ရဲ႕  အႏိုင္က်င့္တာကို ခံရၿပီး ေရကန္ထဲမွာ ေရနစ္ေသသြားခဲ့သူ ျဖစ္ပါတယ္။

Sam နဲ႔ Dean တို႔ အဲ့ဒီၿမိဳ႕ကို ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ ရဲမႉးနဲ႔ Bill Carlton တို႔ရဲ႕ ခ်စ္ရသူေတြဟာ တစ္ေယာက္ၿပီးတစ္ေယာက္ ေရနစ္ကာ ေသဆုံးသြားၾကပါတယ္။ ဒါ့အျပင္ ရဲမႉးရဲ႕ သမီးျဖစ္သူဟာလည္း ေရကန္ထဲမွာ တိုက္ခိုက္ခံခဲ့ရၿပီး သူ႔ရဲ႕ေျမးျဖစ္သူကလည္း ေရကန္ထဲမွာ ေရနစ္သြားတဲ့အခ်ိန္ေရာက္မွ Peter Sweeney ရဲ႕ လူသတ္မႈကို သိခဲ့ရပါတယ္။ အဲ့ဒီတစ္ပိုင္းလုံးမွာေတာ့ ေနာက္ဆုံး ဇာတ္ဝင္ခန္းေလာက္မွသာ Peter ကို ျမင္လိုက္ရေပမယ့္လည္း အဲ့ဒီဇာတ္ဝင္ခန္းတစ္ခုနဲ႔တင္ ေၾကာက္လန႔္ဖို႔အတြက္ လုံေလာက္ပါတယ္။

(9) အမႊာပူး
photo via screenrant

Sam နဲ႔ Dean အပါအဝင္ တစ္ျခားမုဆိုးေတြအားလုံးဟာ သူတို႔ရဲ႕အမဲလိုက္ခရီးေတြမွာ မကယ္တင္လိုက္ႏိုင္တဲ့ အသက္ေတြလည္း ရွိပါတယ္။ မုဆိုးအမ်ားစုဟာ အဲ့ဒီအခ်က္ေၾကာင့္ပဲ ကိုယ့္ကိုယ္ကို အျပစ္တင္ေနၾကသလို သူတို႔မကယ္တင္လိုက္ႏိုင္တဲ့ ဝိဉာဥ္ေတြက ေျခာက္လွန႔္တာမ်ိဴးေတြလည္း ႀကဳံေတြ႕ခဲ့ရပါတယ္။

အပိုင္းတစ္ပိုင္းမွာေတာ့ Bobby ဟာ အမႊာပူး ေကာင္မေလးႏွစ္ေယာက္ရဲ႕ ဝိဉာဥ္က ေျခာက္လွန႔္တာကို ခံေနရပါတယ္။ အဲ့ဒီေကာင္မေလးႏွစ္ေယာက္ဟာလည္း Bobby ရဲ႕ အမဲလိုက္ခရီးတစ္ခုမွာ သူ မကယ္တင္လိုက္ႏိုင္တဲ့ ေကာင္မေလးႏွစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဲ့ဒီေကာင္မေလးႏွစ္ေယာက္ဟာ The Shining ထဲက ေကာင္မေလးေတြေလာက္ေတာ့ ေၾကာက္ဖို႔မေကာင္းေပမယ့္လည္း Bobby အတြက္ေတာ့ သူ႔ရဲ႕က်ရႈံးမႈကို အၿမဲတမ္း အမွတ္ရေနေစမယ့္ ဝိဉာဥ္ေတြပဲ ျဖစ္ပါတယ္။

(8) Acheri
photo via screenrant

Sam နဲ႔အတူ ေနာက္ထပ္ ထူးျခားတဲ့သူေတြအကုန္လုံး လူသူမနီးတဲ့ ၿမိဳ႕တစ္ခုဆီကို ေရာက္သြားတဲ့အပိုင္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ထူးျခားတဲ့သူဆိုတာကေတာ့ Azazel ဟာ Lucifer အတြက္ လက္ခံသူ ဖန္တီးေပးဖို႔ စမ္းသပ္ခံခဲ့ရသူေတြ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔အကုန္လုံးဟာ လူသူမနီးတဲ့ ၿမိဳ႕တစ္ခုဆီကို ေရာက္လာၿပီးေတာ့ Acheri က တိုက္ခိုက္တာကို ခံခဲ့ရပါတယ္။ Sam ကေတာ့ Acheri ကို မိန္းကေလးအသြင္ယူထားတဲ့ မေကာင္းဆိုးဝါးလို႔ ေခၚေဝၚခဲ့ပါတယ္။

(7) ပန္းခ်ီကားထဲက ေကာင္မေလး
photo via screenrant

ပန္းခ်ီကားတစ္ကားဟာ ႏွစ္နဲ႔ခ်ီၿပီးေတာ့ ပိုင္ရွင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းလဲကာ အဲ့ဒီပန္းခ်ီကားကို ပိုင္ဆိုင္သူေတြဟာ ေသကုန္ၾကပါတယ္။ Sam နဲ႔ Dean ကေတာ့ အဲ့ဒီပန္းခ်ီကားကို ဝယ္ယူထားတဲ့ အတြဲတစ္တြဲ ေနထိုင္ရာ ၿမိဳ႕ဆီကို ေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ ထုံးစံအတိုင္း အဲ့ဒီအတြဲဟာ သူတို႔ရဲ႕အခန္းထဲမွာ လည္လွီးၿပီးေတာ့ သတ္ပစ္တာကို ခံခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ အဲ့ဒီပန္းခ်ီကားရဲ႕ သမိုင္းေၾကာင္းကို စုံစမ္းၾကပါေတာ့တယ္။

အဲ့ဒီပန္းခ်ီကားကေတာ့ မိသားစုပုံတစ္ခု ျဖစ္ၿပီး ပန္းခ်ီကားထဲက အေဖျဖစ္သူက မိသားစုတစ္ခုလုံးကို သင္တုန္းဓားနဲ႔ သတ္ပစ္ခဲ့တယ္ဆိုတာကို သိခဲ့ရပါတယ္။ ဒါ့အျပင္ ပန္းခ်ီကားထဲက လူေတြရဲ႕ပုံဟာလည္း ေ႐ြ႕လ်ားေနၿပီးေတာ့ အဲ့ဒီပန္းခ်ီကားဟာ ေသခ်ာေပါက္ သရဲပူးကပ္ေနတယ္ဆိုတာ သိလိုက္ရပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းက်မွသာ အဲ့ဒီပန္းခ်ီကားထဲက အေဖျဖစ္သူဟာ ဘယ္သူ႔ကိုမွ မသတ္ခဲ့ဘဲ သူ႔ရဲ႕သမီးဟာ လူေတြလိုက္သတ္ေနတယ္ဆိုတာကို သတိေပးဖို႔ ႀကိဳးစားေနမွန္း သိလိုက္ရပါေတာ့တယ္။

(6) The Leticia Gore Boys
photo via screenrant

အဲ့ဒီအခ်ိန္တုန္းကေတာ့ လူတိုင္းဟာ Chuck ကို သာမန္စာေရးဆရာ၊ ေရွ႕ျဖစ္ေဟာတစ္ေယာက္လို႔ပဲ ထင္ခဲ့ၾကပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Chuck စာအုပ္ရဲ႕ အမာခံပရိသတ္ျဖစ္သူ Becky ဟာ Sam နဲ႔ Dean ကို Supernatural ပရိသတ္ ေတြ႕ဆုံပြဲကို လာေစခဲ့ပါတယ္။ အစတုန္းကေတာ့ သူတို႔ဟာ တကယ့္ Sam နဲ႔ Dean လိုမ်ိဴး အမဲလိုက္တဲ့ပုံစံ ေဆာ့ကစားေနၾကေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ဉီးေခါင္းခြံႀကီး ကြာေနတဲ့ေကာင္ေလး ေပၚလာတဲ့အခ်ိန္မွာေတာ့ တကယ့္အမဲလိုက္ခရီး ျဖစ္သြားခဲ့ပါတယ္။

ဒါ့အျပင္ အလားတူ သရဲေတြဟာလည္း သူတစ္ေယာက္တည္း မဟုတ္ဘဲ ေနာက္ထပ္ ကေလးသရဲေတြေရာ၊ လူႀကီးသရဲေတြပါ ရွိေနတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Sam နဲ႔ Dean ဟာ အဲ့ဒီကေလးေတြကို သတ္ခဲ့တယ္လို႔ ယူဆရတဲ့ သရဲရဲ႕ အ႐ိုးစုေတြကို မီးရႈိ႕လိုက္ပါတယ္။ ဒါေပမယ့္လည္း ကေလးသူရဲေတြဟာ ဆက္လက္ၿပီး ေျခာက္လွန႔္ေနဆဲ ျဖစ္ၿပီးေတာ့ ေနာက္ထပ္ အမာခံပရိသတ္ႏွစ္ေယာက္ဟာ အဲ့ဒီကေလးေတြရဲ႕ အ႐ိုးေတြကို အခ်ိန္မီ မီးရႈိ႕ပစ္ႏိုင္ခဲ့ပါတယ္။

(5) နံရံထဲက မိသားစုဝင္မ်ား
photo via screenrant

Nebraska ၿမိဳ႕မွာရွိတဲ့ လယ္ေတာအိမ္တစ္လုံးထဲက ေသာ့ခတ္ထားတဲ့ အခန္းတစ္ခုထဲမွာ လူတစ္ေယာက္ဟာ ေသဆုံးေနပါတယ္။ အဲ့ဒါေၾကာင့္ Sam နဲ႔ Dean တို႔ဟာ စုံစမ္းဖို႔အတြက္ ေရာက္လာၾကေပမယ့္လည္း ေနာက္ထပ္ ပိုင္ရွင္အသစ္ေတြကေတာ့ အဲ့ဒီအိမ္မွာေနထိုင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနတာကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ နံရံထဲမွာ ပိတ္ထားခံရတဲ့ ေကာင္မေလးဟာ အဲ့ဒီမိသားစုထဲက သားျဖစ္သူကို ေခၚသြားခဲ့ပါတယ္။

ဒီမွာတင္ Sam နဲ႔ Dean ဟာ အဲ့ဒီကေလးကို ကယ္တင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ သိလိုက္ရတာကေတာ့ အဲ့ဒီေကာင္မေလးဟာ တစ္ေယာက္တည္းမဟုတ္ဘဲ သူ႔ရဲ႕အစ္ကိုနဲ႔အတူ ရွိေနၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အဘိုးနဲ႔ အေဖကိုယ္တိုင္ကိုက သူတို႔ကို အဲ့ဒီနံရံထဲမွာ ပိတ္ထားခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သနားစရာေကာင္းေပမယ့္လည္း အစပိုင္းမွာ ၾကည့္ရတဲ့ပုံစံဟာ Amityville နဲ႔ Conjuring ဇာတ္ကားေတြကို ၾကည့္ေနရသလိုပဲ ျဖစ္ပါတယ္။

(4) Changeling
photo via screenrant

ဒီအပိုင္းထဲမွာေတာ့ Changeling လို႔ေခၚတဲ့ မေကာင္းဆိုးဝါးေတြဟာ ကေလးေတြကို ဖမ္းေခၚသြားၿပီး အဲ့ဒီကေလးေတြ ေနရာမွာ အစားထိုး ဝင္ေရာက္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ဟာ ဖမ္းေခၚခံလိုက္ရတဲ့ ကေလးေတြနဲ႔ တစ္ပုံစံတည္း တူေအာင္ ျပဳလုပ္ႏိုင္ၿပီး အဲ့ဒီကေလးေတြရဲ႕ မိခင္ကို တျဖည္းျဖည္းနဲ႔ စားသုံးေနတာ ျဖစ္ပါတယ္။ Dean ကေတာ့ အရင္က သိကြၽမ္းခဲ့တဲ့ Lisa နဲ႔အတူ အခ်ိန္ကုန္ဆုံးေနၿပီးေတာ့ Lisa ရဲ႕သားျဖစ္သူ Ben ဟာ သူ႔ရဲ႕သားလားဆိုၿပီးေတာ့ သိခ်င္ေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ကေလးေတြဟာ ဖမ္းေခၚခံေနရၿပီး ေနာက္ပိုင္းမွာေတာ့ Ben ကိုယ္တိုင္ဟာ ဖမ္းေခၚခံလိုက္ရၿပီး Changeling က သူ႔ေနရာမွာ အစားထိုးေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Changeling ေတြရဲ႕ တကယ့္ပုံစံအမွန္ကိုေတာ့ မွန္ထဲမွာ ျမင္ရပါတယ္။

(3) Margaret
photo via screenrant

Sam နဲ႔ Dean ဟာ ၁၉၃၀ ခုႏွစ္တည္းက တည္ေထာင္ခဲ့တဲ့ တည္းခိုခန္းတစ္ခုမွာ ျဖစ္ပြားသြားတဲ့ ထူးဆန္းတဲ့ ေသဆုံးမႈတစ္ခုကို စုံစမ္းေနပါတယ္။ အဲ့ဒီမွာေနထိုင္ၾကတဲ့ မိသားစုထဲက Tyler ဆိုတဲ့ ေကာင္မေလးဟာ အ႐ုပ္အိမ္တစ္ခုကို ပိုင္ဆိုင္ထားပါတယ္။ အဲ့ဒီအ႐ုပ္အိမ္ထဲက အ႐ုပ္ေတြကလည္း အနည္းငယ္ ထူးဆန္းၿပီးေတာ့ အ႐ုပ္တစ္ခုဆိုရင္ သူ႔ကိုယ္သူ ႀကိဳးဆြဲခ်တဲ့ပုံစံမ်ိဴးေတာင္ ျပဳလုပ္ထားပါတယ္။

အဓိကျပႆနာကေတာ့ အဲ့ဒီ့အ႐ုပ္အိမ္ထဲက အ႐ုပ္တစ္ခုခုဟာ ထူးဆန္းတဲ့ပုံစံေတြ ျဖစ္လာရင္ အဲ့ဒီတည္းခိုခန္းမွာရွိတဲ့ လူတစ္ေယာက္ေယာက္က အဲ့ဒီအ႐ုပ္ပုံစံအတိုင္း ေသဆုံးၾကတာပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီေသဆုံးမႈေတြဟာ အေပၚထပ္မွာ အခန္းတံခါးပိတ္ၿပီး ေနေနတဲ့ အဘြားႀကီးနဲ႔ ပတ္သက္တယ္ဆိုတာကို Winchester ညီအစ္ကိုႏွစ္ေယာက္က သိသြားၾကပါတယ္။ အဲ့ဒီထက္ပိုၿပီး ေၾကာက္ဖို႔ေကာင္းတဲ့အရာကေတာ့ ဇာတ္လမ္းတစ္ေလွ်ာက္လုံးမွာ Tyler ရဲ႕ ညီအစ္မလို႔ ထင္ထားတဲ့ Maggie ဟာ တကယ္ေတာ့ Tyler ရဲ႕ စိတ္ကူးယဥ္သူငယ္ခ်င္းဆိုတာကို သိလိုက္ရပါတယ္။

(2) ကေလးဇြန္ဘီ
photo via screenrant

Season 4 ထဲမွာေတာ့ Lucifer ကို ငရဲက လြတ္ေစဖို႔အတြက္ ခ်ိဳးဖ်က္ရမယ့္ ခ်ိတ္ပိတ္မႈထဲက တစ္ခုအေနနဲ႔ ေသရာက ျပန္ရွင္လာတာပဲ ျဖစ္ပါတယ္။ အဲ့ဒီအပိုင္းထဲမွာေတာ့ Sam နဲ႔ Dean တို႔ဟာ Bobby ဆီကို အလည္သြားခဲ့ေပမယ့္လည္း လုံးဝကို အံ့ဩစရာတစ္ခု ျဖစ္ေပၚလာခဲ့ပါတယ္။ အဲ့ဒါကေတာ့ Bobby ရဲ႕ ေသဆုံးသြားတဲ့ အမ်ိဴးသမီးဟာ အိမ္ေနာက္ေဖးထဲမွာ ဟင္းခ်က္ေနတာကို ျမင္ရလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီအပိုင္းထဲမွာေတာ့ Jody Mills ဟာ ပထမဆုံးပါဝင္ခဲ့တာ ျဖစ္ၿပီး သူမရဲ႕သားေလးဟာ ေသဆုံးရာက ျပန္ရွင္သန္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ Jody ဟာ အခန္းထဲကို ဝင္လာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕သားဟာ သူ႔ရဲ႕ခင္ပြန္းကို သတ္ၿပီး စားေသာက္ေနတာကို ေတြ႕လိုက္ရပါတယ္။

(1) Lilith
photo via screenrant

ဒီဇာတ္လမ္းတြဲထဲက ေၾကာက္စရာအေကာင္းဆုံး ကေလးမေကာင္းဆိုးဝါးလို႔ ေျပာလို႔ရသူကေတာ့ Lilith ပဲ ျဖစ္ပါတယ္။ Lilith ဟာ Lucifer ရဲ႕ အားကိုးရတဲ့ လက္ေထာက္ျဖစ္သလို Lucifer ကိုယ္တိုင္ ဖန္တီးထားတဲ့ ပထမဆုံး demon လည္း ျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ Lilith ဟာ မိဘေတြနဲ႔ အဘိုးအဘြားေတြနဲ႔အတူ ေနထိုင္တဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲကို ပူးကပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူရဲ႕ ကေလးထိန္းကိုလည္း သတ္ပစ္ခဲ့ၿပီးေတာ့ သူ႔အဘိုးကိုလည္း လည္ပင္းကို ခ်ိဴးၿပီးေတာ့ သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ ကေလးေလးကလည္း အေတာ္ကို သ႐ုပ္ေဆာင္ေကာင္းၿပီးေတာ့ ဆိုး႐ြားၿပီး ေၾကာက္စရာေကာင္းလြန္းတဲ့ demon ရဲ႕ ပုံစံကို ေပၚလြင္ေစခဲ့ပါတယ္။

ဒါကေတာ့ Supernatural ဇာတ္လမ္းတြဲထဲက မေကာင္းဆိုးဝါးေတြထဲက ကေလးမေကာင္းဆိုးဝါးေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular