HomeEntertainmentFilmStephen King ရဲ့ဝတ္ထုတွေကို အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးဇာတ်ကားများ

Stephen King ရဲ့ဝတ္ထုတွေကို အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီးဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်ကြည့်ရတာကို မကြိုက်တဲ့သူဆိုတာ မရှိသလောက် ရှားပြီးတော့ လူတိုင်းမှာတော့ အကြိုက်ကိုယ်စီ ရှိပါတယ်။ တစ်ချို့လူတွေကတော့ သည်းထိတ်ရင်ဖိုနဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိူးအစားတွေကို ကြိုက်နှစ်သက်သူတွေလည်း ရှိကြပါတယ်။ အဲ့လို ဇာတ်လမ်း အမျိူးအစားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Stephen King ရဲ့ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားတွေက သင့်ရဲ့အကြိုက်နဲ့ ထပ်တူကျစေမှာပါ။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Stephen King ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့အထဲက အကောင်းဆုံးဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Dolores Claiborne
photo via imdb

ဒီဇာတ်လမ်းကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.4) ရထားပါတယ်။ ဇာတ်လမ်းကတော့ Dolores Claiborne ဆိုတဲ့ အိမ်အကူအမျိူးသမီးတစ်ယောက်အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံရဲ့ မြို့လေးတစ်မြို့မှာ နေထိုင်ပြီးတော့ ချမ်းသာတဲ့အိမ်တစ်အိမ်မှာ အိမ်အကူအဖြစ် အသက်မွေးနေသူ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမရဲ့အလုပ်ရှင်က သေဆုံးသွားပြီး အလုပ်ရှင်ကို သတ်တဲ့တရားခံဟာ သူမ ပါဆိုပြီး အစွပ်စွဲခံရပါတော့တယ်။

ဒါရိုက်တာ Taylor Hackford ရိုက်ကူးထားတဲ့ ဇာတ်လမ်းကို Kathy Bates ၊ Jennifer Jason Leigh ၊ Judy Parfitt နဲ့ David Strathairn တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(6) Shawshank Redemption
photo via imdb

ဒီဇာတ်ကားကတော့ ၁၉၉၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (9.3) ရထားပါတယ်။ ဇာတ်လမ်းကတော့ Andy ဆိုတဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဟာ သူ့မိန်းမနဲ့ သူ့မိန်းမရဲ့ချစ်သူကို သတ်ပစ်ခဲ့တယ်ဆိုပြီး Shawshank ဆိုတဲ့ ထောင်မှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ Ellis ဆိုတဲ့ နောက်ထပ် ထောင်သားတစ်ယောက်နဲ့ ထောင်ထဲမှာ တွေ့ခဲ့ပါတယ်။ Ellis ရဲ့ရည်မှန်းချက်ကတော့ အောင်အောင်မြင်မြင်နဲ့ ထောင်ဖောက်ပြေးဖို့ပဲ ဖြစ်တာကြောင့် ရှေ့ဆက် ဘာတွေဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Morgan Freeman ၊ Tim Robbins ၊ Bob Gunton နဲ့ William Sadler တို့က အဓိက ပါဝင်ထားပါတယ်။ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Frank Darabont ဖြစ်ပါတယ်။

(5) It
photo via imdb

ဒီကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (7.3) ရထားပြီးတော့ ၁၉၉၀ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ It ကိုပဲ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီးတော့ ကလေးတစ်သိုက်ဟာ နွေရာသီကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလေးတွေကို မြူဆွယ်ပြီး စားပစ်တဲ့ Pennywise နဲ့တွေ့ရတဲ့အချိန်မှာတော့ သူတို့ရဲ့ပျော်ရွှင်မှုတွေဟာ အဆုံးသတ်သွားပါတော့တယ်။

ဒါရိုက်တာ Andres Muschietti ရိုက်ကူးထားတဲ့ ဇာတ်လမ်းကို Finn Wolfhard ၊ Bill Skarsgard ၊ Sophia Lillis နဲ့ Jaden Martell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) Misery
photo via imdb

ဒီဇာတ်လမ်းကတော့ ၁၉၉၀ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကြီး စာရေးဆရာတစ်ယောက်ဟာ သူ့ရဲ့နောက်ဆုံးစာအုပ်ကို ထုတ်ပြီးတဲ့နောက်မှာတော့ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့အမာခံပရိသတ်တစ်ယောက်ဟာ အဲ့ဒီကားမတော်တဆမှုကနေ ကယ်တင်ခဲ့ပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူဟာ ဂရုစိုက်ခံနေရတာမဟုတ်ဘဲ အဖမ်းခံထားရတာ ဆိုတာကို နားလည်လာပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ Kathy Bates ၊ James Caan ၊ Lauren Bacall နဲ့ Richard Farnsworth တို့က အဓိက ပါဝင်ထားပါတယ်။ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Rob Reiner ဖြစ်ပါတယ်။

(3) Stand by Me
photo via imdb

ဒီဇာတ်ကားကတော့ ၁၉၈၆ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (8.1) ရထားပါတယ်။ Gordie ၊ Chris ၊ Teddy နဲ့ Vern တို့ဟာ သူငယ်ချင်းတွေ ဖြစ်ကြပြီး တစ်ရက်မှာတော့ ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ကို တောနက်ထဲမှာ လိုက်ရှာဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီကားဟာလည်း It လိုမျိူး ကလေးဇာတ်ဆောင်တွေဖြစ်ပြီးတော့ IMDb လည်းများတာကြောင့် မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားတစ်ကား ဖြစ်ပါတယ်။

ဒါရိုက်တာ Rob Reiner က ရိုက်ကူးပေးထားပြီး River Phoenix ၊ Wil Wheaton ၊ Corey Feldman နဲ့ Jerry O’Connell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2) The Shining
photo via imdb

ဒီကားကတော့ ၁၉၈၀ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.4) ရထားပါတယ်။ ဇာတ်လမ်းကတော့ Jack နဲ့ သူ့ရဲ့မိသားစုဟာ သီးခြားနေရာတစ်ခုက ဟိုတယ်တစ်ခုကို ဆောင်းတွင်းမှာ စောင့်ရှောက်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ ငွေကြေးအခက်အခဲဖြစ်နေတဲ့အပြင် ဟိုတယ်အကောင်းစားကြီးမှာ မိသားစုလိုက်နေရမှာ ဖြစ်တာကြောင့် အဲ့ဒီအလုပ်ကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ Jack ဟာ တဖြည်းဖြည်းနဲ့ အသိစိတ် လွတ်လာတဲ့အခါမှာတော့ … ။

ဒါရိုက်တာ Stanley Kubrick ရိုက်ကူးပေးထားတဲ့ ဇာတ်လမ်းကို Jack Nicholson ၊ Shelley Duvall ၊ Danny Lloyd နဲ့ Scatman Crothers တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Carrie
photo via imdb

ဒီဇာတ်လမ်းကတော့ ၁၉၇၆ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (7.4) ရထားပါတယ်။ ၂၀၁၃ခုနှစ်မှာ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားရှိပေမယ့် မူရင်းဇာတ်ကားကိုတော့ မမှီခဲ့ပါဘူး။ ဇာတ်လမ်းကတော့ Carrie ဆိုတဲ့ကောင်မလေးဟာ ရှက်တတ်ပြီးတော့ သူငယ်ချင်းလည်း မရှိတာကြောင့် ကျောင်းမှာဆိုရင် အမြဲလိုလို အနိုင်ကျင့်ခံနေရပါတယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ သူမမှာ စိတ်စွမ်းအားတွေ ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့……။

ဒါရိုက်တာ Brian De Palma ရိုက်ကူးပေးထားတဲ့ ဇာတ်လမ်းကို Sissy Spacek ၊ Piper Laurie ၊ William Kat နဲ့ John Travolta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ၾကည့္ရတာကို မႀကိဳက္တဲ့သူဆိုတာ မရွိသေလာက္ ရွားၿပီးေတာ့ လူတိုင္းမွာေတာ့ အႀကိဳက္ကိုယ္စီ ရွိပါတယ္။ တစ္ခ်ိဳ႕လူေတြကေတာ့ သည္းထိတ္ရင္ဖိုနဲ႔ လွ်ိဳ႕ဝွက္သည္းဖို ဇာတ္လမ္းအမ်ိဴးအစားေတြကို ႀကိဳက္ႏွစ္သက္သူေတြလည္း ရွိၾကပါတယ္။ အဲ့လို ဇာတ္လမ္း အမ်ိဴးအစားေတြကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ေတာ့ Stephen King ရဲ႕ဝတၳဳေတြကို ႐ုပ္ရွင္အျဖစ္ ျပန္လည္ပုံေဖာ္ထားတဲ့ ဇာတ္ကားေတြက သင့္ရဲ႕အႀကိဳက္နဲ႔ ထပ္တူက်ေစမွာပါ။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Stephen King ဝတၳဳေတြကို ႐ုပ္ရွင္ျပန္႐ိုက္ထားတဲ့အထဲက အေကာင္းဆုံးဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Dolores Claiborne
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.4) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Dolores Claiborne ဆိုတဲ့ အိမ္အကူအမ်ိဴးသမီးတစ္ေယာက္အေၾကာင္းကို ႐ိုက္ထားတာ ျဖစ္ပါတယ္။ သူမဟာ အဂၤလန္ႏိုင္ငံရဲ႕ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ေနထိုင္ၿပီးေတာ့ ခ်မ္းသာတဲ့အိမ္တစ္အိမ္မွာ အိမ္အကူအျဖစ္ အသက္ေမြးေနသူ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူမရဲ႕အလုပ္ရွင္က ေသဆုံးသြားၿပီး အလုပ္ရွင္ကို သတ္တဲ့တရားခံဟာ သူမ ပါဆိုၿပီး အစြပ္စြဲခံရပါေတာ့တယ္။

ဒါ႐ိုက္တာ Taylor Hackford ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းကို Kathy Bates ၊ Jennifer Jason Leigh ၊ Judy Parfitt နဲ႔ David Strathairn တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(6) Shawshank Redemption
photo via imdb

ဒီဇာတ္ကားကေတာ့ ၁၉၉၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (9.3) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Andy ဆိုတဲ့ ဘဏ္လုပ္ငန္းရွင္တစ္ေယာက္ဟာ သူ႔မိန္းမနဲ႔ သူ႔မိန္းမရဲ႕ခ်စ္သူကို သတ္ပစ္ခဲ့တယ္ဆိုၿပီး Shawshank ဆိုတဲ့ ေထာင္မွာ တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္က်သြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ Ellis ဆိုတဲ့ ေနာက္ထပ္ ေထာင္သားတစ္ေယာက္နဲ႔ ေထာင္ထဲမွာ ေတြ႕ခဲ့ပါတယ္။ Ellis ရဲ႕ရည္မွန္းခ်က္ကေတာ့ ေအာင္ေအာင္ျမင္ျမင္နဲ႔ ေထာင္ေဖာက္ေျပးဖို႔ပဲ ျဖစ္တာေၾကာင့္ ေရွ႕ဆက္ ဘာေတြျဖစ္မလည္းဆိုတာ ၾကည့္ရႈရမွာပါ။

ဒီဇာတ္ကားမွာေတာ့ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Morgan Freeman ၊ Tim Robbins ၊ Bob Gunton နဲ႔ William Sadler တို႔က အဓိက ပါဝင္ထားပါတယ္။ ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ Frank Darabont ျဖစ္ပါတယ္။

(5) It
photo via imdb

ဒီကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.3) ရထားၿပီးေတာ့ ၁၉၉၀ခုႏွစ္တုန္းက ႐ိုက္ကူးခဲ့တဲ့ It ကိုပဲ ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ၁၉၈၉ခုႏွစ္မွာ ဇာတ္အိမ္တည္ထားၿပီးေတာ့ ကေလးတစ္သိုက္ဟာ ေႏြရာသီကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ကေလးေတြကို ျမဴဆြယ္ၿပီး စားပစ္တဲ့ Pennywise နဲ႔ေတြ႕ရတဲ့အခ်ိန္မွာေတာ့ သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈေတြဟာ အဆုံးသတ္သြားပါေတာ့တယ္။

ဒါ႐ိုက္တာ Andres Muschietti ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းကို Finn Wolfhard ၊ Bill Skarsgard ၊ Sophia Lillis နဲ႔ Jaden Martell တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(4) Misery
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၁၉၉၀ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ နာမည္ႀကီး စာေရးဆရာတစ္ေယာက္ဟာ သူ႔ရဲ႕ေနာက္ဆုံးစာအုပ္ကို ထုတ္ၿပီးတဲ့ေနာက္မွာေတာ့ ကားမေတာ္တဆမႈတစ္ခုနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာ သူ႔ရဲ႕အမာခံပရိသတ္တစ္ေယာက္ဟာ အဲ့ဒီကားမေတာ္တဆမႈကေန ကယ္တင္ခဲ့ၿပီး ဂ႐ုစိုက္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူဟာ ဂ႐ုစိုက္ခံေနရတာမဟုတ္ဘဲ အဖမ္းခံထားရတာ ဆိုတာကို နားလည္လာပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Kathy Bates ၊ James Caan ၊ Lauren Bacall နဲ႔ Richard Farnsworth တို႔က အဓိက ပါဝင္ထားပါတယ္။ ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ Rob Reiner ျဖစ္ပါတယ္။

(3) Stand by Me
photo via imdb

ဒီဇာတ္ကားကေတာ့ ၁၉၈၆ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.1) ရထားပါတယ္။ Gordie ၊ Chris ၊ Teddy နဲ႔ Vern တို႔ဟာ သူငယ္ခ်င္းေတြ ျဖစ္ၾကၿပီး တစ္ရက္မွာေတာ့ ေပ်ာက္ဆုံးေနတဲ့ လူတစ္ေယာက္ကို ေတာနက္ထဲမွာ လိုက္ရွာဖို႔အတြက္ ဆုံးျဖတ္လိုက္ၾကပါတယ္။ ဒီကားဟာလည္း It လိုမ်ိဴး ကေလးဇာတ္ေဆာင္ေတြျဖစ္ၿပီးေတာ့ IMDb လည္းမ်ားတာေၾကာင့္ မၾကည့္ရေသးရင္ ၾကည့္သင့္တဲ့ကားတစ္ကား ျဖစ္ပါတယ္။

ဒါ႐ိုက္တာ Rob Reiner က ႐ိုက္ကူးေပးထားၿပီး River Phoenix ၊ Wil Wheaton ၊ Corey Feldman နဲ႔ Jerry O’Connell တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(2) The Shining
photo via imdb

ဒီကားကေတာ့ ၁၉၈၀ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.4) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Jack နဲ႔ သူ႔ရဲ႕မိသားစုဟာ သီးျခားေနရာတစ္ခုက ဟိုတယ္တစ္ခုကို ေဆာင္းတြင္းမွာ ေစာင့္ေရွာက္ေပးဖို႔ ျဖစ္လာခဲ့ပါတယ္။ သူတို႔ဟာ ေငြေၾကးအခက္အခဲျဖစ္ေနတဲ့အျပင္ ဟိုတယ္အေကာင္းစားႀကီးမွာ မိသားစုလိုက္ေနရမွာ ျဖစ္တာေၾကာင့္ အဲ့ဒီအလုပ္ကို လက္ခံခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ Jack ဟာ တျဖည္းျဖည္းနဲ႔ အသိစိတ္ လြတ္လာတဲ့အခါမွာေတာ့ … ။

ဒါ႐ိုက္တာ Stanley Kubrick ႐ိုက္ကူးေပးထားတဲ့ ဇာတ္လမ္းကို Jack Nicholson ၊ Shelley Duvall ၊ Danny Lloyd နဲ႔ Scatman Crothers တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Carrie
photo via imdb

ဒီဇာတ္လမ္းကေတာ့ ၁၉၇၆ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.4) ရထားပါတယ္။ ၂၀၁၃ခုႏွစ္မွာ ျပန္လည္႐ိုက္ကူးထားတဲ့ ဇာတ္ကားရွိေပမယ့္ မူရင္းဇာတ္ကားကိုေတာ့ မမွီခဲ့ပါဘူး။ ဇာတ္လမ္းကေတာ့ Carrie ဆိုတဲ့ေကာင္မေလးဟာ ရွက္တတ္ၿပီးေတာ့ သူငယ္ခ်င္းလည္း မရွိတာေၾကာင့္ ေက်ာင္းမွာဆိုရင္ အၿမဲလိုလို အႏိုင္က်င့္ခံေနရပါတယ္။ အဲ့လိုနဲ႔ တစ္ရက္မွာေတာ့ သူမမွာ စိတ္စြမ္းအားေတြ ရွိေနတာကို သိလိုက္ရတဲ့အခါမွာေတာ့……။

ဒါ႐ိုက္တာ Brian De Palma ႐ိုက္ကူးေပးထားတဲ့ ဇာတ္လမ္းကို Sissy Spacek ၊ Piper Laurie ၊ William Kat နဲ႔ John Travolta တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular