HomeEntertainmentFilmStranger Things Season 4 ထွေလာအသစ်ထဲက မွန်းစတားကြီးဟာ ဘယ်သူလဲ??

Stranger Things Season 4 ထွေလာအသစ်ထဲက မွန်းစတားကြီးဟာ ဘယ်သူလဲ??

Stranger Things Season 4 ရဲ့ ထွေလာအသစ်ကတော့ မကြာခင်ကပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ ပရိသတ်တွေကို Season 4 အတွက် ပိုပြီး Hype သွားစေမယ့် အချက်တွေများစွာ ပါဝင်နေပါတယ်။ အဲ့ဒီထဲမှာတော့ မွန်းစတားကြီးတစ်ကောင်လည်း ပါဝင်နေပြီး ဒီမွန်းစတားကြီးဟာ ယခင်က ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ဖူးတဲ့ သတ္တဝါတွေနဲ့ လုံးဝမတူညီပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အဲ့ဒီမွန်းစတားကြီးအကြောင်း စိတ်ဝင်စားစရာတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီထွေလာကို မကြည့်ရသေးရင်တော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

ဒီမွန်းစတားကတော့ Upside-Down ထဲက တခြားမွန်းစတားတွေနဲ့ မတူညီဘဲ လူသားပုံစံမျိူး ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ Upside-Down ထဲမှာ နေထိုင်တဲ့ လူသားရဲ့ပုံစံက ဒီလိုဖြစ်နေတယ်လို့ ခန့်မှန်းကြတာ ရှိသလို တချို့တွေကလည်း သာမန်လူတစ်ယောက်ဟာ Upside-Down ထဲမှာ ပိတ်မိသွားပြီး အချိန်တွေ ကြာလာတဲ့အခါမှာ ယခုလိုမျိူး ပြောင်းလဲသွားတယ်လို့ ယူဆနေကြပါတယ်။

ဒီမွန်းစတားကြီးရဲ့ ပုံပန်းသဏ္ဍာန်ကတော့ Dungeons & Dragons ဂိမ်းထဲက Vecna ဆိုတဲ့ သတ္တဝါနဲ့ ဆင်တူနေပြီး ဒီနာမည်ဟာလည်း Season 4 ထဲက အပိုင်းတစ်ပိုင်းရဲ့အမည် ဖြစ်ပါတယ်။ ဂိမ်းထဲက ဇာတ်လမ်းအရ ဆိုရင်တော့ Vecna ဟာ အောက်လမ်းမှော်ပညာကို ရှာဖွေနေတဲ့ စုန်းတစ်ယောက် ဖြစ်ပြီး သူ့ကိုယ်သူ Lich လို့ခေါ်တဲ့ မသေမျိူးသတ္တဝါအဖြစ် ပြောင်းလဲခဲ့ပါတယ်။ Vecna ဟာ သူ့ရဲ့လက်ရုံးဖြစ်သူ Kas ကို သူ့အေးဂျင့်အဖြစ် ဆောင်ရွက်ဖို့အတွက် မှော်ဓားတစ်ချောင်းကို ပေးအပ်ခဲ့ပြီး Kas ဟာ အဲ့ဒီဓားကြောင့်ပဲ Vecna ကို သစ္စာဖောက်ခဲ့ပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Vecna ဟာ သေဆုံးသလို ဖြစ်သွားပြီး အောက်လမ်းမှော်ပညာတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့မျက်လုံးတစ်လုံးနဲ့ လက်တစ်ဘက်ပဲ မှော်ပစ္စည်းအဖြစ် ကျန်ရှိခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုကတော့ Vecna နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကို ပုံနှိပ် ဖော်ပြခဲ့တာကတော့ ၁၉၈၆ ခုနှစ် နှောင်းပိုင်းမှာပဲ ဖြစ်ပြီး Season 4 ကလည်း အဲ့ဒီအချိန်မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Vecna ကို D&D ထဲကလိုမျိူးပဲ ပုံဖော်သွားမှာလား ဆိုတာတော့ သေချာမသိရသေးပေမယ့်လည်း သေချာတာ တစ်ခုကတော့ ဒီကလေးတစ်စုဟာ D&D ကို အစွဲပြုပြီး ဒီမွန်းစတားကြီးကို Vecna လို့ပဲ ခေါ်ဝေါ်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular