HomeEntertainmentFilmMCU ကမဟုတ်ဘဲ Stan Lee cameo ပါဝင်ခဲ့ဖူးတဲ့ ဇာတ်ကားများ

MCU ကမဟုတ်ဘဲ Stan Lee cameo ပါဝင်ခဲ့ဖူးတဲ့ ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stan Lee ဟာ Marvel universe ရဲ့ဇာတ်ကောင်တွေ တော်တော်များများကို ဖန်တီးခဲ့တဲ့သူတစ်ယောက် ဖြစ်ပြီးတော့ Marvel ကုမ္ပဏီရဲ့ အဓိကလူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဇာတ်ကောင်တွေကို ဖန်တီးရုံတင်မဟုတ်ဘဲ Marvel ကရိုက်ကူးတဲ့ ဇာတ်ကားတွေထဲမှာ cameo အနေနဲ့ ပါဝင်လေ့ရှိတာကို သိကြမှာပါ။ သူဟာ Marvel ဇာတ်ကားတွေတင်မဟုတ်ဘဲ တစ်ခြားဇာတ်ကားတွေမှာလည်း cameo အဖြစ်ပါခဲ့ဖူးတာတွေရှိတာကြောင့် သူပါဝင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Mallrats
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ Kevin Smith ရေးသားပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ သူဟာလည်း Stan Lee နဲ့ သူငယ်ချင်းတွေဖြစ်ကြတာကြောင့် သူဟာ ဒီကားထဲမှာ cameo အဖြစ်နဲ့ ပါဝင်ခဲ့ဖူးပါတယ်။ ဒီကားထဲက ဇာတ်ကောင်တစ်ယောက်နဲ့ Stan Lee ဟာ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ကြပြီးတော့ Stan Lee ဟာ အဲ့ဒီဇာတ်ကောင်ကို အကြံတွေဘာတွေတောင် ပေးသွားခဲ့ပါတယ်။

(2) Entourage
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ HBO ကနေ ၂၀၀၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ ရုပ်ရှင်အဖွဲ့သားတွေဖြစ်ကြပြီးတော့ သူတို့ဟာ DC ရဲ့ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Aquaman ဇာတ်လမ်းကို ရိုက်ကူးပြီး အောင်မြင်သွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ နောက်ထပ်စူပါဟီးရိုးဇာတ်ကောင်တွေကို ရိုက်ကူးဖို့အတွက် Marvel ကုမ္ပဏီနဲ့ သွားဆွေးနွေးကြပါတယ်။ အဲ့ဒီမှာတော့ Stan Lee ဟာ Marvel ရဲ့အဓိကလူတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

(3) Heroes
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ NBC ကနေ ၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီထဲက ဇာတ်ကောင်တွေကတော့ စူပါ,ပါဝါတွေရှိကြပြီးတော့ ကမ္ဘာကြီးကို ကယ်တင်နေရင်းနဲ့ သူ့တို့ရဲ့စွမ်းအားတွေကို ထိန်းချုပ်ဖို့အတွက် ကြိုးစားနေကြပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း Stan Lee ဟာ ဘတ်စ်ကားမောင်းသူတစ်ယောက်နေရာကနေ cameo အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ သူပြောခဲ့တဲ့ ဒိုင်ယာလော့ခ်ဟာလည်း တိုတိုလေးဖြစ်ပြီးတော့ “Hi There” ဆိုတဲ့ စကားလေးတစ်ခွန်းပဲ ပြောခဲ့ပါတယ်။

(4) Chuck
photo via screenrant

ဒီဇာတ်လမ်းတွဲကလည်း NBC ကနေ ၂၀၀၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီထဲက Chuck ဆိုတဲ့ ဇာတ်ကောင်ဟာ တစ်ရက်မှာတော့ ခရစ်စမတ်ပါတီတစ်ခုကို ဆန်တာလိုမျိုး ဝတ်စားပြီးတော့ တက်ရောက်သွားခဲ့ပါတယ်။ သူဟာ အဲ့ဒီပါတီမှာပဲ လူတစ်ယောက်နဲ့ တွေ့ခဲ့ပြီးတော့ ထုံးစံအတိုင်းပဲ Stan Lee ဟာ အဲ့ဒီနေရာမှာ cameo အဖြစ် ပါဝင်ခဲ့ပါတယ်။

(5) The Simpsons
photo via screenrant

ဒီ animation စီးရီးဟာ တော်တော်လေးကို နာမည်ကြီးပြီးတော့ အပိုင်းတွေအများကြီး ရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီထဲက အပိုင်းတစ်ပိုင်းမှာတော့ အဲ့ဒီထဲက ဇာတ်ကောင်တွေဟာ X-Men ပုံစံမျိုးတွေ ဖန်တီးထားပြီးတော့ အဲ့ဒီထဲမှာ Stan Lee ဟာလည်း cameo အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

(6) Yoga Hosers
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ဆောင်နှစ်ယောက်ဟာ ရှေးခေတ်တုန်းကတည်းက ရှိခဲ့တဲ့ မကောင်းဆိုးဝါးကြီးနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာတော့ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ရဲကိုဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ သူတို့ဆက်တဲ့ဖုန်းကို ကိုင်တဲ့သူကတော့ Stan Lee ဖြစ်ပြီးတော့ သူဟာ အဲ့ဒီရဲနေရာမှာ cameo အနေနဲ့ ပါဝင်ခဲ့ပါတယ်။

(7) Pizza Man
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင်ဟာ ပီဇာပို့တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ သူဟာ သဘာဝလွန်စွမ်းအားတွေကို ရသွားခဲ့ပါတယ်။ စူပါဟီးရိုးတို့ရဲ့ ထုံးစံအတိုင်းပဲ သူဟာ ဗီလိန်တွေကို တိုက်ခိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း သူရဲ့အလုပ်ဟာ ပီဇာပို့တဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူ့အလုပ်ကိုလည်း လုပ်ရပါသေးတယ်။ Stan Lee ကတော့ ဒီဇာတ်ကားထဲမှာ ပီဇာမှာတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။

(8) Fresh Off The Boat
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ထိုင်းဝမ်မိသားစုတစ်စုဖြစ်ပြီးတော့ သူတို့ဟာ ဖလော်ရီဒါမြို့ကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီမြို့မှာတော့ သူတို့ဟာ ကောင်းဘွိုင်စတိုင် စားသောက်ဆိုင်တစ်ခုကို ဖွင့်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း Stan Lee ဟာ cameo အဖြစ်ပါဝင်မယ်ဆိုတာကို ဘယ်သူမှ မမျှော်လင့်ထားတာကြောင့် အဲ့လိုဖြစ်သွားတဲ့အချိန်မှာတော့ အကုန်လုံးဟာ အံ့ဩသွားခဲ့ပါတယ်။

(9) Madness in the Method
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ထားတဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ Jason Mewes နဲ့ Kevin Smith တို့ နှစ်ယောက်ဟာ ဟာသကားတွေကို တူတူဖန်တီးလေ့ရှိပါတယ်။ Stan Lee ဟာ Kevin Smith ရိုက်ထားတဲ့ Mallrats ရုပ်ရှင်ထဲမှာလည်း cameo ပါဝင်ခဲ့တာကြောင့် ဒီဇာတ်ကားထဲမှာလည်း သူဟာ cameo အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။

(10) Teen Titans Go! To The Movies
photo via screenrant

ဒီ animated movie ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကတော့ DC ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့်လည်း Stan Lee ဟာ cameo ပါဝင်ခဲ့ပါသေးတယ်။ ဒီတစ်ခုကတော့ လုံးဝကို မထင်မှတ်ထားတာဖြစ်ပြီးတော့ ဒီကားထဲမှာ Stan Lee ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ ပရိသတ်တွေတော်တော်များများဟာ အံ့ဩခဲ့ရပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Stan Lee ဟာ Marvel universe ရဲ႕ဇာတ္ေကာင္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဖန္တီးခဲ့တဲ့သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ Marvel ကုမၸဏီရဲ႕ အဓိကလူေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ဇာတ္ေကာင္ေတြကို ဖန္တီး႐ုံတင္မဟုတ္ဘဲ Marvel က႐ိုက္ကူးတဲ့ ဇာတ္ကားေတြထဲမွာ cameo အေနနဲ႔ ပါဝင္ေလ့ရွိတာကို သိၾကမွာပါ။ သူဟာ Marvel ဇာတ္ကားေတြတင္မဟုတ္ဘဲ တစ္ျခားဇာတ္ကားေတြမွာလည္း cameo အျဖစ္ပါခဲ့ဖူးတာေတြရွိတာေၾကာင့္ သူပါဝင္ခဲ့ဖူးတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Mallrats
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ ႐ုပ္ရွင္ကားျဖစ္ၿပီးေတာ့ Kevin Smith ေရးသားၿပီး ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ ျဖစ္ပါတယ္။ သူဟာလည္း Stan Lee နဲ႔ သူငယ္ခ်င္းေတြျဖစ္ၾကတာေၾကာင့္ သူဟာ ဒီကားထဲမွာ cameo အျဖစ္နဲ႔ ပါဝင္ခဲ့ဖူးပါတယ္။ ဒီကားထဲက ဇာတ္ေကာင္တစ္ေယာက္နဲ႔ Stan Lee ဟာ ေဈးဝယ္စင္တာတစ္ခုမွာ ေတြ႕ၾကၿပီးေတာ့ Stan Lee ဟာ အဲ့ဒီဇာတ္ေကာင္ကို အႀကံေတြဘာေတြေတာင္ ေပးသြားခဲ့ပါတယ္။

(2) Entourage
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ HBO ကေန ၂၀၀၄ ခုႏွစ္က ႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြဟာ ႐ုပ္ရွင္အဖြဲ႕သားေတြျဖစ္ၾကၿပီးေတာ့ သူတို႔ဟာ DC ရဲ႕ဇာတ္ေကာင္တစ္ခုျဖစ္တဲ့ Aquaman ဇာတ္လမ္းကို ႐ိုက္ကူးၿပီး ေအာင္ျမင္သြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ ေနာက္ထပ္စူပါဟီး႐ိုးဇာတ္ေကာင္ေတြကို ႐ိုက္ကူးဖို႔အတြက္ Marvel ကုမၸဏီနဲ႔ သြားေဆြးေႏြးၾကပါတယ္။ အဲ့ဒီမွာေတာ့ Stan Lee ဟာ Marvel ရဲ႕အဓိကလူတစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

(3) Heroes
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ NBC ကေန ၂၀၀၆ ခုႏွစ္က ႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒီထဲက ဇာတ္ေကာင္ေတြကေတာ့ စူပါ,ပါဝါေတြရွိၾကၿပီးေတာ့ ကမာၻႀကီးကို ကယ္တင္ေနရင္းနဲ႔ သူ႔တို႔ရဲ႕စြမ္းအားေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ ႀကိဳးစားေနၾကပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာလည္း Stan Lee ဟာ ဘတ္စ္ကားေမာင္းသူတစ္ေယာက္ေနရာကေန cameo အျဖစ္ ပါဝင္ခဲ့ပါေသးတယ္။ သူေျပာခဲ့တဲ့ ဒိုင္ယာေလာ့ခ္ဟာလည္း တိုတိုေလးျဖစ္ၿပီးေတာ့ “Hi There” ဆိုတဲ့ စကားေလးတစ္ခြန္းပဲ ေျပာခဲ့ပါတယ္။

(4) Chuck
photo via screenrant

ဒီဇာတ္လမ္းတြဲကလည္း NBC ကေန ၂၀၀၇ ခုႏွစ္မွာ ႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒီထဲက Chuck ဆိုတဲ့ ဇာတ္ေကာင္ဟာ တစ္ရက္မွာေတာ့ ခရစ္စမတ္ပါတီတစ္ခုကို ဆန္တာလိုမ်ိဳး ဝတ္စားၿပီးေတာ့ တက္ေရာက္သြားခဲ့ပါတယ္။ သူဟာ အဲ့ဒီပါတီမွာပဲ လူတစ္ေယာက္နဲ႔ ေတြ႕ခဲ့ၿပီးေတာ့ ထုံးစံအတိုင္းပဲ Stan Lee ဟာ အဲ့ဒီေနရာမွာ cameo အျဖစ္ ပါဝင္ခဲ့ပါတယ္။

(5) The Simpsons
photo via screenrant

ဒီ animation စီးရီးဟာ ေတာ္ေတာ္ေလးကို နာမည္ႀကီးၿပီးေတာ့ အပိုင္းေတြအမ်ားႀကီး ရွိတဲ့ နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒီထဲက အပိုင္းတစ္ပိုင္းမွာေတာ့ အဲ့ဒီထဲက ဇာတ္ေကာင္ေတြဟာ X-Men ပုံစံမ်ိဳးေတြ ဖန္တီးထားၿပီးေတာ့ အဲ့ဒီထဲမွာ Stan Lee ဟာလည္း cameo အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။

(6) Yoga Hosers
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားထဲက ဇာတ္ေဆာင္ႏွစ္ေယာက္ဟာ ေရွးေခတ္တုန္းကတည္းက ရွိခဲ့တဲ့ မေကာင္းဆိုးဝါးႀကီးနဲ႔ တိုက္ခိုက္ခဲ့ရပါတယ္။ အဲ့လိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူတို႔ဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရဲကိုဖုန္းဆက္ဖို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္မွာေတာ့ သူတို႔ဆက္တဲ့ဖုန္းကို ကိုင္တဲ့သူကေတာ့ Stan Lee ျဖစ္ၿပီးေတာ့ သူဟာ အဲ့ဒီရဲေနရာမွာ cameo အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

(7) Pizza Man
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ထားတဲ့ ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ ဒီကားထဲက အဓိကဇာတ္ေကာင္ဟာ ပီဇာပို႔တဲ့သူတစ္ေယာက္ျဖစ္ၿပီးေတာ့ တစ္ေန႔မွာေတာ့ သူဟာ သဘာဝလြန္စြမ္းအားေတြကို ရသြားခဲ့ပါတယ္။ စူပါဟီး႐ိုးတို႔ရဲ႕ ထုံးစံအတိုင္းပဲ သူဟာ ဗီလိန္ေတြကို တိုက္ခိုက္ရပါေတာ့တယ္။ ဒါေပမယ့္လည္း သူရဲ႕အလုပ္ဟာ ပီဇာပို႔တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔အလုပ္ကိုလည္း လုပ္ရပါေသးတယ္။ Stan Lee ကေတာ့ ဒီဇာတ္ကားထဲမွာ ပီဇာမွာတဲ့ေနရာကေန ပါဝင္ခဲ့ပါတယ္။

(8) Fresh Off The Boat
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ စီးရီးတစ္ခုပဲ ျဖစ္ပါတယ္။ အဓိကဇာတ္ေကာင္ေတြကေတာ့ ထိုင္းဝမ္မိသားစုတစ္စုျဖစ္ၿပီးေတာ့ သူတို႔ဟာ ဖေလာ္ရီဒါၿမိဳ႕ကို ေျပာင္းလာခဲ့ပါတယ္။ အဲ့ဒီၿမိဳ႕မွာေတာ့ သူတို႔ဟာ ေကာင္းဘြိဳင္စတိုင္ စားေသာက္ဆိုင္တစ္ခုကို ဖြင့္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာလည္း Stan Lee ဟာ cameo အျဖစ္ပါဝင္မယ္ဆိုတာကို ဘယ္သူမွ မေမွ်ာ္လင့္ထားတာေၾကာင့္ အဲ့လိုျဖစ္သြားတဲ့အခ်ိန္မွာေတာ့ အကုန္လုံးဟာ အံ့ဩသြားခဲ့ပါတယ္။

(9) Madness in the Method
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ထားတဲ့ ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။ Jason Mewes နဲ႔ Kevin Smith တို႔ ႏွစ္ေယာက္ဟာ ဟာသကားေတြကို တူတူဖန္တီးေလ့ရွိပါတယ္။ Stan Lee ဟာ Kevin Smith ႐ိုက္ထားတဲ့ Mallrats ႐ုပ္ရွင္ထဲမွာလည္း cameo ပါဝင္ခဲ့တာေၾကာင့္ ဒီဇာတ္ကားထဲမွာလည္း သူဟာ cameo အျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။

(10) Teen Titans Go! To The Movies
photo via screenrant

ဒီ animated movie ကေတာ့ ၂၀၁၈ ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ပါတယ္။ ဒီကားကေတာ့ DC ကေန ထုတ္လုပ္ခဲ့တာ ျဖစ္ေပမယ့္လည္း Stan Lee ဟာ cameo ပါဝင္ခဲ့ပါေသးတယ္။ ဒီတစ္ခုကေတာ့ လုံးဝကို မထင္မွတ္ထားတာျဖစ္ၿပီးေတာ့ ဒီကားထဲမွာ Stan Lee ကိုျမင္လိုက္ရတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားဟာ အံ့ဩခဲ့ရပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular