HomeEntertainmentFilmဆန်းသစ်တဲ့ တင်ဆက်မှုနဲ့ ကြည့်ရှုရမယ့် Disney ရဲ့ Strange World Animated ရုပ်ရှင်

ဆန်းသစ်တဲ့ တင်ဆက်မှုနဲ့ ကြည့်ရှုရမယ့် Disney ရဲ့ Strange World Animated ရုပ်ရှင်

Disney စတူဒီယိုကတော့ မကြာသေးခင်ကပဲ သူတို့ရဲ့ Animation အသစ်ဖြစ်တဲ့ Strange World ရဲ့ ထွေလာအသစ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီ Animation ကိုတော့ Big Hero 6 ၊ Moana နဲ့ Meet the Robinson တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Don Hall က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Jake Gyllenhaal ၊ Jaboukie Young-White နဲ့ Lucy Liu တို့ အဓိက ပါဝင်ထားပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ ပျောက်ဆုံးသွားတဲ့ နာမည်ကြီး စူးစမ်းရှာဖွေသူဆီကနေ ဆင်းသက်လာတဲ့ လယ်သမားမိသားစု အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂြိုဟ်သားကမ္ဘာတစ်ခုဟာ လူတွေနေထိုင်တဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ အချိန်မှာတော့ ဒီလယ်သမားမိသားစုလေးဟာ အလွန်အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့ တာဝန်ကျလာပါတော့တယ်။

မကြာသေးခင်ကပဲ Disney စတူဒီယိုဟာ Strange World ရဲ့ ထွေလာအသစ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ လယ်သမားမိသားစုရဲ့ အိမ်ထောင်ဦးစီး ဖြစ်တဲ့ Searcher Clade ဟာ သူ့အဖေရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် အန္တရာယ်များတဲ့ မစ်ရှင်ကို ပြုလုပ်ဖို့ တာဝန်ကျလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့မိသားစုဟာ ထူးဆန်းတဲ့ နေရာတွေမှာ အတူတူ စွန့်စားခန်းထွက်ရင်း ပျောက်ဆုံးနေတဲ့ သူတို့အဖေကို ပြန်လည်ရှာတွေ့ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

ဒီ Animation ဟာလည်း ပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာပါ။ ဒါ့အပြင် ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Animation Style ဟာလည်း ကောင်းမွန်နေတာကို တွေ့ရပြီး အမြင်လည်း ဆန်းသစ်နေပါတယ်။ ဒီ Animation ကိုတော့ လာမယ့်နိုဝင်ဘာလ (၂၃)ရက်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီ Animation ဟာလည်း စောင့်ကြည့်သင့်တဲ့ Animation တစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular