HomeEntertainmentFilmSteve Rogers ရဲ့Captain America ကို ပြန်လည်မြင်တွေ့ရနိုင်တဲ့ MCU ပရောဂျက်များ

Steve Rogers ရဲ့Captain America ကို ပြန်လည်မြင်တွေ့ရနိုင်တဲ့ MCU ပရောဂျက်များ

Chris Evans ဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Captain America: The First Avenger ရုပ်ရှင်ထဲမှာ Steve Rogers အနေနဲ့ စတင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Endgame ထဲမှာတော့ နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။ ဒါကြောင့်ပဲ Chris Evans နဲ့ Steve Rogers ကို MCU ထဲမှာ တွဲလျက်မမြင်ရတာဟာ သုံးနှစ်ကျော် ရှိနေပါပြီ။

Endgame ထဲမှာလည်း Steve Rogers ဟာ အသက်ကြီးရင့်သွားလို့ အနားယူသွားတဲ့ပုံစံကိုပဲ ပြသထားတာကြောင့် သူဟာ အခုထိ သေဆုံးသွားတာမျိူးတော့ မဟုတ်သေးပါဘူး။ ဒါ့အပြင် Chris Evans ကလည်း Steve Rogers အနေနဲ့ ပြန်လာဦးမယ်လို့ သတင်းတွေထွက်နေတာကြောင့် Steve Rogers ရဲ့ Captain America ကို ပြန်လည်မြင်တွေ့ရနိုင်တဲ့ MCU ပရောဂျက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Secret Invasion

photo credit Marvel Studios

Secret Invasion ဇာတ်လမ်းတွဲကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာတော့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ Skrull တွေဟာ ကမ္ဘာပေါ်မှာ အယောင်ဆောင်ပြီး နေထိုင်နေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကိုတော့ Crossover Series လို့ ဖော်ပြထားတာကြောင့် MCU ထဲက ဇာတ်ကောင်အများအပြားကို Cameo အနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။

Skrull တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်သလို DNA အထိတောင် ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့်ပဲ Skrull တစ်ယောက်ယောက်က Steve Rogers အဖြစ် ရုပ်ဖျက်ထားတာမျိူးလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ Endgame ရုပ်ရှင်အတွင်းက Blip ဖြစ်သွားတဲ့ ငါးနှစ်တာအချိန်အတွင်းမှာ ဇာတ်အိမ်တည်ထားတယ်လို့ သိရပါတယ်။

Blip ကာလအတွင်းမှာတော့ Steve Rogers ဟာ Snap ဖြစ်သွားတဲ့ လူတွေထဲမှာ မပါဝင်ဘဲ အသက်ရှင်ကျန်ခဲ့ပြီး ဟီးရိုးအဖြစ် ရှိနေပါသေးတယ်။ ဒါကြောင့်ပဲ Endgame ရဲ့ အဆုံးသတ်က Steve Rogers အဘိုးကြီးဗားရှင်း မဟုတ်ဘဲ ပုံမှန်ဗားရှင်းကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Captain America: New World Order

photo credit Marvel Studios

Steve Rogers ပါဝင်လာဖို့ ဖြစ်နိုင်ချေအများဆုံး ပရောဂျက်ကတော့ Sam Wilson ကို Captain America အနေနဲ့ မြင်တွေ့ရမယ့် Captain America: New World Order ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Multiverse Saga ထဲမှာ ပါဝင်နေပေမယ့်လည်း အခြားပရောဂျက်တွေလိုတော့ Variant များစွာ ပါဝင်လာတာမျိူး သိပ်မဖြစ်နိုင်ပါဘူး။

Steve Rogers သာ MCU ထဲမှာ အသက်ရှင်နေသေးတယ် ဆိုရင်တော့ Sam Wilson က သေချာပေါက် သိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Sam ဟာ Captain America အနေနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတာ Steve Rogers ဆီက အကြံဉာဏ်တောင်းတာမျိူးတွေကိုလည်း တွေ့ရနိုင်ပါတယ်။ Sam ကလည်း ယခုမှ Captain America ဖြစ်လာတာကြောင့် သေချာပေါက် အကြံဉာဏ်လိုအပ်နေမှာ ဖြစ်ပြီး အဲဒီအကြံဉာဏ်ကို ပေးနိုင်တဲ့သူကလည်း Steve Rogers ထက် ပိုကောင်းတဲ့လူ မရှိနိုင်ပါဘူး။

Thunderbolts

photo credit Marvel Studios

Thunderbolts ရုပ်ရှင်ထဲမှာတော့ Bucky Barnes ဟာ Thunderbolts အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ပါဝင်သွားမယ်လို့ ကြေညာထားပါတယ်။ Bucky ဟာ သူ့ဘဝတလျှောက်လုံးမှာ ခေါင်းဆောင်လုပ်ဖူးတဲ့သူ မဟုတ်ပါဘူး။ Hydra ရဲ့ ဦးနှောက်ဆေးတာကိုခံရပြီး ခိုင်းတာအကုန်လုံးကိုသာ လုပ်ခဲ့ရတဲ့သူ ဖြစ်ပါတယ်။ အဲဒါတွေမတိုင်ခင် ပုံမှန်အချိန်တုန်းကလည်း Steve Rogers ရဲ့ခေါင်းဆောင်မှုနောက်ကိုပဲ လိုက်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုလိုမျိူး Thunderbolts အဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်လာချိန်မှာတော့ Bucky ဟာလည်း Steve ရဲ့အကြံဉာဏ်နဲ့ အကူအညီတွေကို လိုအပ်လာနိုင်ပါတယ်။

Avengers: The Kang Dynasty

photo credit Marvel Studios

Avengers: The Kang Dynasty ကတော့ Endgame အပြီးမှာ ပထမဆုံး ထွက်ရှိလာမယ့် Avengers ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Avengers အဖွဲ့သစ်ကို မြင်တွေ့ရမှာ ဖြစ်ပြီး ပရိသတ်တွေကတော့ ဘယ်လိုအံ့ဩစရာတွေ မြင်တွေ့ရမလည်းဆိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။

ဒီရုပ်ရှင်ကတော့ နာမည်အတိုင်းပဲ Kang Variant များစွာ ပါဝင်လာမှာဖြစ်ပြီး MCU ထဲက အခြားဇာတ်ကောင်တွေရဲ့ Variant တွေလည်း ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Chris Evans ရဲ့ Steve Rogers Variant ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ Steve Rogers တစ်ယောက်တည်း မဟုတ်ဘဲ အခြား Universe တွေက Kang ရဲ့တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်နိုင်ခဲ့တဲ့ အခြားသော Avengers တွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Avengers: Secret Wars

photo credit Marvel Studios

ဒီရုပ်ရှင်ကတော့ Multiverse Saga ရဲ့အဆုံးသတ် ဖြစ်တာကြောင့် MCU နဲ့ MCU အပြင်ဘက်က အခြားသော Marvel ဇာတ်ကောင်များစွာ ပါဝင်လာမယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာ Cameo အဖြစ် ပါဝင်လာဖို့ ရေပန်းစားနေတဲ့ ဇာတ်ကောင်တွေထဲမှာတော့ Robert Downey Jr. ရဲ့ Tony Stark နဲ့ Chris Evans ရဲ့ Steve Rogers တို့ ပါဝင်နေကြပါတယ်။

ကောမစ်ထဲမှာတော့ Secret Wars အဖြစ်အပျက်ဟာ အလွန်ဆိုးရွားတဲ့ Incursion ဖြစ်ပြီးသွားတဲ့နောက်မှာ မတူညီတဲ့ Reality များစွာဟာ Battleworld မှာ စုပေါင်းသွားကြပါတယ်။ ဒါကြောင့်ပဲ ဒီအဖြစ်အပျက်ထဲမှာတော့ ဇာတ်ကောင်ပေါင်းများစွာရဲ့ မတူညီတဲ့ Variant တွေကို မြင်တွေ့ရမှာဖြစ်ပြီး MCU ရဲ့အကြီးမားဆုံး Crossover ရုပ်ရှင်တစ်ကား ဖြစ်လာနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular