HomeCelebs Update NewsInternationalသမီးတွေ ရည်းစားနဲ့ ဖြတ်မရရင် ကူညီပေးလေ့ရှိတယ်ဆိုတဲ့ မင်းသားကြီး Stallone 

သမီးတွေ ရည်းစားနဲ့ ဖြတ်မရရင် ကူညီပေးလေ့ရှိတယ်ဆိုတဲ့ မင်းသားကြီး Stallone 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဝါရင့်အက်ရှင်မင်းသားကြီး Sylvester Stallone ဟာ သမီးချောလေး သုံးယောက်ရဲ့ဖခင်ဖြစ်ပြီး သမီးတွေ ရည်းစားနဲ့ဖြတ်မရရင် ကြားထဲက ဝင်ကူညီပြီး ပြတ်သွားအောင် လုပ်ပေးတတ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ မင်းသားကြီးရဲ့ သမီးတွေဖြစ်တဲ့ အသက်(၂၅)နှစ်အရွယ် Sophia Stallone နဲ့ အသက်(၂၃)နှစ်အရွယ် Sistine Stallone တို့က hollywood life သတင်းဌာနနဲ့ အင်တာဗျူးရာမှာ ဖောက်သည်ချခဲ့တာ ဖြစ်ပါတယ်။

“dating လုပ်တာနဲ့ ပတ်သက်ပြီး အဖေက အမြဲတမ်း အကြံဉာဏ်ကောင်းတွေ ပေးတတ်တယ်။ ကောင်လေးတွေ ပို့လိုက်တဲ့ မက်ဆေ့ချ်ကို ဘယ်လိုပြန်ပို့ရမှန်း မသိတာမျိုးဆိုရင်လည်း အဖေက အကြံပေးတယ်။ ဒါမှမဟုတ် ကောင်လေးတစ်ယောက်နဲ့ ဖြတ်ချင်ပြီဆိုရင်လည်း ဘယ်လိုပုံစံနဲ့ အပြတ်ဖြတ်ရမယ်ဆိုတာမျိုး အကြံဉာဏ်တွေ အမြဲပေးတယ်။ အဖေ့ဆီကတစ်ဆင့် ဖြတ်လိုက်တဲ့ ကောင်လေးတွေတောင် ရှိတယ်။ သူတို့ကတော့ ဘာမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး … ” လို့ Sistine က ဆိုပါတယ်။

Photo: officialslystallone/ Instagram

မင်းသားကြီးဟာ သမီးတွေရဲ့အချစ်ရေးမှာ အမြဲတမ်း ပါဝင်ပြီး အကြံဉာဏ်တွေပေးကာ ထိန်းကျောင်းတတ်တဲ့ အကြောင်းကိုတော့ Stallone ရဲ့ဇနီးသည် Jennifer Flavin နဲ့ အသက်(၁၉)နှစ်အရွယ် အငယ်ဆုံးသမီးလေး Scarlett Stallone တို့ကပါ ထောက်ခံထားပါတယ်။

“ကျွန်မတို့ထဲက တစ်ယောက်နဲ့ တွဲမယ်ဆိုရင် တစ်အိမ်လုံးနဲ့ တွဲရသလို ဖြစ်မှာပါ။ ကျွန်မတို့အကုန်လုံးဆီက ထောက်ခံချက်မရဘဲနဲ့ အဲ့ဒီ့လူက အိမ်ထဲ ဝင်လာလို့မရပါဘူး။ ဒါပေမယ့် ကျွန်မတို့အကုန်လုံးဆီက သဘောတူညီမှုရမယ်၊ ဘုတ်အဖွဲ့ရဲ့ မီးစိမ်းပြတာလည်း ရမယ်ဆိုရင်တော့ အဲ့ဒီ့လူဟာ ရိုးသားဖြောင့်မတ်ပြီး ယောက်ျားပီသတဲ့သူမို့လို့ပါပဲ… ” လို့ Sistine က ဆိုပါတယ်။

Photo: officialslystallone/ Instagram

သို့ပေမယ့် Stallone မိသားစုဟာ သမီးပျိုလေးတွေဆီ ချဉ်းကပ်လာတဲ့ ယောက်ျားပျိုတွေကို ခက်ထန်စွာ ဆက်ဆံတာမျိုး မဟုတ်ဘဲ သူတို့ရဲ့မျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့သူကို ပိုဦးစားပေးလိုတဲ့သဘောပါပဲလို့ အကြီးဆုံးသမီး Sophia က ပြောပြပါတယ်။

“ကျွန်မတို့က ချဉ်းကပ်လာတဲ့သူတွေအပေါ် မာရေကျောရေ ဆက်ဆံတာမျိုး မဟုတ်ပါဘူး။ ဒါကိုမှ မလုပ်ရင် စမ်းသပ်မှု မအောင်မြင်ဘူးဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မတို့မိသားစုက လုံးဝကို ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ မိသားစုပါ …” လို့ Sophia က ပြောပြထားပါတယ်။

Photo: officialslystallone/ Instagram

Stallone မိသားစုကို အထင်ကြီးစေမယ့် ယောက်ျားမျိုးက ဘယ်လိုလည်းဆိုတာကိုတော့ Sistine က ဖောက်သည်ချထားပါတယ်။ “ကျွန်မတို့မိသားစုက တစ်ယောက်ကို အချက်တစ်ခုစီ လိုချင်ကြတာ။ ညီမလေးကဆိုရင် ဟာသဉာဏ်ရွှင်တဲ့လူကို သဘောကျတယ်။ အဖေကကျတော့ ယောက်ျားပီသတဲ့သူမျိုးကို သဘောကျတယ်။ အမေကကျတော့ လူကြီးလူကောင်းပုံစံမျိုးကို သဘောကျတယ်။ ဒါကြောင့်လည်း ကျွန်မတို့တွေ ဆင်ဂယ်လ်ဖြစ်နေကြတာပါ … ” လို့ ဆိုပါတယ်။

Sistine ကတော့ “ကျွန်မက စကားပြောကောင်းတဲ့သူမျိုး လိုချင်တယ်။ ဉာဏ်ရည်မြင့်မားပြီးတော့ ကျွန်မကို ပြန်သင်ကြားပေးနိုင်မယ့်သူမျိုးပေါ့။ ပြီးတော့ ကျွန်မက လုံးဝဟာသဉာဏ် မရှိတဲ့သူဆိုတော့ ဟာသဉာဏ်ရွှင်တဲ့သူမျိုး၊ အမြဲတမ်း ရယ်မောနေရအောင် လုပ်ပေးနိုင်တဲ့သူမျိုးကို လိုချင်တယ်… ” လို့ စိတ်ကူးထဲက ချစ်သူပုံစံကို ပြောပြပါတယ်။

Photo: officialslystallone/ Instagram

Sophia ကတော့ သူမနဲ့အကြိုက်တူတဲ့သူမျိုးကို လိုချင်တယ်လို့ ဆိုထားပါတယ်။ “ကျွန်မကတော့ ကျွန်မနဲ့အတူ ဟယ်ရီပေါ်တာ ကြည့်နိုင်မယ့်သူမျိုး လိုချင်တယ်။ ကျွန်မကို အမြဲတမ်း လန်းနေရမယ်ဆိုတဲ့ လိုအပ်ချက်မျိုး မရှိတဲ့သူပေါ့။ ကျွန်မ ပြောချင်တာက ကျွန်မ cool ဖြစ်ချင်တဲ့အချိန်ဆို ဖြစ်မယ်ကွာ။ အချိန်တိုင်းတော့ cool မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ပျော်ပျော်နေတတ်တဲ့သူမျိုးပေါ့။ အကုန်လုံးကို အတည်ပေါက်ကြီးတွေ လိုက်လုပ်နေတဲ့လူကိုတော့ မကြိုက်ဘူး။ ပြောရရင် ရိုးရိုးကုတ်ကုတ်နဲ့ လူကောင်းတစ်ယောက်ကို လိုချင်တာပါ… ” လို့ ဆိုပါတယ်။

Sophia နဲ့ Sistine တို့ ညီအစ်မဟာ Unwaxed လို့ အမည်ပေးထားတဲ့ podcast တစ်ခုကို စတင်ထုတ်လွှင့်နေကြတာဖြစ်ပြီး အဆိုပါ podcast မှာတော့ သူတို့ရဲ့ dating life နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Unwaxed ကိုတော့ iTunes နဲ့ Spotify တို့မှာ အပတ်စဉ် အင်္ဂါနေ့တိုင်း နားဆင်နိုင်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

ဝါရင့္အက္ရွင္မင္းသားႀကီး Sylvester Stallone ဟာ သမီးေခ်ာေလး သုံးေယာက္ရဲ႕ဖခင္ျဖစ္ၿပီး သမီးေတြ ရည္းစားနဲ႔ျဖတ္မရရင္ ၾကားထဲက ဝင္ကူညီၿပီး ျပတ္သြားေအာင္ လုပ္ေပးတတ္တယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ မင္းသားႀကီးရဲ႕ သမီးေတြျဖစ္တဲ့ အသက္(၂၅)ႏွစ္အ႐ြယ္ Sophia Stallone နဲ႔ အသက္(၂၃)ႏွစ္အ႐ြယ္ Sistine Stallone တို႔က hollywood life သတင္းဌာနနဲ႔ အင္တာဗ်ဴးရာမွာ ေဖာက္သည္ခ်ခဲ့တာ ျဖစ္ပါတယ္။

“dating လုပ္တာနဲ႔ ပတ္သက္ၿပီး အေဖက အၿမဲတမ္း အႀကံဉာဏ္ေကာင္းေတြ ေပးတတ္တယ္။ ေကာင္ေလးေတြ ပို႔လိုက္တဲ့ မက္ေဆ့ခ်္ကို ဘယ္လိုျပန္ပို႔ရမွန္း မသိတာမ်ိဳးဆိုရင္လည္း အေဖက အႀကံေပးတယ္။ ဒါမွမဟုတ္ ေကာင္ေလးတစ္ေယာက္နဲ႔ ျဖတ္ခ်င္ၿပီဆိုရင္လည္း ဘယ္လိုပုံစံနဲ႔ အျပတ္ျဖတ္ရမယ္ဆိုတာမ်ိဳး အႀကံဉာဏ္ေတြ အၿမဲေပးတယ္။ အေဖ့ဆီကတစ္ဆင့္ ျဖတ္လိုက္တဲ့ ေကာင္ေလးေတြေတာင္ ရွိတယ္။ သူတို႔ကေတာ့ ဘာမွန္းေတာင္ သိလိုက္မွာ မဟုတ္ဘူး … ” လို႔ Sistine က ဆိုပါတယ္။

Photo: officialslystallone/ Instagram

မင္းသားႀကီးဟာ သမီးေတြရဲ႕အခ်စ္ေရးမွာ အၿမဲတမ္း ပါဝင္ၿပီး အႀကံဉာဏ္ေတြေပးကာ ထိန္းေက်ာင္းတတ္တဲ့ အေၾကာင္းကိုေတာ့ Stallone ရဲ႕ဇနီးသည္ Jennifer Flavin နဲ႔ အသက္(၁၉)ႏွစ္အ႐ြယ္ အငယ္ဆုံးသမီးေလး Scarlett Stallone တို႔ကပါ ေထာက္ခံထားပါတယ္။

“ကြၽန္မတို႔ထဲက တစ္ေယာက္နဲ႔ တြဲမယ္ဆိုရင္ တစ္အိမ္လုံးနဲ႔ တြဲရသလို ျဖစ္မွာပါ။ ကြၽန္မတို႔အကုန္လုံးဆီက ေထာက္ခံခ်က္မရဘဲနဲ႔ အဲ့ဒီ့လူက အိမ္ထဲ ဝင္လာလို႔မရပါဘူး။ ဒါေပမယ့္ ကြၽန္မတို႔အကုန္လုံးဆီက သေဘာတူညီမႈရမယ္၊ ဘုတ္အဖြဲ႕ရဲ႕ မီးစိမ္းျပတာလည္း ရမယ္ဆိုရင္ေတာ့ အဲ့ဒီ့လူဟာ ႐ိုးသားေျဖာင့္မတ္ၿပီး ေယာက္်ားပီသတဲ့သူမို႔လို႔ပါပဲ… ” လို႔ Sistine က ဆိုပါတယ္။

Photo: officialslystallone/ Instagram

သို႔ေပမယ့္ Stallone မိသားစုဟာ သမီးပ်ိဳေလးေတြဆီ ခ်ဥ္းကပ္လာတဲ့ ေယာက္်ားပ်ိဳေတြကို ခက္ထန္စြာ ဆက္ဆံတာမ်ိဳး မဟုတ္ဘဲ သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္နဲ႔ ကိုက္ညီတဲ့သူကို ပိုဦးစားေပးလိုတဲ့သေဘာပါပဲလို႔ အႀကီးဆုံးသမီး Sophia က ေျပာျပပါတယ္။

“ကြၽန္မတို႔က ခ်ဥ္းကပ္လာတဲ့သူေတြအေပၚ မာေရေက်ာေရ ဆက္ဆံတာမ်ိဳး မဟုတ္ပါဘူး။ ဒါကိုမွ မလုပ္ရင္ စမ္းသပ္မႈ မေအာင္ျမင္ဘူးဆိုတာမ်ိဳးလည္း မဟုတ္ပါဘူး။ ကြၽန္မတို႔မိသားစုက လုံးဝကို ပြင့္ပြင့္လင္းလင္းနဲ႔ ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္တဲ့ မိသားစုပါ …” လို႔ Sophia က ေျပာျပထားပါတယ္။

Photo: officialslystallone/ Instagram

Stallone မိသားစုကို အထင္ႀကီးေစမယ့္ ေယာက္်ားမ်ိဳးက ဘယ္လိုလည္းဆိုတာကိုေတာ့ Sistine က ေဖာက္သည္ခ်ထားပါတယ္။ “ကြၽန္မတို႔မိသားစုက တစ္ေယာက္ကို အခ်က္တစ္ခုစီ လိုခ်င္ၾကတာ။ ညီမေလးကဆိုရင္ ဟာသဉာဏ္႐ႊင္တဲ့လူကို သေဘာက်တယ္။ အေဖကက်ေတာ့ ေယာက္်ားပီသတဲ့သူမ်ိဳးကို သေဘာက်တယ္။ အေမကက်ေတာ့ လူႀကီးလူေကာင္းပုံစံမ်ိဳးကို သေဘာက်တယ္။ ဒါေၾကာင့္လည္း ကြၽန္မတို႔ေတြ ဆင္ဂယ္လ္ျဖစ္ေနၾကတာပါ … ” လို႔ ဆိုပါတယ္။

Sistine ကေတာ့ “ကြၽန္မက စကားေျပာေကာင္းတဲ့သူမ်ိဳး လိုခ်င္တယ္။ ဉာဏ္ရည္ျမင့္မားၿပီးေတာ့ ကြၽန္မကို ျပန္သင္ၾကားေပးႏိုင္မယ့္သူမ်ိဳးေပါ့။ ၿပီးေတာ့ ကြၽန္မက လုံးဝဟာသဉာဏ္ မရွိတဲ့သူဆိုေတာ့ ဟာသဉာဏ္႐ႊင္တဲ့သူမ်ိဳး၊ အၿမဲတမ္း ရယ္ေမာေနရေအာင္ လုပ္ေပးႏိုင္တဲ့သူမ်ိဳးကို လိုခ်င္တယ္… ” လို႔ စိတ္ကူးထဲက ခ်စ္သူပုံစံကို ေျပာျပပါတယ္။

Photo: officialslystallone/ Instagram

Sophia ကေတာ့ သူမနဲ႔အႀကိဳက္တူတဲ့သူမ်ိဳးကို လိုခ်င္တယ္လို႔ ဆိုထားပါတယ္။ “ကၽြန္မကေတာ့ ကၽြန္မနဲ႔အတူ ဟယ္ရီေပၚတာ ၾကည့္နိုင္မယ့္သူမ်ိဳး လိုခ်င္တယ္။ ကၽြန္မကို အျမဲတမ္း လန္းေနရမယ္ဆိုတဲ့ လိုအပ္ခ်က္မ်ိဳး မရွိတဲ့သူေပါ့။ ကၽြန္မ ေျပာခ်င္တာက ကၽြန္မ cool ျဖစ္ခ်င္တဲ့အခ်ိန္ဆို ျဖစ္မယ္ကြာ။ အခ်ိန္တိုင္းေတာ့ cool မျဖစ္နိုင္ဘူးေလ။ ၿပီးေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူမ်ိဳးေပါ့။ အကုန္လုံးကို အတည္ေပါက္ႀကီးေတြ လိုက္လုပ္ေနတဲ့လူကိုေတာ့ မႀကိဳက္ဘူး။ ေျပာရရင္ ရိုးရိုးကုတ္ကုတ္နဲ႔ လူေကာင္းတစ္ေယာက္ကို လိုခ်င္တာပါ… ” လို႔ ဆိုပါတယ္။

Sophia နဲ႔ Sistine တို႔ ညီအစ္မဟာ Unwaxed လို႔ အမည္ေပးထားတဲ့ podcast တစ္ခုကို စတင္ထုတ္လႊင့္ေနၾကတာျဖစ္ၿပီး အဆိုပါ podcast မွာေတာ့ သူတို႔ရဲ႕ dating life နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေျပာျပသြားမွာ ျဖစ္ပါတယ္။ Unwaxed ကိုေတာ့ iTunes နဲ႔ Spotify တို႔မွာ အပတ္စဥ္ အဂၤါေန႔တိုင္း နားဆင္ႏိုင္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular