HomeEntertainmentFilmSupernatural ရဲ့ နောက်ဆက်တွဲစီးရီးတွေနဲ့ spinoff တို့ကို မြင်ရနိုင်ချေ ရှိသေးလား?

Supernatural ရဲ့ နောက်ဆက်တွဲစီးရီးတွေနဲ့ spinoff တို့ကို မြင်ရနိုင်ချေ ရှိသေးလား?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

——— Spoiler Alert ———-

Supernatural ဇာတ်လမ်းတွဲဟာ (၁၅)နှစ်တာ ကာလအပြီး နောက်ဆုံးမှာတော့ ဇာတ်သိမ်းသွားခဲ့ပါပြီ။ အဲ့ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိကြတဲ့ ပရိသတ်တွေဟာ Supernatural ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်လာမလည်းဆိုတာ သိချင်နေကြပါတယ်။ ဒီဇာတ်လမ်းတွဲဟာ (၁၅)နှစ်တောင် ရိုက်ကူးခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး နောက်ထပ် အဆက်ဇာတ်လမ်းတွေ၊ ဒါမှမဟုတ် spinoff စီးရီးတွေကို လိုချင်နေကြပါတယ်။ ဒါကြောင့် နောက်ထပ်ဇာတ်လမ်းတွေ ထပ်ပြီး ထွက်လာနိုင်ချေ ရှိ၊မရှိနဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်ပါတယ်။

Supernatural ရဲ့ Spinoff ဇာတ်လမ်းတွဲ ထပ်ပြီး ထွက်လာနိုင်ချေ ရှိသေးလား?
photo via screenrant

Supernatural ဟာ season 16 ထပ်ပြီး မထွက်တော့ပေမယ့်လည်း spinoff အနေနဲ့ စီးရီးတစ်ခု ထပ်မံထွက်လာမယ် ဆိုရင်တော့ ပရိသတ်တွေဟာ အလွန်ပျော်ရွှင်ကြမှာပဲ ဖြစ်ပါတယ်။ Supernatural ဇာတ်လမ်းတွဲဟာ အရင်တုန်းကလည်း Spinoff စီးရီး ထပ်မံထုတ်လုပ်ဖို့အတွက် ကြိုးစားခဲ့ဖူးပါသေးတယ်။ Bloodlines ဆိုတဲ့ စီးရီးကတော့ ၂၀၁၄ခုနှစ်မှာ တကယ် ထွက်ရှိနိုင်ခဲ့ပေမယ့် Wayward Sisters ဆိုတဲ့ စီးရီးကတော့ ၂၀၁၈ခုနှစ်မှာ ရိုက်ကူးမယ်လို့ သတင်းထွက်ပြီးမှ ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Bloodlines ကတော့ တစ်ခြားမုဆိုးနှစ်ယောက်ဟာ ချီကာဂိုမြို့မှာ ရှိတဲ့ မကောင်းဆိုးဝါးတွေကို ရင်ဆိုင်ကြတဲ့ အကြောင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ spinoff စီးရီးဟာ ဆိုးဆိုးရွားရွားကို fail သွားခဲ့ပါတယ်။ Wayward Sisters ကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Jody Mills ၊ Donna Hanscum နဲ့ Claire Novak တို့နဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့်လည်း CW ဟာ Sam နဲ့ Dean တို့ မပါဝင်တဲ့ Supernatural ဟာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူးလို့ ယူဆပြီး အဲ့ဒီ spinoff ကို ထုတ်လုပ်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

သို့သော်ငြားလည်း အခုချိန်မှာတော့ CW ဟာ တစ်ခြားနာမည်ကြီး franchise တွေကို spinoff တွေ ထုတ်လုပ်ပေးခဲ့တာကြောင့် Wayward Sisters ကို spinoff အနေနဲ့ ပြန်လည်ရိုက်ကူးဖို့ သဘောတူနိုင်သလို နောက်ထပ် မုဆိုးမျိူးဆက်သစ်တွေအကြောင်းကိုလည်း ထုတ်လုပ်နိုင်ချေ ရှိပါတယ်။ ဖြစ်နိုင်ချေအနေနဲ့ ပြောရရင် Supernatural ရဲ့ ဇာတ်သိမ်းမှာ ပြသွားခဲ့သလို Sam ရဲ့ သားအကြောင်းကိုလည်း ဆက်လက် ရိုက်ကူးသွားနိုင်ပါသေးတယ်။ တစ်ဖက်က ပြောမယ်ဆိုရင်တော့ CW ဟာ Sam နဲ့ Dean မပါဝင်တဲ့ Supernatural ဟာ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးရှိနေသရွေ့ကတော့ ဘယ်တော့မှ spinoff ဇာတ်လမ်းတွေ ရှိလာမှာ မဟုတ်ပါဘူး။

Supernatural ဇာတ်လမ်းတွဲကရော ဘယ်လိုမျိူး ရှေ့ဆက်နိုင်သေးလဲ?
photo via screenrant

Supernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းကတော့ နောက်ထပ် မျိူးဆက်သစ်တွေအတွက် နေရာချန်ထားခဲ့တာကြောင့်CW သာ ဆန္ဒရှိမယ်ဆိုရင် spinoff ဒါမှမဟုတ် Supernatural ရဲ့ နောက်ဆကတွဲ ဇာတ်လမ်းအနေနဲ့ ဖန်တီးလို့ရပါသေးတယ်။ အပေါ်မှာ ဖော်ပြခဲ့သလို Wayward Sisters တွေအကြောင်း၊ ဒါမှမဟုတ် Sam ရဲ့သားအကြောင်းကို ဆက်လက်ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Jensen ရော Jared ကပါ နောက်ပိုင်းမှာ အားလပ်နေတယ် ဆိုရင်လည်း ဒီဇာတ်လမ်းကို revival စီးရီးအဖြစ်နဲ့ ဆက်လက်ရိုက်ကူးလို့ ရပါတယ်။

အကြောင်းကတော့ ဒီဇာတ်လမ်းရဲ့ သဘောတရားအရ အချိန်ခရီးသွားတာတွေ၊ အသက်ပြန်သွင်းတာတွေ အပါအဝင် တစ်ခြားနည်းလမ်းတွေ အများကြီးကို အသုံးပြုနိုင်လို့ပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် Jack ဟာ ဗီလိန်တစ်ယောက်ကို အနိုင်ယူဖို့အတွက် Sam တို့သားအဖရဲ့ အကူအညီကို ယူပြီး Dean ကိုလည်း ခဏတာ အသက်ပြန်သွင်းပြီးတော့ ဇာတ်လမ်းဆက်သွားတာမျိုး ဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းနဲ့ သွားမယ်ဆိုရင်တော့ အစပိုင်းမှာ Sam နဲ့ Dean ကို အနည်းငယ် ပြသွားပြီး နောက်ပိုင်းမှ Sam ရဲ့သားအပါအဝင် တစ်ခြားမျိူးဆက်သစ် မုဆိုးတွေအကြောင်းကို ဆက်လက်ရိုက်ကူးသွားလို့ ရနိုင်ပါတယ်။ ဒါတွေကတော့ ဖြစ်နိုင်ချေတွေကို ဖော်ပြထားတာ ဖြစ်ပြီး တကယ်ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

——— Spoiler Alert ———-

Supernatural ဇာတ္လမ္းတြဲဟာ (၁၅)ႏွစ္တာ ကာလအၿပီး ေနာက္ဆုံးမွာေတာ့ ဇာတ္သိမ္းသြားခဲ့ပါၿပီ။ အဲ့ဒါေၾကာင့္ ကမာၻတစ္ဝန္းမွာ ရွိၾကတဲ့ ပရိသတ္ေတြဟာ Supernatural ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘယ္လိုျဖစ္လာမလည္းဆိုတာ သိခ်င္ေနၾကပါတယ္။ ဒီဇာတ္လမ္းတြဲဟာ (၁၅)ႏွစ္ေတာင္ ႐ိုက္ကူးခဲ့ေပမယ့္လည္း ပရိသတ္ေတြကေတာ့ ဒီဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ အဆက္ဇာတ္လမ္းေတြ၊ ဒါမွမဟုတ္ spinoff စီးရီးေတြကို လိုခ်င္ေနၾကပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ဇာတ္လမ္းေတြ ထပ္ၿပီး ထြက္လာႏိုင္ေခ် ရွိ၊မရွိနဲ႔ ပတ္သက္ၿပီး ေဖာ္ျပေပးခ်င္ပါတယ္။

Supernatural ရဲ႕ Spinoff ဇာတ္လမ္းတြဲ ထပ္ၿပီး ထြက္လာႏိုင္ေခ် ရွိေသးလား?
photo via screenrant

Supernatural ဟာ season 16 ထပ္ၿပီး မထြက္ေတာ့ေပမယ့္လည္း spinoff အေနနဲ႔ စီးရီးတစ္ခု ထပ္မံထြက္လာမယ္ ဆိုရင္ေတာ့ ပရိသတ္ေတြဟာ အလြန္ေပ်ာ္႐ႊင္ၾကမွာပဲ ျဖစ္ပါတယ္။ Supernatural ဇာတ္လမ္းတြဲဟာ အရင္တုန္းကလည္း Spinoff စီးရီး ထပ္မံထုတ္လုပ္ဖို႔အတြက္ ႀကိဳးစားခဲ့ဖူးပါေသးတယ္။ Bloodlines ဆိုတဲ့ စီးရီးကေတာ့ ၂၀၁၄ခုႏွစ္မွာ တကယ္ ထြက္ရွိႏိုင္ခဲ့ေပမယ့္ Wayward Sisters ဆိုတဲ့ စီးရီးကေတာ့ ၂၀၁၈ခုႏွစ္မွာ ႐ိုက္ကူးမယ္လို႔ သတင္းထြက္ၿပီးမွ ပ်က္ျပယ္သြားခဲ့ရတာ ျဖစ္ပါတယ္။

Bloodlines ကေတာ့ တစ္ျခားမုဆိုးႏွစ္ေယာက္ဟာ ခ်ီကာဂိုၿမိဳ႕မွာ ရွိတဲ့ မေကာင္းဆိုးဝါးေတြကို ရင္ဆိုင္ၾကတဲ့ အေၾကာင္း ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီ spinoff စီးရီးဟာ ဆိုးဆိုး႐ြား႐ြားကို fail သြားခဲ့ပါတယ္။ Wayward Sisters ကိုေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္တဲ့ Jody Mills ၊ Donna Hanscum နဲ႔ Claire Novak တို႔နဲ႔ ႐ိုက္ကူးဖို႔ စီစဥ္ခဲ့တာပါ။ ဒါေပမယ့္လည္း CW ဟာ Sam နဲ႔ Dean တို႔ မပါဝင္တဲ့ Supernatural ဟာ ဘယ္လိုမွ ေအာင္ျမင္မွာ မဟုတ္ဘူးလို႔ ယူဆၿပီး အဲ့ဒီ spinoff ကို ထုတ္လုပ္ဖို႔ ျငင္းပယ္ခဲ့ပါတယ္။

သို႔ေသာ္ျငားလည္း အခုခ်ိန္မွာေတာ့ CW ဟာ တစ္ျခားနာမည္ႀကီး franchise ေတြကို spinoff ေတြ ထုတ္လုပ္ေပးခဲ့တာေၾကာင့္ Wayward Sisters ကို spinoff အေနနဲ႔ ျပန္လည္႐ိုက္ကူးဖို႔ သေဘာတူႏိုင္သလို ေနာက္ထပ္ မုဆိုးမ်ိဴးဆက္သစ္ေတြအေၾကာင္းကိုလည္း ထုတ္လုပ္ႏိုင္ေခ် ရွိပါတယ္။ ျဖစ္ႏိုင္ေခ်အေနနဲ႔ ေျပာရရင္ Supernatural ရဲ႕ ဇာတ္သိမ္းမွာ ျပသြားခဲ့သလို Sam ရဲ႕ သားအေၾကာင္းကိုလည္း ဆက္လက္ ႐ိုက္ကူးသြားႏိုင္ပါေသးတယ္။ တစ္ဖက္က ေျပာမယ္ဆိုရင္ေတာ့ CW ဟာ Sam နဲ႔ Dean မပါဝင္တဲ့ Supernatural ဟာ ေအာင္ျမင္မွာ မဟုတ္ဘူးဆိုတဲ့ အေတြးရွိေနသေ႐ြ႕ကေတာ့ ဘယ္ေတာ့မွ spinoff ဇာတ္လမ္းေတြ ရွိလာမွာ မဟုတ္ပါဘူး။

Supernatural ဇာတ္လမ္းတြဲကေရာ ဘယ္လိုမ်ိဴး ေရွ႕ဆက္ႏိုင္ေသးလဲ?
photo via screenrant

Supernatural ဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းကေတာ့ ေနာက္ထပ္ မ်ိဴးဆက္သစ္ေတြအတြက္ ေနရာခ်န္ထားခဲ့တာေၾကာင့္CW သာ ဆႏၵရွိမယ္ဆိုရင္ spinoff ဒါမွမဟုတ္ Supernatural ရဲ႕ ေနာက္ဆကတြဲ ဇာတ္လမ္းအေနနဲ႔ ဖန္တီးလို႔ရပါေသးတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလို Wayward Sisters ေတြအေၾကာင္း၊ ဒါမွမဟုတ္ Sam ရဲ႕သားအေၾကာင္းကို ဆက္လက္႐ိုက္ကူးႏိုင္ပါတယ္။ ဒါ့အျပင္ Jensen ေရာ Jared ကပါ ေနာက္ပိုင္းမွာ အားလပ္ေနတယ္ ဆိုရင္လည္း ဒီဇာတ္လမ္းကို revival စီးရီးအျဖစ္နဲ႔ ဆက္လက္႐ိုက္ကူးလို႔ ရပါတယ္။

အေၾကာင္းကေတာ့ ဒီဇာတ္လမ္းရဲ႕ သေဘာတရားအရ အခ်ိန္ခရီးသြားတာေတြ၊ အသက္ျပန္သြင္းတာေတြ အပါအဝင္ တစ္ျခားနည္းလမ္းေတြ အမ်ားႀကီးကို အသုံးျပဳႏိုင္လို႔ပဲ ျဖစ္ပါတယ္။ ဥပမာေျပာရရင္ Jack ဟာ ဗီလိန္တစ္ေယာက္ကို အႏိုင္ယူဖို႔အတြက္ Sam တို႔သားအဖရဲ႕ အကူအညီကို ယူၿပီး Dean ကိုလည္း ခဏတာ အသက္ျပန္သြင္းၿပီးေတာ့ ဇာတ္လမ္းဆက္သြားတာမ်ိဳး ျဖစ္ပါတယ္။ ဒီလိုဇာတ္လမ္းနဲ႔ သြားမယ္ဆိုရင္ေတာ့ အစပိုင္းမွာ Sam နဲ႔ Dean ကို အနည္းငယ္ ျပသြားၿပီး ေနာက္ပိုင္းမွ Sam ရဲ႕သားအပါအဝင္ တစ္ျခားမ်ိဴးဆက္သစ္ မုဆိုးေတြအေၾကာင္းကို ဆက္လက္႐ိုက္ကူးသြားလို႔ ရႏိုင္ပါတယ္။ ဒါေတြကေတာ့ ျဖစ္ႏိုင္ေခ်ေတြကို ေဖာ္ျပထားတာ ျဖစ္ၿပီး တကယ္ျဖစ္လာမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular