HomeCelebs Update NewsInternationalစူပါစတားဖြစ်ပေမယ့် မဆင်မခြင် ထင်ရာစိုင်းခဲ့မိလို့ နာမည်ပျက်ခဲ့ရသူများ

စူပါစတားဖြစ်ပေမယ့် မဆင်မခြင် ထင်ရာစိုင်းခဲ့မိလို့ နာမည်ပျက်ခဲ့ရသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ကျော်ကြားပြီး ငွေကို ရေလို သုံးနိုင်ကာ ကောင်းပေ့၊ ညွှန့်ပေ့ဆိုတဲ့ ဇိမ်ခံဘဝမှာ နေထိုင်ရတာဟာ ကံကောင်းခြင်းလို့ လူအများစုကတော့ သတ်မှတ်ပါလိမ့်မယ်။ ရရှိထားတဲ့ အောင်မြင်ကျော်ကြားမှုတွေနဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေက ထောက်ခံအားပေးနေတာကြောင့် ဘာလုပ်လုပ် တင့်တယ်တယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ ကြယ်တစ်ပွင့်အဖြစ် မွေးဖွားဖို့ အချိန်ယူ ကြိုးစားအားထုတ်ရသလောက် ကြွေလွင့်ပျက်စီးဖို့ကတော့ လွယ်ကူလွန်းလှပါတယ်။

ဒါကြောင့်လည်း အရှိန်အဟုန်နဲ့ အောင်မြင်ပြီးတော့မှ မဆင်မခြင် ထင်ရာစိုင်းမှုတွေကြောင့် အမာခံပရိသတ်တွေကိုယ်တိုင်က သည်းမခံနိုင်တော့တဲ့အတွက် စူပါစတားဘဝကနေ နာမည်သေသွားရသူတွေ၊ ဂုဏ်သိက္ခာပျက်စီးသွားရသူတွေ ရှိနေတာပါပဲ။

Lindsay Lohan
Photo: lindsaylohan/ Instagram

တချိန်တခါက ဟောလိဝုဒ်ရဲ့ အလားအလာ အရှိဆုံးအဖြစ် တောက်ပလင်းလက်ခဲ့တဲ့ ကြယ်ပွင့်လေး Lindsay Lohan ကတော့ ယနေ့အချိန်မှာ နာမည်ပျက်စာရင်းဝင် ဆယ်လီတစ်ယောက် ဖြစ်လို့နေပါပြီ။ Freaky Friday ၊ The Parent Trap ၊ Mean Girls ၊ Herbi: Fully Loaded စတဲ့ နာမည်ကျော်ဇာတ်ကားများစွာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ရတဲ့ Lindsay ဟာ ရုပ်ရှင်ဘက်မှာရော၊ ဂီတဘက်မှာပါ ကောင်းမွန်လှပတဲ့ အနာဂတ်တစ်ခု ရှိခဲ့ပေမယ့် သူမရဲ့ အဆင်အခြင်မဲ့မှုတွေကြောင့် ဘဝပျက်ခဲ့ရပါတယ်။

ပြန်လည်ထူထောင်ရေးစင်တာကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာနေရပြီး အကြိမ်ရေများစွာ အဖမ်းခံခဲ့ရတာတွေက သူမရဲ့ ပရိသတ်တွေအတွက်တော့ သည်းခံနိုင်စွမ်းထက် ကျော်လွန်စေခဲ့ပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတွေ၊ အရက်မူးပြီး ကားမောင်းတဲ့ အမှုတွေဟာလည်း မကြာခဏဆိုသလို ဖြစ်လာခဲ့တာကြောင့် လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ထူထောင်ရေးစင်တာကိုတောင် အပို့ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ သူမဟာ ဟောလိဝုဒ်မှာ နာမည်သေသွားခဲ့ပြီး ဘယ်ရုပ်ရှင်စတူဒီယိုကမှလည်း သူမကို ငှားရမ်းဖို့ မစဉ်းစားကြတော့ပါဘူး။ ဒီမှာတင် သူမရဲ့ လှပတဲ့ အနာဂတ်ဟာ သူမလက်ထဲမှာတင် ပျောက်ရှသွားခဲ့ရပါတယ်။

Courtney Love
Photo: courtneylove/ Instagram

Courtney Love ကတော့ တချိန်က နာမည်ကြီးခဲ့တဲ့ grunge အဖွဲ့ Hole ရဲ့ ပါရမီထူးတဲ့ ဂီတပညာရှင်တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားခဲ့ပြီး နာမည်ကျော် ဂန္ထဝင်အဖွဲ့ Nirvana ရဲ့ frontman ဖြစ်တဲ့ Kurt Cobain ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူမဟာ အရှုပ်ထွေးဆုံးနဲ့ အထူးဆန်းဆုံးဆိုတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ပြီးနောက်မှာ ဟောလိဝုဒ်မှာ နာမည်ကျဆင်းခဲ့ရပါတယ်။

မူးယစ်ဆေးဝါး စွဲလမ်းမှုပြဿနာတွေနဲ့ ရှုပ်ထွေးပွေလီနေခဲ့ပြီး နာမည်ဂုဏ်သိက္ခာ ကျဆင်းလာရာကနေ တချိန်က ရှိခဲ့ဖူးတဲ့ သူမရဲ့အရှိန်အဝါတွေဟာ မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။ ခန့်မှန်းရခက်တဲ့ အပြုအမူများစွာကို ဆက်တိုက် ပြုလုပ်နေခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ပွဲရှာတဲ့ Tweet ပေါင်းများစွာကို Twitter မှာ တင်နေခဲ့ပြီး ဒေါသတကြီး တုံ့ပြန်တတ်တယ်လို့ပါ သတင်းမွှေးနေပါတော့တယ်။ တခါက သူမရဲ့ ဂီတနဲ့ ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှိခဲ့တဲ့ အချိန်တွေဟာလည်း သူမရဲ့အတိတ်နဲ့အတူ ကျန်ရစ်ခဲ့ပါပြီ။

Charlie Sheen
Photo: charliesheen/ Instagram

Charlie Sheen ကတော့ Two and A Half Men ဆိုတဲ့ sitcom စီးရီးနဲ့ တီဗွီပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့သူ ဖြစ်ပါတယ်။ အဆိုပါစီးရီးထဲမှာတော့ ချမ်းသာကြွယ်ဝတဲ့ ပလေးဘွိုင်းတစ်ယောက်က မိန်းမတွေအများကြီးနဲ့ ရှုပ်မိလို့ ပြဿနာတက်ရတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာပါ။ တကယ်တော့ ဒီဇာတ်ရုပ်ဟာ သူ့ရဲ့ အပြင်ဘဝက တကယ့် အကျင့်စရိုက်နဲ့လည်း ဆင်တူနေပါတယ်။

အဲဒီနောက် ဒီရှိုးရဲ့ ဖန်တီးသူ Chuck Lorre နဲ့ အချင်းများရာမှ သူ့ရဲ့ မူးယစ်ဆေးဝါး စွဲလမ်းနေတဲ့ ကိစ္စတွေဟာ မလှပတဲ့နည်းလမ်းကြီးနဲ့ ပရိသတ်တွေရှေ့မှာ ပေါ်သွားပါတော့တယ်။ လူမှုရေးပြဿနာတွေ တက်ခဲ့တာကြောင့် အဲဒီနောက်ပိုင်းတည်းက သရုပ်ဆောင်လောက,က အနားယူရတဲ့အထိ ဖြစ်သွားပါတော့တယ်။

Amanda Bynes
Photo: amandabynes/ Twitter

Amanda Bynes ကတော့ နာမည်ကျော် ရုပ်သံစီးရီး Nickelodeon ထဲမှာ ပါဝင်ခဲ့တဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ မင်းသမီးလေးတစ်လက် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ ကိုယ်ပိုင်ရှိုးအပါအဝင် အခြားသော ရှိုးတွေမှာ ဟောလိဝုဒ်ရဲ့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်နေရရာက ရူးမိုက်တဲ့ လုပ်ရပ်တွေနဲ့ အောင်မြင်တဲ့ဘဝကို လဲလှယ်ခဲ့မိပါတယ်။

မူးယစ်ဆေးဝါး စွဲလမ်းမှုနဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပွားခဲ့ပြီး bipolar လို့ခေါ်တဲ့ စိတ်အတက်အကျမြန် ရောဂါကိုပါ ခံစားခဲ့ရတာကြောင့် အဆင်အခြင်မဲ့တဲ့ လုပ်ရပ်များစွာကို ကျူးလွန်မိခဲ့ပါတယ်။ သူမရဲ့ ပရိသတ်အချို့ကတော့ ဒါဟာ သူမ ခံစားနေရတဲ့ စိတ်ကျန်းမာရေး အခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ ဖြည့်တွေးပေးခဲ့ကြပေမယ့် သူမကိုယ်သူမ လုံးဝ မထိန်းချုပ်နိုင်တော့တဲ့အထိ ရူးမိုက်တဲ့ လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ပြီး ပြန်လည်ထူထောင်ရေးစင်တာမှာ ခြောက်လခန့် သွားရောက် ကုသခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

Britney Spears
Photo: britneyspears/ Instagram

အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ပေးဆပ်မှုတွေရှိကြောင်း သက်သေပြထားသူကတော့ နာမည်ကျော် ပေါ့ပ်စူပါစတား Britney Spears ပဲ ဖြစ်ပါတယ်။ ပေါ့ပ်ဂီတလောကမှာ ထိပ်တန်းနေရာကို ရယူထားပြီးကာမှ အောင်မြင်မှုရဲ့ နောက်ဆက်တွဲအဖြစ် မိမိကိုယ်ကို မထိန်းသိမ်းနိုင်တော့တဲ့ အခြေအနေကို ကျရောက်ခဲ့ရသူ ဖြစ်ပါတယ်။ Britney ရဲ့ အဖြစ်ကတော့ သနားကရုဏာသက်ဖို့လည်းကောင်းသလို၊ သင်ခန်းစာယူဖို့လည်း ကောင်းလှပါတယ်။

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ထိခိုက်ခံစားခဲ့ရတာကြောင့် သူမကိုယ်သူ လုံးဝမထိန်းချုပ်နိုင်တော့တဲ့အတွက် သူမရဲ့ ကလေးတွေကို အုပ်ထိန်းခွင့် ဆုံးရှုံးခဲ့ရသလို ကိုယ့်ဘဝကိုယ်တောင် ဆုံးဖြတ်ခွင့်မရှိတော့ဘဲ conservatorship နဲ့ နေထိုင်ရတဲ့အဖြစ်ကိုပါ ရောက်သွားခဲ့ပါတယ်။

Mel Gibson
Photo: mel_gibson.official/ Instagram

နာမည်ကျော်မင်းသားကြီး Mel Gibson ကတော့ ဟောလိဝုဒ်ရဲ့ အထင်ကရ ဇာတ်ရုပ်အချို့မှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး တချိန်က ဟောလိဝုဒ်ကို ဦးဆောင်နေတဲ့ မင်းသားတွေထဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ Lethal Weapon နဲ့ Mad Max တို့လို နာမည်ကြီး franchise တွေမှာ ပါဝင်ခဲ့ရုံတင်မက Brave Heart လို ဇာတ်ကားတွေနဲ့လည်း ပရိသတ်အားပေးမှုကို တခဲနက် ရရှိခဲ့သူ ဖြစ်ပါတယ်။

သို့သော်လည်း အရက်စွဲလမ်းမှုနဲ့ ဂျူးလူမျိုးတွေအပေါ် ရန်လိုမှုတွေကြောင့် သူ့ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာတွေအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ ဒါတင်မက သူ့ရဲ့ ချစ်သူဟောင်း Oksana Grigorieva နဲ့ ပတ်သက်ပြီးတော့လည်း အမှုအခင်းတွေ ဖြစ်ရတဲ့အထိ အကြမ်းဖက်၊ နှိပ်စက်တယ်လို့ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ ရုပ်ရှင်ပိတ်ကားပေါ်ကနေ အနားယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

Shia LaBeouf
Photo: we_love_shia/ Instagram

Shia LaBeouf ဟာ စွယ်စုံရ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Transformers ဇာတ်ကားတွေနဲ့ WallStreet: Money Never Sleeps စတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစား မျိုးစုံမှာ သရုပ်ဆောင်နိုင်ပြီး သရုပ်ဆောင်တစ်ယောက်အတွက် တကယ်စိန်ခေါ်မှု ကြီးမားတဲ့ ဇာတ်ရုပ်တွေမှာပါ ကောင်းမွန်စွာ သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။

သို့သော်လည်း Shia ဟာ သူ့ရဲ့ ဒေါသကြီးတဲ့ စိတ်နဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို တုံ့ပြန်လေ့ရှိတာတွေက သူ့ရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ ပိတ်ဆို့နေတယ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။ လူရှေ့သူရှေ့မှာတင် ခိုက်ရန်ဖြစ်ပွားဖူးတဲ့ သူ့ရဲ့ ရန်ပွဲတွေဟာ များပြားလှပြီး တစ်ခါကဆိုရင် ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တာမျိုးထိ ပြုလုပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ရိုက်ကွင်းပေါ်မှာဆိုရင်လည်း ဆက်ဆံရေး ညံ့ဖျင်းပြီး အလုပ်တွဲလုပ်ရသူတွေအတွက် အခက်အခဲတွေ တွေ့စေရုံသာမက တစ်ပါးသူတွေအပေါ် မစဉ်းစားပေးတဲ့ ရူးမိုက်တဲ့ လုပ်ရပ်များစွာကို ဆက်တိုက် ကျူးလွန်နေခဲ့သူ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကြောင့်ပဲ ရုပ်ရှင်ကားကောင်းတွေမှာ ပါဝင်ရမယ့် သူ့ရဲ့ အခွင့်အလမ်းတွေဟာ ပိတ်ဆို့ကုန်ပါတော့တယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ေအာင္ျမင္ေက်ာ္ၾကားၿပီး ေငြကို ေရလို သုံးႏိုင္ကာ ေကာင္းေပ့၊ ၫႊန႔္ေပ့ဆိုတဲ့ ဇိမ္ခံဘဝမွာ ေနထိုင္ရတာဟာ ကံေကာင္းျခင္းလို႔ လူအမ်ားစုကေတာ့ သတ္မွတ္ပါလိမ့္မယ္။ ရရွိထားတဲ့ ေအာင္ျမင္ေက်ာ္ၾကားမႈေတြနဲ႔ သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြက ေထာက္ခံအားေပးေနတာေၾကာင့္ ဘာလုပ္လုပ္ တင့္တယ္တယ္လို႔ ထင္စရာရွိေပမယ့္ တကယ္တမ္းမွာေတာ့ ၾကယ္တစ္ပြင့္အျဖစ္ ေမြးဖြားဖို႔ အခ်ိန္ယူ ႀကိဳးစားအားထုတ္ရသေလာက္ ေႂကြလြင့္ပ်က္စီးဖို႔ကေတာ့ လြယ္ကူလြန္းလွပါတယ္။

ဒါေၾကာင့္လည္း အရွိန္အဟုန္နဲ႔ ေအာင္ျမင္ၿပီးေတာ့မွ မဆင္မျခင္ ထင္ရာစိုင္းမႈေတြေၾကာင့္ အမာခံပရိသတ္ေတြကိုယ္တိုင္က သည္းမခံႏိုင္ေတာ့တဲ့အတြက္ စူပါစတားဘဝကေန နာမည္ေသသြားရသူေတြ၊ ဂုဏ္သိကၡာပ်က္စီးသြားရသူေတြ ရွိေနတာပါပဲ။

Lindsay Lohan
Photo: lindsaylohan/ Instagram

တခ်ိန္တခါက ေဟာလိဝုဒ္ရဲ႕ အလားအလာ အရွိဆုံးအျဖစ္ ေတာက္ပလင္းလက္ခဲ့တဲ့ ၾကယ္ပြင့္ေလး Lindsay Lohan ကေတာ့ ယေန႔အခ်ိန္မွာ နာမည္ပ်က္စာရင္းဝင္ ဆယ္လီတစ္ေယာက္ ျဖစ္လို႔ေနပါၿပီ။ Freaky Friday ၊ The Parent Trap ၊ Mean Girls ၊ Herbi: Fully Loaded စတဲ့ နာမည္ေက်ာ္ဇာတ္ကားမ်ားစြာမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္ခဲ့ရတဲ့ Lindsay ဟာ ႐ုပ္ရွင္ဘက္မွာေရာ၊ ဂီတဘက္မွာပါ ေကာင္းမြန္လွပတဲ့ အနာဂတ္တစ္ခု ရွိခဲ့ေပမယ့္ သူမရဲ႕ အဆင္အျခင္မဲ့မႈေတြေၾကာင့္ ဘဝပ်က္ခဲ့ရပါတယ္။

ျပန္လည္ထူေထာင္ေရးစင္တာကို အိမ္ဦးနဲ႔ ၾကမ္းျပင္လို သြားလာေနရၿပီး အႀကိမ္ေရမ်ားစြာ အဖမ္းခံခဲ့ရတာေတြက သူမရဲ႕ ပရိသတ္ေတြအတြက္ေတာ့ သည္းခံႏိုင္စြမ္းထက္ ေက်ာ္လြန္ေစခဲ့ပါတယ္။ မူးယစ္ေဆးဝါး လက္ဝယ္ထားရွိမႈေတြ၊ အရက္မူးၿပီး ကားေမာင္းတဲ့ အမႈေတြဟာလည္း မၾကာခဏဆိုသလို ျဖစ္လာခဲ့တာေၾကာင့္ လုံၿခဳံေရးအဆင့္ျမႇင့္ထားတဲ့ ထူေထာင္ေရးစင္တာကိုေတာင္ အပို႔ခံခဲ့ရပါတယ္။ အဲဒီအခ်ိန္ကစလို႔ သူမဟာ ေဟာလိဝုဒ္မွာ နာမည္ေသသြားခဲ့ၿပီး ဘယ္႐ုပ္ရွင္စတူဒီယိုကမွလည္း သူမကို ငွားရမ္းဖို႔ မစဥ္းစားၾကေတာ့ပါဘူး။ ဒီမွာတင္ သူမရဲ႕ လွပတဲ့ အနာဂတ္ဟာ သူမလက္ထဲမွာတင္ ေပ်ာက္ရွသြားခဲ့ရပါတယ္။

Courtney Love
Photo: courtneylove/ Instagram

Courtney Love ကေတာ့ တခ်ိန္က နာမည္ႀကီးခဲ့တဲ့ grunge အဖြဲ႕ Hole ရဲ႕ ပါရမီထူးတဲ့ ဂီတပညာရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားခဲ့ၿပီး နာမည္ေက်ာ္ ဂႏၴဝင္အဖြဲ႕ Nirvana ရဲ႕ frontman ျဖစ္တဲ့ Kurt Cobain ရဲ႕ ဇနီးလည္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူမဟာ အရႈပ္ေထြးဆုံးနဲ႔ အထူးဆန္းဆုံးဆိုတဲ့ လုပ္ရပ္ေတြကို က်ဴးလြန္ခဲ့ၿပီးေနာက္မွာ ေဟာလိဝုဒ္မွာ နာမည္က်ဆင္းခဲ့ရပါတယ္။

မူးယစ္ေဆးဝါး စြဲလမ္းမႈျပႆနာေတြနဲ႔ ရႈပ္ေထြးေပြလီေနခဲ့ၿပီး နာမည္ဂုဏ္သိကၡာ က်ဆင္းလာရာကေန တခ်ိန္က ရွိခဲ့ဖူးတဲ့ သူမရဲ႕အရွိန္အဝါေတြဟာ ေမွးမွိန္ေပ်ာက္ကြယ္ခဲ့ရပါတယ္။ ခန႔္မွန္းရခက္တဲ့ အျပဳအမူမ်ားစြာကို ဆက္တိုက္ ျပဳလုပ္ေနခဲ့ၿပီး အခုေနာက္ပိုင္းမွာေတာ့ ပြဲရွာတဲ့ Tweet ေပါင္းမ်ားစြာကို Twitter မွာ တင္ေနခဲ့ၿပီး ေဒါသတႀကီး တုံ႔ျပန္တတ္တယ္လို႔ပါ သတင္းေမႊးေနပါေတာ့တယ္။ တခါက သူမရဲ႕ ဂီတနဲ႔ ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြရွိခဲ့တဲ့ အခ်ိန္ေတြဟာလည္း သူမရဲ႕အတိတ္နဲ႔အတူ က်န္ရစ္ခဲ့ပါၿပီ။

Charlie Sheen
Photo: charliesheen/ Instagram

Charlie Sheen ကေတာ့ Two and A Half Men ဆိုတဲ့ sitcom စီးရီးနဲ႔ တီဗြီပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိခဲ့သူ ျဖစ္ပါတယ္။ အဆိုပါစီးရီးထဲမွာေတာ့ ခ်မ္းသာႂကြယ္ဝတဲ့ ပေလးဘြိဳင္းတစ္ေယာက္က မိန္းမေတြအမ်ားႀကီးနဲ႔ ရႈပ္မိလို႔ ျပႆနာတက္ရတဲ့ ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ထားတာပါ။ တကယ္ေတာ့ ဒီဇာတ္႐ုပ္ဟာ သူ႔ရဲ႕ အျပင္ဘဝက တကယ့္ အက်င့္စ႐ိုက္နဲ႔လည္း ဆင္တူေနပါတယ္။

အဲဒီေနာက္ ဒီရႈိးရဲ႕ ဖန္တီးသူ Chuck Lorre နဲ႔ အခ်င္းမ်ားရာမွ သူ႔ရဲ႕ မူးယစ္ေဆးဝါး စြဲလမ္းေနတဲ့ ကိစၥေတြဟာ မလွပတဲ့နည္းလမ္းႀကီးနဲ႔ ပရိသတ္ေတြေရွ႕မွာ ေပၚသြားပါေတာ့တယ္။ လူမႈေရးျပႆနာေတြ တက္ခဲ့တာေၾကာင့္ အဲဒီေနာက္ပိုင္းတည္းက သ႐ုပ္ေဆာင္ေလာက,က အနားယူရတဲ့အထိ ျဖစ္သြားပါေတာ့တယ္။

Amanda Bynes
Photo: amandabynes/ Twitter

Amanda Bynes ကေတာ့ နာမည္ေက်ာ္ ႐ုပ္သံစီးရီး Nickelodeon ထဲမွာ ပါဝင္ခဲ့တဲ့ ငယ္႐ြယ္ၿပီး ေခ်ာေမာလွပတဲ့ မင္းသမီးေလးတစ္လက္ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ သူမရဲ႕ ကိုယ္ပိုင္ရႈိးအပါအဝင္ အျခားေသာ ရႈိးေတြမွာ ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ေနရရာက ႐ူးမိုက္တဲ့ လုပ္ရပ္ေတြနဲ႔ ေအာင္ျမင္တဲ့ဘဝကို လဲလွယ္ခဲ့မိပါတယ္။

မူးယစ္ေဆးဝါး စြဲလမ္းမႈနဲ႔ လူမႈေရးျပႆနာေတြ ျဖစ္ပြားခဲ့ၿပီး bipolar လို႔ေခၚတဲ့ စိတ္အတက္အက်ျမန္ ေရာဂါကိုပါ ခံစားခဲ့ရတာေၾကာင့္ အဆင္အျခင္မဲ့တဲ့ လုပ္ရပ္မ်ားစြာကို က်ဴးလြန္မိခဲ့ပါတယ္။ သူမရဲ႕ ပရိသတ္အခ်ိဳ႕ကေတာ့ ဒါဟာ သူမ ခံစားေနရတဲ့ စိတ္က်န္းမာေရး အေျခအေနေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ျဖည့္ေတြးေပးခဲ့ၾကေပမယ့္ သူမကိုယ္သူမ လုံးဝ မထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့အထိ ႐ူးမိုက္တဲ့ လုပ္ရပ္မ်ားစြာကို က်ဴးလြန္ခဲ့ၿပီး ျပန္လည္ထူေထာင္ေရးစင္တာမွာ ေျခာက္လခန႔္ သြားေရာက္ ကုသခံရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

Britney Spears
Photo: britneyspears/ Instagram

ေအာင္ျမင္မႈရဲ႕ ေနာက္ကြယ္မွာ ႀကီးမားတဲ့ ေပးဆပ္မႈေတြရွိေၾကာင္း သက္ေသျပထားသူကေတာ့ နာမည္ေက်ာ္ ေပါ့ပ္စူပါစတား Britney Spears ပဲ ျဖစ္ပါတယ္။ ေပါ့ပ္ဂီတေလာကမွာ ထိပ္တန္းေနရာကို ရယူထားၿပီးကာမွ ေအာင္ျမင္မႈရဲ႕ ေနာက္ဆက္တြဲအျဖစ္ မိမိကိုယ္ကို မထိန္းသိမ္းႏိုင္ေတာ့တဲ့ အေျခအေနကို က်ေရာက္ခဲ့ရသူ ျဖစ္ပါတယ္။ Britney ရဲ႕ အျဖစ္ကေတာ့ သနားက႐ုဏာသက္ဖို႔လည္းေကာင္းသလို၊ သင္ခန္းစာယူဖို႔လည္း ေကာင္းလွပါတယ္။

စိတ္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ႀကီးႀကီးမားမား ထိခိုက္ခံစားခဲ့ရတာေၾကာင့္ သူမကိုယ္သူ လုံးဝမထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့အတြက္ သူမရဲ႕ ကေလးေတြကို အုပ္ထိန္းခြင့္ ဆုံးရႈံးခဲ့ရသလို ကိုယ့္ဘဝကိုယ္ေတာင္ ဆုံးျဖတ္ခြင့္မရွိေတာ့ဘဲ conservatorship နဲ႔ ေနထိုင္ရတဲ့အျဖစ္ကိုပါ ေရာက္သြားခဲ့ပါတယ္။

Mel Gibson
Photo: mel_gibson.official/ Instagram

နာမည္ေက်ာ္မင္းသားႀကီး Mel Gibson ကေတာ့ ေဟာလိဝုဒ္ရဲ႕ အထင္ကရ ဇာတ္႐ုပ္အခ်ိဳ႕မွာ ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ၿပီး တခ်ိန္က ေဟာလိဝုဒ္ကို ဦးေဆာင္ေနတဲ့ မင္းသားေတြထဲမွာ ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။ Lethal Weapon နဲ႔ Mad Max တို႔လို နာမည္ႀကီး franchise ေတြမွာ ပါဝင္ခဲ့႐ုံတင္မက Brave Heart လို ဇာတ္ကားေတြနဲ႔လည္း ပရိသတ္အားေပးမႈကို တခဲနက္ ရရွိခဲ့သူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အရက္စြဲလမ္းမႈနဲ႔ ဂ်ဴးလူမ်ိဳးေတြအေပၚ ရန္လိုမႈေတြေၾကာင့္ သူ႔ရဲ႕ နာမည္နဲ႔ ဂုဏ္သိကၡာေတြအားလုံး သဲထဲေရသြန္ ျဖစ္ခဲ့ရပါတယ္။ ဒါတင္မက သူ႔ရဲ႕ ခ်စ္သူေဟာင္း Oksana Grigorieva နဲ႔ ပတ္သက္ၿပီးေတာ့လည္း အမႈအခင္းေတြ ျဖစ္ရတဲ့အထိ အၾကမ္းဖက္၊ ႏွိပ္စက္တယ္လို႔ သတင္းေတြ ထြက္လာၿပီးေနာက္မွာေတာ့ ႐ုပ္ရွင္ပိတ္ကားေပၚကေန အနားယူခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

Shia LaBeouf
Photo: we_love_shia/ Instagram

Shia LaBeouf ဟာ စြယ္စုံရ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး Transformers ဇာတ္ကားေတြနဲ႔ WallStreet: Money Never Sleeps စတဲ့ နာမည္ႀကီးဇာတ္ကားေတြမွာ ပါဝင္ထားသူ ျဖစ္ပါတယ္။ ႐ုပ္ရွင္အမ်ိဳးအစား မ်ိဳးစုံမွာ သ႐ုပ္ေဆာင္ႏိုင္ၿပီး သ႐ုပ္ေဆာင္တစ္ေယာက္အတြက္ တကယ္စိန္ေခၚမႈ ႀကီးမားတဲ့ ဇာတ္႐ုပ္ေတြမွာပါ ေကာင္းမြန္စြာ သ႐ုပ္ေဆာင္ႏိုင္သူလည္း ျဖစ္ပါတယ္။

သို႔ေသာ္လည္း Shia ဟာ သူ႔ရဲ႕ ေဒါသႀကီးတဲ့ စိတ္နဲ႔ ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြကို တုံ႔ျပန္ေလ့ရွိတာေတြက သူ႔ရဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းမွာ ပိတ္ဆို႔ေနတယ္လို႔ေတာင္ ေျပာရမွာ ျဖစ္ပါတယ္။ လူေရွ႕သူေရွ႕မွာတင္ ခိုက္ရန္ျဖစ္ပြားဖူးတဲ့ သူ႔ရဲ႕ ရန္ပြဲေတြဟာ မ်ားျပားလွၿပီး တစ္ခါကဆိုရင္ ဓားနဲ႔ေထာက္ၿပီး ၿခိမ္းေျခာက္တာမ်ိဳးထိ ျပဳလုပ္ခဲ့ဖူးပါတယ္။

ဒါ့အျပင္ ႐ိုက္ကြင္းေပၚမွာဆိုရင္လည္း ဆက္ဆံေရး ညံ့ဖ်င္းၿပီး အလုပ္တြဲလုပ္ရသူေတြအတြက္ အခက္အခဲေတြ ေတြ႕ေစ႐ုံသာမက တစ္ပါးသူေတြအေပၚ မစဥ္းစားေပးတဲ့ ႐ူးမိုက္တဲ့ လုပ္ရပ္မ်ားစြာကို ဆက္တိုက္ က်ဴးလြန္ေနခဲ့သူ ျဖစ္ပါတယ္။ ဒီအေၾကာင္းေတြေၾကာင့္ပဲ ႐ုပ္ရွင္ကားေကာင္းေတြမွာ ပါဝင္ရမယ့္ သူ႔ရဲ႕ အခြင့္အလမ္းေတြဟာ ပိတ္ဆို႔ကုန္ပါေတာ့တယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular