HomeEntertainmentFilmStranger Things Season 4 ထဲက မွန်းစတားကြီးဟာ Billy ဖြစ်နေမယ်ဆိုတဲ့ Fan Theory

Stranger Things Season 4 ထဲက မွန်းစတားကြီးဟာ Billy ဖြစ်နေမယ်ဆိုတဲ့ Fan Theory

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Stranger Things Season 4 ကတော့ မေလ (၂၇)ရက်နေ့မှာ Netflix က စတင်ပြသတော့မှာ ဖြစ်ပါတယ်။ အစောပိုင်းကလည်း Season 4 ရဲ့ ထွေလာ ထွက်ရှိလာခဲ့ပြီး အဲဒီထွေလာထဲမှာတော့ မွန်းစတားကြီးတစ်ကောင်ကို မြင်တွေ့ခဲ့ရသလို Max ကလည်း လေပေါ်မြောက်တက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ တချို့ပရိသတ်တွေ ခန့်မှန်းနေကြတဲ့ သီအိုရီတစ်ခုအရ အဲဒီမွန်းစတားမိစ္ဆာကြီးဟာ Billy ဖြစ်နေမယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Vecna နဲ့ ပတ်သက်ပြီး သိသင့်သမျှ

photo via screenrant

ဒီမွန်းစတားကြီးရဲ့ ပုံပန်းသဏ္ဍာန်ကတော့ Dungeons & Dragons ဂိမ်းထဲက Vecna ဆိုတဲ့ သတ္တဝါနဲ့ ဆင်တူနေပြီး Season 4 ထဲက အပိုင်းတစ်ပိုင်းရဲ့ အမည်ကလည်း Vecna ပဲ ဖြစ်ပါတယ်။ မူလတုန်းကတော့ သူဟာ စွမ်းအားကြီးတဲ့ မှော်ဆရာတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူသားနဲ့မိစ္ဆာ ရောစပ်ထားတဲ့ မသေမျိူးတစ်ယောက် ဖြစ်လာပြီး သေခြင်းတရားကို ရှောင်ကွင်းဖို့ မှော်ပညာကို အသုံးပြုခဲ့သူ ဖြစ်ပါတယ်။ Vecna ဟာ သူ့ရဲ့လက်ရုံးဖြစ်သူ Kas ကို သူ့ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်ဖို့ မှော်ဓားတစ်ချောင်းကို ပေးအပ်ခဲ့ပါတယ်။ Kas ဟာ အဲဒီဓားကြောင့်ပဲ Vecna ကို သစ္စာဖောက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Vecna ဟာ သေဆုံးသလို ဖြစ်သွားပြီး အောက်လမ်းမှော်ပညာတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့မျက်လုံးတစ်လုံးနဲ့ လက်တစ်ဘက်ပဲ မှော်ပစ္စည်းအဖြစ် ကျန်ရှိခဲ့ပါတယ်။

Dungeons & Dragons ဂိမ်းထဲက ဇာတ်လမ်းအရ ဆိုရင်တော့ အဲဒီမျက်လုံး (သို့မဟုတ်) လက်ကို ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အစားထိုးလိုက်ရင် စွမ်းအားတွေ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုလုပ်လိုက်ရင် တဖြည်းဖြည်းနဲ့ အဲဒီလူဟာ Vecna ရဲ့ Host ဖြစ်လာမှာ ဖြစ်ပါတယ်။ Season 4 ထဲမှာတော့ Vecna’s Curse ဆိုတဲ့ အပိုင်းလည်း ပါဝင်နေတာကြောင့် အနည်းဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ကတော့ Vecna ရဲ့ကျိန်စာ မိသွားမယ်လို့ ယူဆရပါတယ်။ ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ အဲဒီဇာတ်ကောင်ဟာ Max ဖြစ်နေနိုင်ပါတယ်။

Season 4 မှာ ပြန်လည်ပါဝင်လာနိုင်တဲ့ Billy

photo via screenrant

Billy ဟာ Season 3 ထဲမှာ သေဆုံးသွားပေမယ့်လည်း Season 4 မှာ ပြန်လည်ပါဝင်လာနိုင်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ Season 4 ထဲက အပိုင်းတစ်ခုရဲ့ အမည်ကတော့ “Dear Billy” ဖြစ်တာကြောင့် ပရိသတ်တွေဟာ နောက်ကြောင်းပြန်တဲ့အနေနဲ့ပဲ ဖြစ်ဖြစ် Billy ကို ထပ်မြင်ရဦးမယ်လို့ ယူဆနေကြပါတယ်။ Billy နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Dacre Montgomery ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ရုပ်ရှင်မိတ်ကပ်ပြင်နေတဲ့ပုံကို အွန်လိုင်းပေါ် တင်ခဲ့ပါသေးတယ်။ လောလောဆယ်မှာတော့ Dacre ဟာ တခြားရုပ်ရှင်တွေမှာ ပါဝင်ဖို့ မရှိသေးတာကြောင့် Season 4 မှာ Billy အဖြစ် ပြန်လည်ပါဝင်လာဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

Billy က Vecna ဖြစ်နေမယ်ဆိုတဲ့ သီအိုရီ

photo via screenrant

Billy ဟာ အလွယ်တကူ ကြိုးကိုင်လှည့်စားနိုင်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း Season 3 ကတည်းက Upside Down ဟာ သိရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Upside Down ဟာ Billy ရဲ့ သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ Host အဖြစ် အသုံးပြုနေတာ ဖြစ်နိုင်သလို တစ်နည်းနည်းနဲ့ Billy ကို ပြန်လည်အသက်သွင်းပြီး လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက် ဖြစ်လာစေတာလည်း ဖြစ်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားသလိုပဲ Dacre Montgomery ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရုပ်ရှင်မိတ်ကပ် ပြင်နေတဲ့ပုံကို အွန်လိုင်းပေါ် တင်ခဲ့ပြီး ဘာပရောဂျက်အသစ်မှ မရှိသေးတာကြောင့် သူဟာ Vecna နေရာမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ယူဆနေကြပါတယ်။ ဒါတင် မကသေးဘဲ ဒီဇာတ်လမ်းတွဲကို ဖန်တီးသူတွေကတော့ Vecna ကို Stephen King ရဲ့ It ထဲက Pennywise ကို အခြေခံပြီး ဖန်တီးထားတာလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Vecna ဟာ သူ့ရဲ့သားကောင်တွေကို Pennywise လိုမျိူးပဲ လှည့်စားခေါ်ဆောင်ပြီး အကြောက်တရားကို အသုံးချသွားမယ်လို့ ယူဆရပါတယ်။

photo via screenrant

ဒါ့အပြင် Vecna ဟာ Billy ရဲ့ မှတ်ဉာဏ်တွေ ရှိနေတာကြောင့် အဲဒီအားသာချက်ကို အသုံးပြုပြီး Max အပါအဝင် တခြားဇာတ်ကောင်တွေကို လှည့်စားသွားလိမ့်မယ်လို့ ဆိုပါတယ်။ Max ကတော့ Billy နဲ့ အနီးစပ်ဆုံးရှိခဲ့သူတစ်ယောက် ဖြစ်တာကြောင့် Vecna က သူမကို ကျိန်စာတိုက်ဖို့အတွက် Billy ရဲ့ မှတ်ဉာဏ်တွေကို အသုံးပြုသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီသီအိုရီနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေကတော့ နှစ်ခု ရှိပါတယ်။ အဲဒါကတော့ Vecna ကိုယ်တိုင်က Billy ဖြစ်နေတာနဲ့ နောက်တစ်ခုကတော့ Upside Down က Billy ရဲ့ ခန္ဓာကိုယ်ကို Host အဖြစ် အသုံးချသွားမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular