HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Disney ရဲ့ Strange World Animation

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Disney ရဲ့ Strange World Animation

Disney စတူဒီယိုကတော့ Strange World ဆိုတဲ့ Animation တစ်ခုကို ထွက်ရှိသွားဦးမှာ ဖြစ်ပြီး မကြာခင်သေးခင်ကပဲ အဲဒီ Animation ရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Searcher Clade ဆိုတဲ့ စူးစမ်းရှာဖွေသူတစ်ယောက်ဟာ ထူးဆန်းတဲ့ သတ္တဝါတွေ တည်ရှိနေတဲ့ လောကတစ်ခုကို ရောက်သွားပြီး သူတို့မိသားစုဟာ အရေးကြီးတဲ့ မစ်ရှင်တစ်ခု ပြုလုပ်ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Disney စတူဒီယိုဟာ ဒီ Animation ကို ခေတ်ဟောင်း စိတ်ကူးယဉ်သိပ္ပံပုံစံနဲ့ ယခုခေတ် Animation စတိုင်တို့ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီ Animation ထဲမှာတော့ Jake Gyllenhaal က အသံသရုပ်ဆောင်အနေနဲ့ အဓိက ပါဝင်ထားပါတယ်။ ဒါရိုက်တာ Don Hall က ရိုက်ကူးထားတဲ့ Animation တစ်ကားဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာ Qui Nguyen ကလည်း ပါဝင်အားဖြည့်ထားပါတယ်။

ထွေလာရဲ့အစမှာတော့ အဖြူအမည်းနဲ့ ပြသသွားပြီး ဒီ Intro ကတော့ ၁၉၅၀ ခုနှစ်ကျော်လောက်က Intro ပုံစံမျိူး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Disney ရဲ့ ယခုခေတ်စတိုင်အဖြစ် ပြောင်းလဲသွားတာ တွေ့ရပြီး Searcher Clade ရဲ့ ယာဉ်ပျံကြီးဟာ လူသားတွေ မရောက်ရှိသေးတဲ့ နေရာတစ်ခုကို ရောက်ရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးအမည် မသိတဲ့ သတ္တဝါတွေမျိူးစုံကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

ဒီ Animation ကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Lightyear အပြီးမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Lightyear ရုပ်ရှင်ကတော့ ယခုလ (၁၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး Strange World ကတော့ လာမယ့် နိုဝင်ဘာလ (၂၃)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Disney ရဲ့ Animation အသစ် ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်တဲ့ Animation တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular