HomeCelebs Update Newsဇာတ်လမ်းတွဲအသစ်တစ်ခုကို ရိုက်ကူးနေရင်းနဲ့ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Stephen Amell

ဇာတ်လမ်းတွဲအသစ်တစ်ခုကို ရိုက်ကူးနေရင်းနဲ့ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ Stephen Amell

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stephen Amell ဟာ Heels ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲ အသစ်တစ်ခုကို ရိုက်ကူးနေရင်းနဲ့ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ သူဟာ ရုပ်ရှင်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး CW က ထုတ်လွှင့်တဲ့ Arrow ဇာတ်လမ်းတွဲထဲက Oliver Queen ဇာတ်ကောင်နဲ့ ပိုပြီးတော့ လူသိများကြပါတယ်။ Arrow ဇာတ်လမ်းတွဲဟာ အတော်လေးကို အောင်မြင်သွားခဲ့ပြီးတော့ Arrowverse တောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Arrow ဇာတ်လမ်းတွဲဟာ အခုချိန်မှာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် Stephen Amell ဟာ Heels ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ သရုပ်ဆောင်နေပါတယ်။

Stephen ဟာ Michael Rosenbaum ရဲ့ Inside of You podcast ကို ရောက်လာပြီးတော့ Heels ဇာတ်လမ်းတွဲကို ရိုက်ကူးနေရင်းနဲ့ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ် ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးထဲမှာတော့ ” Heels ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းကိုတောင် ကျွန်တော် မသွားတာ ဒီနေ့နဲ့ဆို သုံးပတ် ရှိသွားပါပြီ။ အကြောင်းကတော့ အဲ့ဒီဇာတ်လမ်းတွဲကို ရိုက်ကူးနေရင်းနဲ့ ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ တနင်္လာနေ့မှာစပြီးတော့ ကျွန်တော် တစ်ခုခုကို သတိထားမိခဲ့ပေမယ့်လည်း မစမ်းသပ်ရသေးပါဘူး။ အဲ့ဒါကြောင့်ပဲ ကျန်းမာရေးအဖွဲ့က လူတွေကို ဖုန်းဆက်ပြီး ကျွန်တော့်ရဲ့ အိမ်မှာ လာပြီးတော့ စမ်းသပ်စေခဲ့ပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ ” ဗုဒ္ဓဟူးနေ့မှာတော့ စမ်းသပ်ချက်ရဲ့အဖြေ ထွက်လာပြီးတော့ ကိုဗစ်ကူးစက်ခံထားရမှန်း သိခဲ့ရပါတယ်။ ဒါပေမယ့်လည်း သေချာအောင်လို့ နောက်ထပ်တစ်ခေါက် ထပ်စစ်တဲ့အချိန်မှာလည်း positive ပဲ ဖြစ်နေပါတယ်။ ရိုးရိုးသားသား ပြောရရင် အဲ့လိုမျိူး နှစ်ခေါက်ထပ်ပြီးတော့ စစ်စရာမလိုပါဘူး။ အကြောင်းကတော့ ပထမတစ်ခေါက် စစ်ပြီးကတည်းက ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေကို ခံစားခဲ့ရလို့ပဲ ဖြစ်ပါတယ်။ အဲ့လိုမျိူး ဖြစ်နိုင်တယ်ဆိုတာကို သိပေမယ့်လည်း ကျွန်တော်ရဲ့ စိတ်ထဲမှာတော့ ဒီရောဂါဟာ ကျွန်တော့်ဆီမှာ မဖြစ်ပါစေနဲ့ ဆိုပြီးတော့ ဆုတောင်းနေမိပါတယ်။ အဲ့ဒါကြောင့်ပဲ ကိုဗစ်ဖြစ်နေမှန်း သိသွားတဲ့အချိန်မှာတော့ ကျွန်တော် တော်တော်လေးကို ကြောက်လန့်သွားခဲ့ပါတယ်။ ” လို့လည်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ” ကျွန်တော်က အမြဲတမ်း mask တပ်ပြီးတော့ social distancing ကိုလည်း ပြုလုပ်ခဲ့ပြီး စည်းကမ်းတွေအကုန်လုံးကို လိုက်နာခဲ့ပါတယ်။ အဲ့လိုမျိူး စည်းကမ်းတွေကို လိုက်နာနေတာကြောင့် ကျွန်တော်ဟာ ကိုဗစ်မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ ” လို့လည်း ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ ကမ္ဘာကျော် မင်းသားမင်းသမီးတွေနဲ့ နိုင်ငံခေါင်းဆောင်တွေတောင် ကိုဗစ်ဖြစ်နေကြတာကြောင့် စာဖတ်သူတွေအကုန်လုံးလည်း ဂရုစိုက်နေထိုင်ကြပြီး တတ်နိုင်သလောက် အိမ်ထဲမှာပဲ နေပါလို့ သတိပေးချင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Stephen Amell ဟာ Heels ဆိုတဲ့ ဒရာမာဇာတ္လမ္းတြဲ အသစ္တစ္ခုကို ႐ိုက္ကူးေနရင္းနဲ႔ ကိုဗစ္ကူးစက္ခံခဲ့ရပါတယ္။ သူဟာ ႐ုပ္ရွင္ကားေတြနဲ႔ ဇာတ္လမ္းတြဲေတြ အမ်ားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး CW က ထုတ္လႊင့္တဲ့ Arrow ဇာတ္လမ္းတြဲထဲက Oliver Queen ဇာတ္ေကာင္နဲ႔ ပိုၿပီးေတာ့ လူသိမ်ားၾကပါတယ္။ Arrow ဇာတ္လမ္းတြဲဟာ အေတာ္ေလးကို ေအာင္ျမင္သြားခဲ့ၿပီးေတာ့ Arrowverse ေတာင္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း Arrow ဇာတ္လမ္းတြဲဟာ အခုခ်ိန္မွာ ၿပီးဆုံးသြားၿပီ ျဖစ္တာေၾကာင့္ Stephen Amell ဟာ Heels ဆိုတဲ့ ဇာတ္လမ္းတြဲအသစ္မွာ သ႐ုပ္ေဆာင္ေနပါတယ္။

Stephen ဟာ Michael Rosenbaum ရဲ႕ Inside of You podcast ကို ေရာက္လာၿပီးေတာ့ Heels ဇာတ္လမ္းတြဲကို ႐ိုက္ကူးေနရင္းနဲ႔ ကိုဗစ္ကူးစက္ခံခဲ့ရပါတယ္ ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။ အဲ့ဒီအင္တာဗ်ဴးထဲမွာေတာ့ ” Heels ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကြင္းကိုေတာင္ ကြၽန္ေတာ္ မသြားတာ ဒီေန႔နဲ႔ဆို သုံးပတ္ ရွိသြားပါၿပီ။ အေၾကာင္းကေတာ့ အဲ့ဒီဇာတ္လမ္းတြဲကို ႐ိုက္ကူးေနရင္းနဲ႔ ကိုဗစ္ကူးစက္ခံခဲ့ရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ တနလၤာေန႔မွာစၿပီးေတာ့ ကြၽန္ေတာ္ တစ္ခုခုကို သတိထားမိခဲ့ေပမယ့္လည္း မစမ္းသပ္ရေသးပါဘူး။ အဲ့ဒါေၾကာင့္ပဲ က်န္းမာေရးအဖြဲ႕က လူေတြကို ဖုန္းဆက္ၿပီး ကြၽန္ေတာ့္ရဲ႕ အိမ္မွာ လာၿပီးေတာ့ စမ္းသပ္ေစခဲ့ပါတယ္။ ” လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ ” ဗုဒၶဟူးေန႔မွာေတာ့ စမ္းသပ္ခ်က္ရဲ႕အေျဖ ထြက္လာၿပီးေတာ့ ကိုဗစ္ကူးစက္ခံထားရမွန္း သိခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေသခ်ာေအာင္လို႔ ေနာက္ထပ္တစ္ေခါက္ ထပ္စစ္တဲ့အခ်ိန္မွာလည္း positive ပဲ ျဖစ္ေနပါတယ္။ ႐ိုး႐ိုးသားသား ေျပာရရင္ အဲ့လိုမ်ိဴး ႏွစ္ေခါက္ထပ္ၿပီးေတာ့ စစ္စရာမလိုပါဘူး။ အေၾကာင္းကေတာ့ ပထမတစ္ေခါက္ စစ္ၿပီးကတည္းက ကိုဗစ္ရဲ႕ ေရာဂါလကၡဏာေတြကို ခံစားခဲ့ရလို႔ပဲ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး ျဖစ္ႏိုင္တယ္ဆိုတာကို သိေပမယ့္လည္း ကြၽန္ေတာ္ရဲ႕ စိတ္ထဲမွာေတာ့ ဒီေရာဂါဟာ ကြၽန္ေတာ့္ဆီမွာ မျဖစ္ပါေစနဲ႔ ဆိုၿပီးေတာ့ ဆုေတာင္းေနမိပါတယ္။ အဲ့ဒါေၾကာင့္ပဲ ကိုဗစ္ျဖစ္ေနမွန္း သိသြားတဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္ ေတာ္ေတာ္ေလးကို ေၾကာက္လန႔္သြားခဲ့ပါတယ္။ ” လို႔လည္း ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ” ကြၽန္ေတာ္က အၿမဲတမ္း mask တပ္ၿပီးေတာ့ social distancing ကိုလည္း ျပဳလုပ္ခဲ့ၿပီး စည္းကမ္းေတြအကုန္လုံးကို လိုက္နာခဲ့ပါတယ္။ အဲ့လိုမ်ိဴး စည္းကမ္းေတြကို လိုက္နာေနတာေၾကာင့္ ကြၽန္ေတာ္ဟာ ကိုဗစ္မျဖစ္ႏိုင္ဘူးလို႔ ထင္ခဲ့ပါတယ္။ ” လို႔လည္း ေျပာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ကမာၻေက်ာ္ မင္းသားမင္းသမီးေတြနဲ႔ ႏိုင္ငံေခါင္းေဆာင္ေတြေတာင္ ကိုဗစ္ျဖစ္ေနၾကတာေၾကာင့္ စာဖတ္သူေတြအကုန္လုံးလည္း ဂ႐ုစိုက္ေနထိုင္ၾကၿပီး တတ္ႏိုင္သေလာက္ အိမ္ထဲမွာပဲ ေနပါလို႔ သတိေပးခ်င္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular