HomeEntertainmentFilmStranger Things Season 4 ထဲမှာ Max က စွမ်းအားတွေ ရသွားမှာလား?

Stranger Things Season 4 ထဲမှာ Max က စွမ်းအားတွေ ရသွားမှာလား?

Stranger Things Season 4 ရဲ့ ထွေလာအသစ်ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Max ဟာ Billy ရဲ့ အုတ်ဂူရှေ့မှာ လေပေါ်ပျံတက်သွားတာ တွေ့လိုက်ရပါတယ်။ ဒါဟာ မွန်းစတားတစ်ကောင်ကို ပြသခဲ့တာ ပြီးရင်တော့ ပရိသတ်တွေအတွက် အတော်လေး စိတ်ဝင်စားစရာ ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Season 4 ထဲမှာ Max က စွမ်းအားတွေ ရသွားမှာလား၊ ဒါမှမဟုတ် ဘာကြောင့် လေပေါ်ပျံတက်သွားတာ ဖြစ်နိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

ဒီထွေလာရဲ့ အစမှာတော့ Max ဟာ Billy ကွယ်လွန်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးက ပြောင်းလဲသွားတဲ့အကြောင်း Billy ဆီ ရေးသားထားတဲ့ စာကို Billy ရဲ့ အုတ်ဂူရှေ့မှာ ဖတ်ပြနေပါတယ်။ သိပ်မကြာခင်မှာပဲ Max ဟာ Steve ၊ Dustin ၊ Lucas တို့နဲ့အတူ Billy ရဲ့ အုတ်ဂူရှေ့မှာ ရှိနေပြီး နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူမဟာ မှော်ဆန်ဆန်ပဲ လေပေါ်ပျံတက်သွားတာကို မြင်တွေ့လိုက်ရပါတယ်။

photo via screenrant

ဒီထွေလာထဲမှာတော့ Max ကို Upside-Down ထဲမှာ ပြေးလွှားနေတာ မြင်တွေ့ခဲ့ရပြီး လူသတ်မှုဖြစ်ခဲ့တဲ့ Creel အိမ်ကြီးထဲက ရှေးဟောင်းနာရီကြီးကိုလည်း သူမဘာသာ ရှာတွေ့သွားပါတယ်။ လောလောဆယ်မှာတော့ အဲ့ဒီနာရီဟာ Upside-Down နဲ့ ဆက်သွယ်နေတဲ့ ပေါ်တယ်တစ်ခု ဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ဒါကြောင့်ပဲ Max ဟာ Upside-Down နဲ့ ပတ်သက်တဲ့ အရာတစ်ခုခုကြောင့် စွမ်းအားတွေ ရရှိသွားတယ်လို့ ယူဆနိုင်ပါတယ်။

နောက်ထပ် ခန့်မှန်းချက်တစ်ခုကတော့ Max ဟာ ယခုလိုမျိူး လေပေါ်ပျံတက်သွားတာဟာ Billy ရဲ့ အုတ်ဂူရှေ့မှာ ဖြစ်တာကြောင့် Billy ရဲ့ ဝိဉာဉ်က Max ကို ဝင်ပူးသွားတာလို့လည်း ပြောဆိုနေကြပါတယ်။ Billy ဟာ သေဆုံးသွားတုန်းက Mind Flayer ရဲ့ ပူးကပ်ခြင်းကို ခံထားရတာကြောင့် သူ့ရဲ့ဝိဉာဉ်ကိုလည်း Mind Flayer က ထိန်းချုပ်ထားတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

photo via screenrant

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ မွန်းစတားကြီးရဲ့ လက်ချက်လည်း ဖြစ်နေနိုင်ပါတယ်။ Creel အိမ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကတော့ Victor Creel ဟာ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို သတ်ပစ်ခဲ့တာ ဖြစ်ပြီး Victor ရဲ့ ပြောစကားအရ ဒီလူသတ်မှုတွေ ဖြစ်နေတဲ့အချိန်မှာ သူ့ကိုတစ်ခုခုက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Creel အိမ်ထဲက ရှေးဟောင်းနာရီကြီးဟာ Upside-Down နဲ့ ဆက်သွယ်ထားတဲ့ ပေါ်တယ်တစ်ခု ဖြစ်နေနိုင်ပြီး ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ မွန်းစတားကြီးကတော့ အဲဒီပေါ်တယ်ကနေတဆင့် Victor ရဲ့ စိတ်ကိုထိန်းချုပ်ကာ လူသတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်နိုင်ပါတယ်။

photo via screenrant

ဒါမှမဟုတ် Victor ကို ပူးကပ်ခဲ့တာမျိူးလည်း ဖြစ်နိုင်ပါတယ်။ ထို့နည်းတူပဲ ဒီမွန်းစတားကြီးဟာ Max ကိုလည်း ထိန်းချုပ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီဇာတ်ဝင်ခန်းကို မြင်တွေ့ရတဲ့ အချိန်မှာတော့ Steve ၊ Dustin နဲ့ Lucas တို့ဟာ အံ့ဩတယ် ဆိုတာထက် ကြောက်ရွံ့နေတဲ့ပုံစံ ဖြစ်နေပါတယ်။ တကယ်ဆို သူတို့သုံးယောက်ဟာ Max က စွမ်းအားတွေ ရရှိသွားတာကို သိလိုက်ရင် အံ့ဩရုံလောက်ပဲ ဖြစ်သင့်တာပါ။

ဒါပေမယ့်လည်း ပုံစံက ကြောက်ရွံ့နေတဲ့ပုံစံ ဖြစ်နေတာကြောင့် Max ဟာ စွမ်းအား ရရှိသွားတာ မဟုတ်ဘဲ မွန်းစတားကြီး၊ ဒါမှမဟုတ် Billy က ဝင်ရောက် ပူးကပ်ခဲ့တာမျိူး ဖြစ်နေနိုင်ပါတယ်။ ယခုဖော်ပြသွားတာတွေကတော့ Max က စွမ်းအားတွေ ရရှိသွားတာလားဆိုတဲ့ အပေါ်မှာ ပရိသတ်တွေရဲ့ ထင်မြင်ချက်တချို့နဲ့ ဖြစ်နိုင်ချေ ရှိတာတွေကို ဖော်ပြသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေက တကယ်မှန်နေမလား ဆိုတာကတော့ ဇာတ်လမ်းတွဲ ထွက်ရှိလာတဲ့အထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular